ဆီးကျိတ် ကင်ဆာ ဖြစ်ပွားခြင်းကို ဘယ်လိုနည်းလမ်းများနှင့် ကြိုတင်ကာကွယ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကတော့ လူအများစု သိချင်နေကြတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ သတင်းဆိုးကတော့ ကင်ဆာရောဂါဆိုတာကို ရှောင်လွှဲလို့ရတဲ့ နည်းလမ်း မရှိဘူးဆိုတာပါပဲ။ သို့သော် သတင်းကောင်းအနေနဲ့ ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချနိုင်ပါတယ်။
အစားအစာ စားသောက်မှုနှင့် လူနေမှု ပုံစံ

ဒီအချက်ကတော့ ကွီးတို့ လိုက်လုပ်နိုင်တဲ့ အရာပဲဖြစ်ပါတယ်။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားခြင်းမှ လျော့ချဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးရပါမယ်။
ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆီဓာတ် စားသုံးမှုကို လျော့ချပြီး အစေ့အဆံများ၊ ငါးများထံမှ ရရှိတဲ့ သဘာဝ အဆီဓာတ်ကို များများစားသုံးပါ။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဥ်သီး၊ သစ်သီးဝလံများ အစရှိသည်တို့ကို များများ စားသုံးဖို့ လိုအပ်ပါတယ်။ ပန်းဂေါ်ဖီနှင့် ပန်းပွင့်စိမ်းတို့တွင် ပါဝင်တဲ့ Sulforaphane ဓာတ်သည် ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကို အဝ မလွန်အောင် ထိန်းချုပ်ပါ

အဝလွန်ခြင်းရောဂါသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက် (လုံးဝ) ကို မကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားပါက ပျံ့နှံ့မှုလည်း ပိုမြန်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းက ကွီးတို့ကို ဘာကောင်းကျိုးမှ ပေးနိုင်တာမဟုတ်တဲ့အတွက်ကြောင့် မိမိရဲ့ ကိုယ်အလေးချိန်ကို အဝ မလွန်အောင် ငယ်ငယ်ကတည်းက ထိန်းသိမ်းသင့်ပါတယ်။ အသက် ၃၀၊ ၄၀ ကျော်လာလို့ ဗိုက်ကြီး ပူလာတဲ့အခါမှာလည်း မြန်မြန်ပြန်ထိန်းဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်သင့်တန် ပြုလုပ်ပါ။ လှုပ်ရှားမှု နည်းတဲ့ လူနေမှု ဘဝကို ရှောင်ကြဥ်ပါ။
ကွီးတို့ မထိန်းချုပ်နိုင်တဲ့ အရာများ

စောစောက ဖော်ပြခဲ့တဲ့ အချက်တွေကတော့ ကွီးတို့ ကိုယ်တိုင် ကြိုးကြိုးစားစားနဲ့ လိုက်လုပ်မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်နိုင်ပြီး ဆီးကျိတ် ကင်ဆာ ဖြစ်ပွားခြင်းကို ရာခိုင်နှုန်း တော်တော်များများ ကျသွားအောင် လျော့ချနိုင်ပါတယ်။ သို့သော် မျိုးရိုးကိုတော့ ကွီးတို့ ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကွီးတို့ရဲ့ မျိုးရိုးထဲမှာ ဆီးကျိတ်ကင်ဆာ ရောဂါ ရာဇဝင်မျိုး ရှိခဲ့ဖူးတယ်ဆိုရင် ကွီးတို့မှာလည်း ကြုံတွေ့ ခံစားရနိုင်ချေ အလားအလာများပါတယ်။
စောစောသိထားမယ်ဆိုရင်တော့ ကိုယ့်ဘက်က လက်ဦးမှု ရယူထားနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကျန်းမာရေး စစ်ဆေးမှုကို နှစ်စဥ်မှန်မှန် ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ဆီးကျိတ်ကင်ဆာသည် အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားများထံတွင် အဖြစ်များလေ့ရှိတဲ့အတွက်ကြောင့် အသက် တစ်နှစ်ထက် တစ်နှစ် ပိုမိုကြီးရင့်လာသည်နှင့်အမျှ ကိုယ့်ကိုယ်ကို ဂရုစိုက်မှုကို ပိုမို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
Source: Hopkinsmedicin
Featured Image: Sttammanyurology
