အိမ်ထောင်ပြုတယ်ဆိုတာ ပြောရတာလွယ်သလောက် တကယ်တွေးကြည့်လိုက်မယ်ဆိုရင် တော်တော်မလွယ်တဲ့ကိစ္စတခုပါ။ တစ်ချို့တွေကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေးကိုပိုမိုခိုင်မြဲစေတယ်လို့ ယူဆထားကြပြီး တစ်ချို့တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့အခါ ပြိုကွဲနိုင်ချေများတယ်လို့ ယူဆထားကြပါတယ်။

Kwee page ကဒီနေ့ အိမ်ထောင်ပြုဖို့အတွက် ဘာတွေကို အရင်ဆုံးစဉ်းစားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ချစ်သူချင်းဆက်ဆံရေးကို ပြန်သုံးသပ်ပါ

Source: Club31Women

မိမိချစ်ရတဲ့သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။

ဆက်ဆံရေးကို ဆန်းစစ်ကြည့်ပါ

Source: Lucas Kraus Photography

ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။

  • တကယ်ချစ်တာလား
  • တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလား
  • သူနဲ့အတူရှိချိန် ပျော်ရွှင်ရဲ့လား
  • သူက ကိုယ့်အပေါ်ကောင်းရဲ့လား
  • ဘဝအတွက် ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေတူသလား

ကိုယ်နဲ့သဟဇာတဖြစ်ရဲ့လား စတဲ့အချက်တွေက တစ်သက်လုံးလက်မတွဲခင် တွေးကြည့်သင့်တဲ့အရာတွေပါ။

မိမိကို လေးစားမှုရှိလား

Source: For Your Marriage

လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင်နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။

ရင်းနှီးပွင့်လင်းတဲ့သူတွေဖြစ်ပြီလား

Source: The Cyprus Wedding Photographer

ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးနိုင်ပြီဆိုရင် သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

ဘဝနှစ်ခုပေါင်းစည်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင် ရှိနေမယ်ဆိုရင် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်နိုင်မှာ အမှန်ပါပဲ။