ကွီးတို့ ညီလေးသာ ဆိုဒ်ပြည့် ဂိုက်ပြည့် နဲ့ဆိုရင် ကွီးတို့လည်း ကိုယ့်ရဲ့ စကီလေး ရှေ့မှာ လုံးဝ မျက်နှာ မငယ်ရပါဘူး။ မျက်နှာ မငယ်ဖို့နဲ့ ကိုယ့်ရဲ့ ညီလေး ဆိုဒ်ပြည့် ဂိုက်ပြည့် ဖြစ်နေဖို့ ကွီးတို့ဆီမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ဒီအတိုင်းကြီး ပစ်ထားလို့ မရပါဘူး။ သူ့ဘာသာသူ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ပစ်ထားလိုက်လို့ကတော့ ညီလေးက လူစဥ် မမှီတဲ့ ညီလေး ဖြစ်သွားပြီး ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘဲ ဖြစ်သွားပါလိမ့်မယ်။

အဲ့ဒီလို မဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ ညီလေးကို ဆိုဒ်ပြည့် ဂိုက်ပြည့် နဲ့ ကွန်းဖီးဒန့် အပြည့် ရှိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သေချာလိုက်လုပ်ဖို့ လိုအပ်ပါတယ်။

(၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ

ဟင်းသီးဟင်းရွက်

ကွီးတို့ရေ လိင်တံ ကျန်းမာပြီး ရှည်လျားစေရန်အတွက် Antioxidants ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများစားပေးဖို့ လိုအပ်ပါတယ်။ ထိုသစ်သီးနဲ့ ဟင်းသီးဟင်းရွက်များတွင် ပါဝင်တဲ့ ဒြပ်စင်များက သွေးကြောများတွင် ဖြစ်ပေါ်လာသော ဖရီးရယ်ဒီကယ်များ (ခန္ဓာကိုယ်ကို ပျက်စီးစေသော ဒြပ်စင်များ) ကို တိုက်ဖျက်ရာတွင် အလွန်အသုံးဝင်ပါတယ်။ ထို့အပြင် Antioxidants များက သွေးကြောများကို သန်မာစေရန် ကူညီပေးနိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အဆိုပြုထားတဲ့ လိင်တံကို ကျန်းမာသန်စွမ်းပြီး ကြီးထွားစေမဲ့ အစားအစာ အချို့ကတော့ ဟင်းနုနွယ်ရွက်၊ ပန်းသီး၊ မုန်လာဥနီ၊ ထောပတ်သီး၊ Oak ၊ ခရမ်းချဉ်သီး စတာတွေပဲ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုများကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင်ပါ

ဆိုဒ်ပြည့် ဂိုက်ပြည့်

စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများက ကွီးတိုရဲ့ လိင်မှုရေးရာမှာ ထိခိုက်စေသည်သာမက လိင်တံ အရွယ်အစားကိုပါ လျော့ကျနိုင်တယ်ဆိုတာ သိပါသလား။ ဒါကြောင့် ကွီးတို့အနေနဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာကို အထူးအလေးပေးပြီး ပြုမူနေထိုင်ပါ။ တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာလေးတွေကို အချိန်ပေးပြီး ပြုလုပ်ပါ။ ဒီနည်းလေးတွေကို အသုံးပြုခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည်သာမက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး လိင်တံကို ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

(၃) လေ့ကျင့်ခန်း ပြုလုပ်ဖို့ မပျင်းပါနဲ့

ဆိုဒ်ပြည့် ဂိုက်ပြည့်

လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး လိင်တံကို ရှည်စေကာ ကျန်းမာစေပါတယ်။ အခါအားလျော်စွာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးကြောများကို သန်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကောင်းမွန်စေပါတယ်။

ကွီးတို့ရဲ့ ညီလေးကို ဆိုဒ်ပြည့် ဂိုက်ပြည့်နဲ့ အရွယ်အစား ကြီးမားလာအောင် ကူညီပေးနိုင်တဲ့ အခြားသော နည်းလမ်းများလည်း ရှိပါသေးတယ်။ ဆေးထိုး၊ ဆေးသောက်ခြင်း၊ ခွဲစိတ်ပြီး ကြီးလာအောင် ဖန်တီးခြင်း အစရှိတဲ့ နည်းလမ်းများပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိုနည်းလမ်းများက အခန့်မသင့်ရင် အန္တရာယ် ဖြစ်နိုင်တဲ့အတွက်ကြောင့် အခုဖော်ပြသွားတဲ့ သဘာဝနည်းလမ်းများနဲ့သာ သဘာဝအတိုင်း အရွယ်အစား ကြီးမားလာအောင် ဖန်တီးတာက ဘေးအကင်းဆုံးပါပဲ။

ကွီးတို့ရော ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ကိုယ့်ညီလေးရဲ့ အရွယ်အစားကို ကြီးမားလာအောင် ကြိုးစားချင်ပါသလဲ။

Source : New York Post

Featured Photo : Freepik