ဂိမ်းဝါသနာရှင် ကွီးတို့အတွက်တော့ ဂိမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို အမြဲတမ်း ဆန်းသစ်တာတွေ လိုချင်ကြမှာပါ။ ဒီနေ့ခေတ် နည်းပညာရဲ့ မြင့်မားမှုကြောင့် ဂိမ်းတွေရဲ့ အမိုက်စား Graphics တွေနဲ့ ဖန်တီးမှုတွေက တော်တော်လေးကို မိုက်လာပါတယ်။ ဒီလို အမိုက်စားဂိမ်းတွေကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကစားဖို့ဆိုရင် ဂိမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကလည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဒီအထဲမှာ နားကြပ်တွေကလည်း အပါအဝင်ပါပဲ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဂိမ်းထဲမှာ အပြည့်အဝစီးမြောနိုင်အောင် ပံ့ပိုးပေးနိုင်မယ့် အရည်အသွေးမြင့် နားကြပ် တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
Razer BlackShark V2

Photo : PC Gamer
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ Gaming Headphone ကတော့ Razer BlackShark V2 ပဲဖြစ်ပါတယ်။ ကောင်းမွန်သော အသံစွမ်းရည်ကို ပေးစွမ်းနိုင်ပြီး ၎င်းမှာ ပါဝင်တဲ့ 50mm TriForce Titanium drivers များက တုန်ခါသံများကို အချင်းချင်း အနှောင့်အယှက်မဖြစ်အောင် သီးခြားအပေါက်များဖြင့် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် ၎င်းရဲ့ တည်ဆောက်မှုပုံစံ၊ တပ်ဆင်အသုံးပြုရတာ မယုံနိုင်လောက်အောင် သက်တောင့်သက်သာရှိမှု၊ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားသော အသံစွမ်းဆောင်ရည်တို့ကိုက Gamers တွေအကြိုက်ပါပဲ။ တစ်ခုရှိတာက ဒီနားကြပ်က Wireless တော့ မဟုတ်ပါဘူး။
Corsair HS55 Stereo

Photo : PC Gamer
ဒီနားကြပ်ကလည်း ပိုမိုကောင်းမွန်သော သက်တောင့်သက်သာရှိမှုနဲ့ စွဲမက်ဖွယ်ကောင်းသော အသံစွမ်းရည်တို့ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ပျော့ပျောင်းပြီး ပေါ့ပါးသော အလေးချိန်နဲ့ ဖြုတ်တပ်နိုင်သော မိုက်တို့ ပါရှိပါတယ်။ ၎င်းရဲ့ ပေါ့ပါးတဲ့ အလေးချိန်ကြောင့် သက်တောင့်သက်သာနဲ့ ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ ၎င်းတွင် ရိုးရှင်းသော ဒီဇိုင်းရှိပြီး အပိုလုပ်ဆောင်ချက်များ မပါရှိသော်လည်း ရွေးချယ်ဖို့ ကောင်းမွန်တဲ့ နားကြပ် အမျိုးအစားပါပဲ။ ၎င်းကလည်း Wireless နားကြပ်တော့ မဟုတ်ပါဘူး။
HyperX Cloud Alpha Wireless

Photo : PC Gamer
လွတ်လွတ်လပ်လပ် ဂိမ်းဆော့ချင်လို့ Wireless နားကြပ်ပဲ လိုချင်တယ်ဆိုရင် HyperX Cloud Alpha Wireless နားကြပ်ရှိပါတယ်။ ၎င်းက PC ဂိမ်းဆော့ရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။ ၎င်းတွင် ကောင်းမွန်သောအသံ၊ ပြတ်သားသောမိုက်နှင့် DTS ပတ်လည်အသံတို့ ပါရှိပါတယ်။ ဒါ့အပြင် နာရီ ၃၀၀ ကျော် ခံတဲ့ ကြာဘက်ထရီသက်တမ်းနှင့်အတူ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတာကြောင့် အချိန်ကြာကြာ ဂိမ်းဆော့တတ်တဲ့ သူတွေအတွက်တော့ အကိုက်ပါပဲ။
Beyerdynamic DT 900 Pro X

Photo : PC Gamer
ကောင်းမွန်သော ဒီဇိုင်းနဲ့ တည်ဆောက်မှုတို့အပြင် သက်တောင့်သက်သာရှိမှုတို့ကို ပေးစွမ်းနိုင်တာကတော့ Beyerdynamic DT 900 Pro X နားကြပ်ပါပဲ။ ဒီနားကြပ်က Wireless မဟုတ်သော်လည်း အံ့သြဖွယ်ကောင်းသော အသံစွမ်းဆောင်ရည် နဲ့ ဘယ်လိုစက်မျိုးနဲ့ မဆို ချိတ်ဆက် အသုံးပြုနိုင်တာကြောင့် ဂိမ်းကစားရန်အတွက် ကောင်းမွန်ပါတဲ့ ရွေးချယ်မှုပါပဲ။ ဒါ့အပြင် ၎င်းရဲ့ တည်ဆောက်ပုံအရ ကြီးမားသော စက်ဝိုင်းပုံ velor pads များက နားရွက်များကို လုံး၀ ဖုံးအုပ်ထားပြီး မျက်ကပ်မှန်တပ်ထားသော ဂိမ်းကစားသူများလည်း အဆင်မပြေမှုမျိုး ကြုံတွေ့ရမည်မဟုတ်ပါ။
အခုဖော်ပြပေးလိုက်တာကတော့ Gamers ကွီးတို့အတွက် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဂိမ်းထဲမှာ စီးမြောကစားနိုင်ဖို့ အကောင်းဆုံး Gaming Headsets တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်တွေ့တဲ့ Headsets ရော ပါပါသလား။
Source : PC Gamer
Featured Photo : Razer
