ဆီးချိုရောဂါသည် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ မညီညွှတ်ရာမှ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုရောဂါသည် အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ မျိုးရိုးလိုက်ခြင်း အစရှိသည်တို့ကြောင့် ခံစားရနိုင်ပါတယ်။ ကာဘိုဟိုက်ဒြိုက်များ လွန်ကဲစွာ ပါဝင်တဲ့ အစားအစာများ စားသုံးခြင်း၊ သကြားများလွန်းသော အစားအစာများ စားသုံးခြင်း၊ အဆီ အဆိမ့်များသော အစားအစာများ စားသုံးခြင်းတို့ကြောင့်လည်း ဆီးချိုရောဂါ ခံစားရနိုင်ပါတယ်။ တကယ်လို့ ကွီးတို့ဆီမှာ ဆီးချို ရောဂါ ရှိလို့ စိတ်ပူနေရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်းများဖြင့် ထိန်းချုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ နေထိုင် စားသောက်မှုပုံစံကို အနည်းငယ်လေး ပြောင်းလဲကြည့်လိုက်ရုံနဲ့တင် ကွီးတို့ရဲ့ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးပါ

ဆီးချို နည်းလမ်း

ကွီးတို့ဆီမှာ ဆီးချိုရောဂါ ရှိတယ်ဆိုရင်တော့ ဒီအချက်က အရေးအကြီးဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့စားသုံးလိုက်တဲ့ အစားအစာတိုင်းက သွေးတွင်းသကြားဓာတ်ကို ထိခိုက်စေနိုင်လို့ပါပဲ။ ဒါ့ကြောင့် ကွီးတို့ ခန္ဓာကိုယ်က လိုအပ်သလောက် အစားအစာကိုသာ စားသုံးရမှာပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆံများ များများစားသုံးပါ။ သကြားနှင့် အဆီဓာတ်များ လွန်ကဲစွာ ပါဝင်တဲ့ အစားအစာများကိုတော့ လျော့စားရပါမယ်။ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို ရွေးချယ်ပါ။ ဒါ့အပြင် ကွီးတို့စားသုံးလိုက်တဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်သည် သကြားအဖြစ်သို့ ပြောင်းလဲသွားတဲ့အတွက်ကြောင့် ကာဘိုဟိုက်ဒြိုက်ဓာတ် ပါဝင်တဲ့ အစားအစာများကိုလည်း လျော့စားသင့်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

ဆီးချို နည်းလမ်း

သင်သည် ယနေ့အချိန်အထိ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင်တော့ အခုအချိန်က အစပြုရမယ့်အချိန်ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Gym ခန်းမတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်စရာမလိုပါဘူး။ လမ်းများများ လျှောက်ပါ။ စက်ဘီးစီးပါ။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပြုလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ချွေးထွက်ပြီး နေလို့ထိုင်လို့ကောင်းသွားမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ ခန္ဓာကိုယ်သည် သွေးတွင်းသကြားဓာတ်များကို လျော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် တက်ခြင်းမှလည်း ကာကွယ်ပေးပြီး စိတ်ဖိစီးမှုများမှလည်း ကာကွယ်ပေးပါတယ်။

ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ

ဆီးချို နည်းလမ်း

ဆီးချို သမားများအနေနဲ့ ဆရာဝန်နှင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့် Checkups ပြုလုပ်ခြင်းသည်လည်း ဆီးချိုရောဂါကို ထိန်းထားနိုင်တဲ့ နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကိုလက်စတောပမာဏ၊ သွေးပေါင်ချိန်တို့ကို သေချာထိန်းညှိပါ။ ဒါ့အပြင် မျက်စိစမ်းသပ်ခြင်းကိုလည်း တစ်နှစ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ ခြေထောက်တွင် အနာများ ပေါက်ပါကလည်း ဆရာဝန်ထံ ကုသမှု ခံယူသင့်ပါတယ်။

စိတ်ဖိစီးမှုများကို ဖယ်ရှားပါ

ဆီးချို နည်းလမ်း

တကယ်လို့ ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေက မြင့်တက်မယ်ဆိုရင် ကွီးတို့ရဲ့ သွေးတွင်းသကြားဓာတ်သည်လည်း မြင့်မားလာမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးနေမယ်၊ စိတ်အားငယ်နေမယ်ဆိုရင် ကိုယ့်ရဲ့ ဆီးချိုကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ မေ့နေမယ်။ အစားအစာများကို အချိန်မှန် စားသုံးဖို့ မေ့နေမယ်၊ ဆေးဝါးများ မှန်မှန် မှီဝဲဖို့ မေ့နေတတ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို ဖယ်ရှားဖို့ရန်အတွက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးလိုက်ပါ။ မိမိ ဝါသနာပါရာကို အချိန်ပေးပြီး ပြုလုပ်ပါ။ မိမိပျော်ရွှင်ရာအတွက်လည်း အချိန်ပေးပါ။ အသက်ရှူ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ ယောဂ ကစားပါ။ တရားထိုင်ပါ။ မိမိရဲ့စိတ်ကို ငြိမ်အောင် ပြုလုပ်ခြင်းသည်လည်း စိတ်ဖိစီးမှုများကို ဖယ်ရှားနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

smoke

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ မျက်စိကွယ်ခြင်း၊ အမောဖောက်ခြင်း၊ ကျောက်ကပ်ရောဂါနှင့် သွေးကြောကျဥ်းရောဂါ၊ အာရုံကြောရောဂါ၊ ခြေထောက်နှင့် ပတ်သက်တဲ့ ရောဂါများ ခံစားရတတ်ပါတယ်။ တကယ်လို့ ကွီးတို့က ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သုံးမယ်ဆိုရင်တော့ ဆီးချိုရောဂါနှင့် ဆီးချိုနောက်ဆက်တွဲ ရောဂါများးကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မိမိစိတ်ကို နိုင်အောင် ထိန်းပြီး ဆေးလိပ်ကို ဖြတ်ပစ်ရပါမယ်။

အမျှင်ဓာတ် များများစားသုံးပါ

fiber

အမျှင်ဓာတ်နဲ့ ပတ်သက်လာရင် ပျော်ဝင်အမျှင်နှင့် မပျော်ဝင်အမျှင်ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ ထိုနှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်။ သို့သော် ဆီးချိုသမားများအတွက်ကတော့ ပျော်ဝင်အမျှင်ဓာတ်က မပျော်ဝင် အမျှင်ဓာတ်ထက် ပိုပြီး အရေးကြီးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများက ကွီးတို့ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

ဒီနည်းလမ်းတွေကတော့ ကွီးတို့ရဲ့ ဆီးချို ရောဂါကို သက်သာအောင် ထိန်းညှိပေးနိုင်တဲ့ နည်းလမ်း ကောင်းတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းနှင့် နေထိုင်စားသောက်ကာ လူနေမှုဘဝကို ပြောင်းလဲပစ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဆီးချို ရောဂါသည် ဒီ့ထက်ပိုပြီး ဆိုးရွားလာမှာ မဟုတ်တော့ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုပါ သေချာ လိုက်နာမယ်ဆိုရင်တော့ ဆီးချို ရောဂါအတွက် စိတ်ပူစရာ မရှိတော့ပါဘူး။

Source: Webmd

Featured Image: News-medical