ဆီးကျိတ်ကင်ဆာ ရောဂါသည် အမျိုးသားများထံတွင် အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် ဖို့ရန်အတွက် အခုဖော်ပြမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းများကို အသုံးပြုပြီး သေချာ လိုက်နာကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ဆီးကျိတ် ကင်ဆာရောဂါကို ကြောက်နေစရာတောင် မလိုတော့ပါဘူး။ တစ်ဘဝလုံး ပျော်ရွှင်စရာကောင်းပြီး အနာ ရောဂါ ကင်းဝေးတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပါ

body weight

အဝလွန်သော အမျိုးသားများသည် ဆီးကျိတ်ကင်ဆာ ပိုအဖြစ်များတယ်ဆိုတာကို လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို အဝ မလွန်စေဖို့ ထိန်းညှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဝ လွန်လာပြီ၊ ခန္ဓာကိုယ်မှာ အဆီတွေ စုလာပြီလို့ သံသယ ရှိလာရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပြန်ထိန်းပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ

man exercise

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ယေဘုယျကျန်းမာရေးအတွက် အထောက်အကူ ပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ပိုမိုကျစ်လျစ်လာအောင် ကူညီပေးပြီး ခွန်အား တိုးပွားလာအောင်၊ ကြွက်သားများ ကျစ်လျစ်တောင့်တင်း လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါသေးတယ်။ စိတ်ခံစားချက်များကိုလည်း ကောင်းမွန်စေတဲ့အပြင် အမျိုးသားများတွင် အဖြစ်များတဲ့ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားခြင်းမှလည်း ကာကွယ် ပေးနိုင်ပါသေးတယ်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစားပါ

ဆီးကျိတ် ကင်ဆာ ကာကွယ်

ကွီးတို့ရဲ့ Diet စားသုံးမှုထဲတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများစားသုံး ပေးဖို့ လိုအပ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများ စားသုံးခြင်းသည် ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

တူးနေသော အသားများ ရှောင်ကြဥ်ပါ

ဆီးကျိတ် ကင်ဆာ ကာကွယ်

အသားများကို ကင်စားတဲ့အခါပဲဖြစ်ဖြစ်၊ ကြော်စားတဲ့အခါပဲဖြစ်ဖြစ် မီးပြင်းပြင်းနဲ့ ကြော်စား၊ ကင်စားတာတွေကို ရှောင်ကြဥ်သင့်ပါတယ်။ မီးပြင်းလွန်းပြီး အသားများ တူးသွားတဲ့အခါ ထိုတူးနေတဲ့ အသားများကို စားခြင်းက ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးမြှင့်စေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ တူးနေတဲ့ အသား ငါးများကို မစားမိဖို့ သတိထားသင့်ပါတယ်။

ဗီတာမင် ဒီ များများ မှီဝဲပါ

ဆီးကျိတ် ကင်ဆာ ကာကွယ်

ကွီးတို့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒီ ဓာတ် ပြည့်ဝနေအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ ဗီတာမင် ဒီ ဓာတ်ကို ရရှိပါက ကွီးတို့ဆီမှာ အဖြစ်များတဲ့ ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် ပေးနိုင်တယ်လို့ အချို့သော လေ့လာချက်များအရ သိရှိရပါတယ်။ ဆော်လမွန်ငါး၊ မှို စတဲ့ အစားအစာများထဲတွင် ဗီတာမင် ဒီဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သဘာဝ နေရောင်ခြည်ဒဏ်ကိုလည်း မနက် မိုးလင်းပိုင်းအချိန်တွေမှာ ခံယူဖို့ မမေ့ပါနဲ့။

ကွီးတို့ရော ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ဖို့အတွက် ဘယ်လိုမျိုး ပြုမူနေထိုင်ပါသလဲ။

Source: Ckbhospital.com

Featured Image: Lifecarehospital.ae