တစ်ငုံလောက် မြည်းစမ်းကြည့်လိုက်ရုံနဲ့ ဆွေမျိုးမေ့ သွားစေမယ့် ဘရန်ဒီ ကော့တေး မျိုးကို သောက်သုံးချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဘရန်ဒီကော့တေးများကိုသာ သောက်သုံးကြည့်လိုက်ပါ။

ဖော်စပ်နည်းကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာ အမှန်ပါပဲ။

Classic ဆန်တဲ့ ဘရန်ဒီကော့တေး ဖော်စပ်နည်း

brandy cocktail

ဒီဘရန်ဒီကော့တေး ဖော်စပ်မယ်ဆိုရင်တော့ ဘရန်ဒီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ လိမ္မော်ရည် အယ်လ်ကိုဟော စားပွဲတင်ဇွန်း ၃ ဇွန်း၊ Aromatic Bitters အနည်းငယ်၊ Peyshaud’s Bitters အနည်းငယ်နှင့် အလှဆင်ဖို့ရန်အတွက် သံပုယိုခွံအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

brandy cocktail

ကော့တေးဖျော်မယ့်ပုလင်းထဲသို့ ရေခဲတုံးအနည်းငယ် ထည့်ပါ။ ထို့နောက် သံပုယိုခွံမှ လွဲ၍ အခြားသော ပါဝင်ပစ္စည်းများအားလုံး လောင်းထည့်လိုက်ပါ။ အဖုံးကို လုံအောင်ပိတ်ပြီး ကော့တင်းပုလင်းကို ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

brandy cocktail

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီးနောက် သံပုယိုခွံဖြင့် အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဆွေမျိုးမေ့ သွားစေမယ့် Classic ဘရန်ဒီ ကော့တေး တစ်ခွက် ရရှိသွားပါပြီ။

B&B စတိုင်လ် ဘရန်ဒီ ကော့တေး

ဆွေမျိုးမေ့ ဘရန်ဒီ ကော့တေး

ဒီကော့တေး ဖျော်စပ်ဖို့အတွက်ဆိုရင်တော့ ပါဝင်ပစ္စည်း (၂) မျိုးပဲ လိုအပ်တာပါ။ ဘရန်ဒီ စားပွဲတင်ဇွန်း ၅ ဇွန်း၊ Bénédictine Liqueur ခေါ် ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထားသော အယ်လ်ကိုဟော စားပွဲတင်ဇွန်း ၅ ဇွန်း တို့ လိုအပ်ပါမယ်။

ဆွေမျိုးမေ့ ဘရန်ဒီ ကော့တေး

ပါဝင်ပစ္စည်း (၂) မျိုးကို ကော့တေးဖန်ခွက်ထဲထည့်ပါ။ ထို့နောက် သမအောင် မွှေပြီးနောက် ရေခဲတုံး အနည်းငယ် ထည့်လိုက်ပါ။

ဆွေမျိုးမေ့ ဘရန်ဒီ ကော့တေး

ဒါဆိုရင်တော့ ဆွေမျိုးမေ့ လောက်အောင် ကောင်းတဲ့ B&B စတိုင်လ် ဘရန်ဒီ ကော့တေး တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Sidecare ဘရန်ဒီကော့တေး

ဆွေမျိုးမေ့ ဘရန်ဒီ ကော့တေး

ပါဝင်ပစ္စည်းများကတော့ ဘရန်ဒီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ Triple Sec စားပွဲတင်ဇွန်း ၂ ဇွန်း၊ လတ်လတ်ဆတ်ဆတ်ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ အလှဆင်ဖို့ရန်အတွက် သံပုယိုခွံ (သို့) လိမ္မော်ခွံတို့ လိုအပ်ပါလိမ့်မယ်။

အလှဆင်ရမယ့် ပါဝင်ပစ္စည်းကလွဲ၍ အခြားသောပါဝင်ပစ္စည်းများအားလုံးကို ကော့တေးခွက်ထဲ လောင်းထည့်လိုက်ပါ။ ရေခဲတုံးပါ ထပ်ထည့်လိုက်ပါ။ ထို့နောက် ကော့တေးအဖုံးပိတ်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါလိုက်ပါ။

ဆွေမျိုးမေ့ ဘရန်ဒီ ကော့တေး

ထို့နောက် ဖန်ခွက်ထဲ ပြောင်းထည့်ကာ လိမ္မော်ခွံ (သို့) သံပုရာခွံတို့ဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အားလုံး နှစ်သက်မယ့် Sidecare ဘရန်ဒီကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Cocktails – LoveToKnow