ထိုင်ဝမ်အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ HTC ကတော့ ယနေ့အထိအတိုင် စမတ်ဖုန်း လောကထဲမှာ ရှင်သန်နေဆဲ Brand တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။ ဒီနေ့မှာတော့ HTC ကနေ စိတ်ဝင်စားစရာ အချက်တွေနဲ့ ပြည့်နှက်နေတဲ့ HTC U24 Pro လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်သွားခဲ့ပါတယ်။

HTC U24 Pro

Photo : GSMArena.com

HTC U24 Pro စမတ်ဖုန်း မှာ ၆.၈ လက်မ 1080×2436 OLED Touchscreen မျက်နှာပြင် တပ်ဆင်ပေးထားပြီး 120 Hz Refresh Rate နဲ့ အမျိုးအစား မသိရသေးတဲ့ Gorilla Glass ဖုံးအုပ်ပေးထားပါတယ်။ Chipset အနေနဲ့တော့ Snapdragon 7 Gen 3 SoC ကို မောင်းနှင်ထားပြီး 12GB RAM နဲ့ ထပ်မံတိုးချဲ့နိုင်တဲ့ 256GB Storage အတွဲအစပ်နဲ့ လာပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာ Android 14 ကို အသုံးပြုထားပြီး ရေဒဏ်ဖုန်ဒဏ် ခံနိုင်ရည်ရှိတဲ့ IP67 Rating အဆင့်သတ်မှတ်ချက် ပါရှိပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50 MP Main ကင်မရာနဲ့အတူ 8 MP f/2.2 Ultrawide ကင်မရာ နဲ့ 50 MP f/2 2x Optical Zoom Telephoto ကင်မရာတွေကို တွဲဖက်တပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ Autofocus ပါတဲ့ 50 MP f/2.45 Front-Facing ကင်မရာကို ထည့်သွင်းပေးထားပါတယ်။

Source : HTC

HTC U24 Pro စမတ်ဖုန်း ရဲ့ အရွယ်အစားကတော့ 167.1 x 74.9 x 8.98 mm ရှိပြီး အလေးချိန်အားဖြင့် ၁၉၈.၇ ဂရမ် ရှိပါတယ်။ ဘက်ထရီကတော့ 15W Wireless Charging စနစ်နဲ့ 60W Wired Charging စနစ် ပံ့ပိုးပေးထားတဲ့ 4,600 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် 5W Reverse Wireless Charging စနစ်လည်း Support ပေးထားပါသေးတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ Features အနေနဲ့ 3.5 မီလီမီတာ နားကြပ်ပေါက်ပါရှိပြီး HTC ရဲ့ ထုံးစံအတိုင်း ဖုန်းရဲ့အရှေ့ဘက်မှာ Two-Color Ntification LED မီးတစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။

HTC U24 Pro

Photo : GSMArena.com

HTC U24 Pro စမတ်ဖုန်း ရဲ့ ဈေးနှုန်းကတော့ ဥရောပနိုင်ငံတွေဘက်မှာ ယူရို ၅၆၄ ဝန်းကျင်ခန့်နဲ့ ရောင်းချသွားမယ်လို့သိရပြီး အာရှနိုင်ငံတွေနဲ့ အခြားဈေးကွက်တွေမှာ ရောင်းချသွားဖို့ ရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Featured Photo : Gadgets 360