ယောကျာ်းတစ်ယောက်ကို ညှို့ငင်အားကောင်းစေတဲ့ ဆံပင်ပုံစံတွေထဲမှာ အရှည် Long Hair စတိုင်လည်း တစ်ခုပါဝင်ပါတယ်။ ဆံပင်ဖက်ရှင်ဒီဇိုင်း အပြောင်းအလဲတွေ အများကြီး ရှိတဲ့အထဲမှာ ဆံပင်အရှည်နဲ့ နာမည်ကျော်တဲ့ Celes တွေကလည်း အများကြီးပါပဲ။ ရုပ်ရှင်လောကသားထဲကဆိုရင် မင်းသားကြီး ဂျေဆင် မိုမိုအာ ၊ ဂျရတ်ဒ် လီတို ၊ ခရစ္စ ဟမ်းစ်ဝေါ့သ် နဲ့ ကီနူးရိဗ်စ်တို့က ဆံပင်အရှည်နဲ့ ကြည့်ကောင်းလို့ ကျော် ကြားကြပါတယ်။ ဆံပင်အရှည်ထားတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ ဒါပေမယ့်လည်း ဘဝမှာ တစ်ခါလောက်တော့ ဆံပင်အရှည်ထားတာ မှားစရာ မရှိဘူးလို့ ပြောချင်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ဆံပင်အရှည်ထားပြီး ပုံစံပြောင်းချင်ရင် အခုပြောမယ့် စတိုင်လေးတွေ ထားကြည့်သင့်ပါတယ်။
(၁) Messy Causal
Photo: ManofMany
သဘာဝအတိုင်း အရိုင်းဆန်ဆန် ရှည်လျားရှုပ်ထွေးတဲ့ ဆံပင်ပုံစံမျိုးက သိပ်ပြီး ဆံပင်ကြောင့် အလုပ်မများချင်သူတွေနဲ့ အဆင်ပြေပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်ထဲက ဘာဘေးရီးယန်းခေတ် သရုပ်ဆောင်တွေ ထားတဲ့ ဆံပင်မျိုး ဖြစ်ပြီး ဆံပင်ကို အထူးတလည် ပြုပြင်စရာမလိုဘဲ ၆ လ ၇ လလောက် မညှပ်ဘဲ ထားရုံပါပဲ။
(၂) Man-Bun
Photo: ManofMany
Ponytail စီးလောက်အောင် အရှည်ထားပြီး ခေါင်းနောက်ဘက်မှာ စုထုံးထားတာကို Man-Bun လို့ ပြောကြပါတယ်။ ဒီစတိုင်က ဆွဲဆောင်မှုရှိပြီး လူငယ်လူလတ်ပိုင်းတွေအထိ ထားလေ့ရှိပါတယ်။ ပြဿနာတစ်ခုက ဆံထုံးကို သိပ်တင်းနေအောင် ထုံးထားရင် ဆံပင်တွေ ကျွတ်ပြီး ပါးသွားနိုင်လို့ ဆံထုံးထုံးရာမှာ သိပ်မတင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။
(၃) Half Down Half Up Hairdo
Photo: ManofMany
အပေါ်တစ်ဝက် ဆံပင်စည်းထားပြီး အောက်တစ်ဝက်ကို ပခုံးပေါ် ဒီအတိုင်း ဖားလျားချတာက မိန်းကလေးတွေမှာ အများဆုံးတွေ့ရတတ်တဲ့ Hairstyle မျိုးပါ။ ယောင်္ကျားဆန်မှုကို မထိခိုက်စေချင်ရင်တော့ မုတ်ဆိတ်လေးထားရင် အဆင်ပြေပါတယ်။
(၄) Long Straight Hair
Photo: ManofMany
ဒီစတိုင်က ကီနူးရိဗ်ရဲ့ ဆံပင်ပုံစံကို အမှတ်ရစေမယ့် စတိုင်ပါ။ ခေါင်းပေါက်လှပြီး မျက်နှာကျရှည်တဲ့သူတွေနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။ ပခုံးဝဲလောက် သွားတဲ့ ဆံပင်ရှည်ကို အဖြောင့်ထားပြီး ထိန်းသိမ်းရတာပါ။ သဘာဝဆန်သလို အလုပ်လည်း သိပ်မများတာကြောင့် ထားကြည့်ဖို့ကောင်းတဲ့ စတိုင်လို့ ဆိုရမှာပါ။
Featured Photo : fashionbeans