ကွီးတို့ အိမ်နီးနား ပတ်ဝန်းကျင်က ဆိတ်ငြိမ်ရပ်ကွက်လေးဆိုရင်တော့ ကွီးတို့က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံဂ လူသားတွေလို့တောင် ပြောလို့ရပါတယ်။ တချို့တွေဆိုရင် စပီကာ အသံချဲ့စက်ကြီးတွေရဲ့ နှိပ်စက်မှုကြောင့် အားလပ်ရက် အိမ်မှာနေတာလည်း အေးဆေး မနေရဘဲ နားဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ ကွီးတို့ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဆူညံသံ တွေ ဖုံးလွှမ်းနေပါစေ ကွီးတို့သာ ဒီပစ္စည်းများကို အ သုံး ပြုမယ်ဆိုရင်တော့ ကိစ္စပြတ်သွားပါပြီ။

ပြင်ပက ဆူညံသံ တွေကြောင့် နားဒုက္ခ ရောက်ရတဲ့ အဖြစ်မျိုးကနေ ကင်းဝေးချင်တဲ့ ကွီးတို့အတွက် အဖိုးတန်တဲ့ အ သုံး အဆောင် ပစ္စည်းတချို့ကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

(၁) Bose QuietComfort Ultra Earbuds

Bose QuietComfort Ultra Earbuds

ကွာလတီလည်း ကောင်းပြီး ဒီဇိုင်းလည်း မိမိုက်နေတဲ့ အကောင်းစားလေးတွေကို မက်မောနေပါသလား ဒါဆိုရင်တော့ Bose QuietComfort Ultra Earbuds လေးကို ဝယ်ယူသင့်ပါတယ်။ ဒေါ်လာ ၂၄၉ ဒေါ်လာဖြင့် ပေးဝယ်ရမှာဖြစ်ပြီး သုံးစွဲသူတိုင်းရဲ့ ကြိုက်နှစ်သက်မှုကို ခံရတဲ့ အကောင်းစားလေးပဲဖြစ်ပါတယ်။ တပ်ဆင်ထားချိန်မှာလည်း နား နာရတာမျိုး မရှီတဲ့အပြင် တစ်ခါ အားသွင်းပြီးတာနဲ့ ၂၄ နာရီကြာ အသုံးခံပါတယ်။

(၂) Apple AirPods Pro (2nd generation)

Apple AirPods Pro (2nd generation)

ပန်းသီး အသည်းစွဲ ကွီးတို့ကတော့ ဒီမော်ဒယ် အမျိုးအစားလေးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Apple H2 Headphone Chip ကို အသုံးပြုထားပြီး MagSafe Charging Case ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ ဖန်ရှင်တွေကလည်း အမျိုးစုံလင်တာကြောင့် ကွီးတို့လည်း အသုံးပြုရတာ စိတ်ချမ်းသာရပါတယ်။ ချွေး၊ ရေနှင့် ဖုန်တွေ မကပ်အောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ပြင်ပက ဆူညံသံတွေကို ဖျောက်ပေးတဲ့နေရာမှာတော့ Apple AirPods Pro (2nd generation) က ဆရာကြီးတစ်ဆူပါပဲ။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၂၉ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။

(၃) Google Pixel Buds Pro

ဆူညံသံ သုံး

ဒီအမျိုးအစားလေးကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင် ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ ဒစ်စကောင့်နဲ့ တိုးရင်တော့ ၁၄၉ ဒေါ်လာသာ ကုန်ကျမှာပါ။ အရောင်ကတော့ အနက်ရောင်၊ လိမ္မော်နုရောင်၊ အပြာနုရောင်နှင့် အစိမ်းနုရောင်ဆိုပြီး အရောင် (၄) ရောင် လာပါတယ်။

(၄) Anker Soundcore Space A40 True Wireless Earbuds

ဆူညံသံ သုံး

နောက်ထပ် လူကြိုက်များတဲ့ အကောင်းစား ပစ္စည်းတစ်မျိုးကတော့ Anker Soundcore Space A40 True Wireless Earbuds မော်ဒယ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ အရောင်ကတော့ အနက်ရောင်၊ အပြာရောင်နဲ့ အဖြူရောင်ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး ဘက္ထရီကွာလတီကလည်း စိတ်ချရပါတယ်။

(၅) Samsung Galaxy Buds2 Pro

ဆူညံသံ သုံး

Android ဖုန်းအတွက် အကောင်းစား နားကြပ်တစ်စုံ လိုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ရွေးချယ်သင့်ပါတယ်။ Samsung Galaxy Buds2 Pro မော်ဒယ်ကဆိုရင် ဘက္ထရီလည်း အကြာကြီး ခံပြီး ဒီဇိုင်းပိုင်းကလည်း နောက်ဆုံးပေါ် ဒီဇိုင်းလေးမို့ လူကြိုက်များပါတယ်။​ သူ့ရဲ့ နောက်ခံ ဆူညံသံကို ဖျောက်ပေးနိုင်တဲ့ ကွာလတီကလည်း အံမခန်းပါပဲ။

ကွီးတို့ရော စိတ်ညစ်စရာကောင်းတဲ့ ဆူညံသံတွေကို ဘယ်လိုမျိုး ဖြေဖျောက်လေ့ရှိပါသလဲ။

Source: Rtings

Featured Image: Nytimes