မိုဘိုင်းလ်ဂိမ်းများသည် ဗီဒီယိုဂိမ်းများနေရာမှာ အစားထိုးဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ယနေ့ခေတ်မှာ ပိုမိုခေတ်စားပါတယ်။ မိုဘိုင်းဂိမ်းများဖြင့် အဖွဲ့လိုက် ဆော့ကစားခြင်းသည်လည်း ကွီးတို့ကြား ရေပန်းစားပြီး ထိုကဲ့သို့ အသင်းအဖွဲ့လိုက် ဆော့ကစားခြင်းသည် အသင်းလိုက် လုပ်ဆောင်တတ်ခြင်းကိုလည်း တစ်မျိုးတစ်ဖုံ သင်ကြားပေးနေရပါတယ်။ အက်ရှင်ဂိမ်းများ၊ ဖိုက်တင်ဂိမ်းများဖြင့် အကြမ်းစားဆော့ကစားနိုင်ပြီး စိတ်ကြိုက် ဆိုး ချင်သလောက် ဆိုးနိုင်တဲ့ အက်ရှင် ဂိမ်း တွေကလည်း အများကြီးရှိပါတယ်။
အပြင်မှာတော့ ရိုးသားတဲ့ ဖိုးသခွားလေးဆိုပေမယ့် ဂိမ်းထဲမှာတော့ ဗီလိန်နေရာကနေလည်း ဆိုး သင့်တန်ဆိုးရပြီး ဂိမ်း ထဲမှာပဲဆိုတော့ ဘာကိုမှလည်း မှုနေစရာမလိုတာကတော့ အားသာချက်ပါပဲ။ အကြမ်းစား အလန်းစားတွေကိုမှ ဆော့ကစားချင်တဲ့ ကွီးတို့အတွက် အမိုက်စား အက်ရှင်ဂိမ်းများကတော့ ……..
Mortal Kombat X

Mortal Kombat X ဂိမ်းကတော့ လက်ရှိ မိုဘိုင်းဂိမ်းများ ကြားထဲတွင် ရေပန်းစားနေတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သုံးယောက် တစ်ဖွဲ့၊ အခြားသုံးယောက် တစ်ဖွဲ့ဖြင့် ယှဥ်ပြိုင် ဆော့ကစားနိုင်ပြီး အခြားသောအဖွဲ့ကို စိန်ခေါ်နိုင်ပါတယ်။ ဂိမ်းကစားနေစဥ်အတွင်းမှာလည်း မဟာမိတ်များထံမှ အကူအညီ ရယူနိုင်ပါသေးတယ်။ ကွီးတို့အနေနဲ့ ဆုလာဘ်တွေ အများကြီး ရချင်တယ်ဆိုရင်တော့ Quest Mode နဲ့လည်း ဆော့ကစားနိုင်ပါတယ်။
Fortnite

Fortnite ဂိမ်းကတော့ PUBG ကိုတော့ ကာလာစုံတဲ့ ဗားရှင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဂိမ်းထဲမှာ သင်သည် တစ်ယောက်တည်း ကျန်ခဲ့ရင်တောင်မှာ မနိုင် နိုင်အောင် ဆော့ကစားရမှာဖြစ်ပြီး တစ်ယောက်တည်းလည်း ဆော့ကစားနိုင်သလို နှစ်ယောက်တွဲ၊ အဖွဲ့လိုက် စသည်ဖြင့် ဆော့ကစားနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ သတ်မှတ်ချိန်အတွင်းမှာ နိုင်အောင် ဆော့ဖို့ လိုအပ်ပါတယ်။
Shadowgun Legends

ဒီဂိမ်းကို ဆော့ကစားသင့်တဲ့ အကြောင်းအရင်းများကတော့ မစ်ရှင်တွေ အများကြီး ပေးထားခြင်း၊ Settings အများကြီး ပါဝင်ခြင်း၊ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးထားခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။ ဂြိုလ်သားများကို နှိမ်နင်းရမှာဖြစ်ပြီး သူတို့ရဲ စွမ်းအားမြင့် လက်နက်များကိုလည်း ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။
Modern Combat 5

ဒီဂိမ်းထဲမှာတော့ ကွီးတို့သည် စူပါစစ်သားတစ်ယောက်အဖြစ် ဆော့ကစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ အဖွဲ့သားတွေအားလုံးကို ခေါင်းဆောင်ရမှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ အဖွဲ့သားများနှင့်အတူ အကြမ်းဖက်သမားများကို ချေမှုန်းရမှာဖြစ်ပြီး သူတို့ရဲ့ ရဟတ်ယာဥ်များကိုလည်း ပစ်ချရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်သူကိုလည်း စနိုက်ပါနှင့် ပစ်ခတ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အခြားသော အမိုက်စား မစ်ရှင်များလည်း ပါဝင်တာကြောင့် လက်မလွတ်တမ်း ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Brothers in Arms 3

Brothers in Arms 3 ဂိမ်းထဲမှာတော့ ကွီးတို့သည် သေနတ်အများကြီး ပိုင်ဆိုင်ထားမှာမဟုတ်ဘဲ ကိုယ်ပိုင်သေနတ်တစ်လက်တည်း ရှိမှာပါ။ ထိုသေနတ်ကို အဆင့်ပိုမြင့်လာအောင် Upgrade လုပ်လို့တော့ ရပါတယ်။ ထိုဂိမ်းမှာတော့ Single Player Mode လည်း ပါဝင်သလို အဖွဲ့လိုက် ပျော်ပျော်ပါးပါး ဆော့ကစားနိုင်တဲ့ Multiplayer Mode လည်း ပါဝင်ပါတယ်။
အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲမှာ နွဲ့ ဆိုး သွားဆိုးလို့တော့ မရဘူးနော်။ တကယ့်ကို ခပ်ကြမ်းကြမ်း ခပ်ဆိုး ဆိုး ဆော့ ကစားမယ်ဆိုမှသာလျှင် စတင်ဆော့ကစားသင့်တဲ့ ဂိမ်း တွေဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။
Source: Beebom
Featured Image: Cashkaro
