စည်းမျဉ်းစည်းကမ်းတွေဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ ဖက်ရှင်နဲ့ ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း ထို့နည်းတူပါပဲ Rules တွေ ရှိပါတယ်။ အမျိုးသားတစ်ယောက်အတွက် ဖက်ရှင်နဲ့ပတ်သတ်လာရင် အဓိကအားဖြင့်တော့ ဆွဲဆောင်မှုရှိရှိ ၊ ဖက်ရှင်ကျကျ ဝတ်စားတက်ဖို့က အဓိကပါ။ ဖက်ရှင်က ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးရာမှာ အရေးပါတဲ့ အချက်တစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းအတွက် ဆွဲဆောင်မှုရှိရှိ ဝတ်စားတက်စေဖို့ သိထားသင့်တဲ့ ဖက်ရှင် Tips လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ပုံစံကို သိပါ

Photo : DMARGE

ဖက်ရှင်တစ်ခုဟာ လူတိုင်းနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါဟာအမှန်တရားပါ။ တခြားသူနဲ့ကြည့်ကောင်းပေမယ့် ကိုယ်ဝတ်တဲ့အချိန်မှာ အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ အဓိကသိထားရမှာက ကိုယ့်ရဲ့ပင်ကိုယ်စတိုင်နဲ့ ပုံစံပါပဲ။ ကိုယ့်အတွက် ဘယ်လိုဖက်ရှင်တွေက သက်တောင့်သက်သာပို ရှိစေလဲ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေလဲဆိုတာ သိနေရပါမယ်။ အကောင်းဆုံးကတော့ ပေါ့ပေါ့ပါးပါးနဲ့ သပ်ရပ်ပြီး ကိုယ်နဲ့လည်း အမှန်တယ်ကြည့်ကောင်းတဲ့ ဖက်ရှင်မျိုးပဲ ဝတ်သင့်ပါတယ်။

(၂) Jeans တွေဝတ်ပါ

 jeans

Photo : Fashionterest

Jeans တွေက အမျိုးသားတိုင်းအတွက် Basic Wear ဖြစ်သလို စွယ်စုံရတဲ့ ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ ပေါ့ပါးလွတ်လပ်မှုရှိပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းစေတဲ့ Look ကိုပေးပါတယ်။ အချိန်နေရာမရွေး ဝတ်မယ်ဆိုလည်း အဆင်ပြေတဲ့အပြင် အသက်အရွယ်မရွေးဝတ်လို့ရတဲ့ အခြေခံ ဖက်ရှင်တစ်ခုဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိချင်ရင် Jeans တွေကို ဘယ်တော့မှ လက်မရှောင်ဖို့ အကြံပြုချင်ပါတယ်။

(၃) အသုံးဆောင်တွေကို ကောင်းကောင်းထိန်းသိမ်းပါ

Dress Well

Photo : The Joey Journal

ဈေးကြီးတဲ့ ဖက်ရှင်တွေ ဘယ်လောက်ဝတ်ဝတ် ထိန်းသိမ်းမှုမကောင်းရင် ဆွဲဆောင်မှုရှိနေဦးမှာ မဟုတ်ပါဘူး။ အဝတ်အစားတွေဆိုတာ သေချာလျှော်ဖွတ်သန့်စင်ပြီး သန့်သန့်ရှင်းရှင်းနဲ့သပ်သပ်ရပ်ရပ် ဝတ်မှသာ ကြော့ရှင်းပြီး ဆွဲဆောင်မှု ရှိနေစေမှာ ဖြစ်ပါတယ်။ ဈေးအသင့်အတင့်ပဲရှိတဲ့ ဖက်ရှင်တွေဖြစ်နေစေဦးတော့ ပုံမှန် လျှော်ဖွပ် ၊ မီးပူတိုက်ပြီး သေချာကျကျနန ဝတ်မယ်ဆိုရင် ဆွဲဆောင်မှုရှိနေစေမှာ အမှန်ပါပဲ။

(၄) Shoes တွေအပေါ် ရင်းနှီးမြုပ်နှံပါ

Shoe

Photo : The Manual

ဖက်ရှင်လို့ ပြောရင် တော်တော်များများ အဝတ်အစားတွေလောက်ပဲ အရေးပေးကြပါတယ်။ တကယ်တော့ ဖက်ရှင်နဲ့ ပတ်သတ်ရင် မေ့ထားလို့မရတဲ့ အရေးပါဆုံး အဓိက Point တစ်ခုက Shoes တွေပါ။ အဝတ်အစားနဲ့ ကိုက်ညီမှုရှိတဲ့ Shoes ကောင်းကောင်းကို တွဲဖက်ဝတ်ဆင်တာက ဆွဲဆောင်မှုတိုးစေပြီး ပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေပါတယ်။

(၅) အရောင်တွေ ပြောင်းဝတ်ပါ

Suit

Photo : Rush Wilson Limited

အမျိုးသားတွေက အရောင်တွေနဲ့ ပတ်သတ်ရင် စိုးရိမ်စိတ်များပါတယ်။ အထူးသဖြင့် ဖက်ရှင်အရောင်တွေနဲ့ ပတ်သတ်ရင် တခြားသူတွေထက် ထူးပြီး ကွဲထွက်နေမှာကို ကြောက်ကြပါတယ်။ ဒီတော့ တော်တော်များများက အဖြူ ၊ အနက် ၊ မီးခိုး ဒီကာလာတွေပဲ ပတ်ပြီးဝတ်ကြတာများပါတယ်။ တကယ်တော့ အရောင်းတွေပြောင်းဝတ်ဖို့ မကြောက်သင့်ပါဘူး။ ပုံမှန်ဝတ်နေကျထဲက ကွဲထွက်တဲ့ အရောင်တွေ ၊ တစ်ခါမှမဝတ်ဖူးသေးတဲ့ ကာလာတွေကို စမ်းကြည့်ပါ။ ရာသီဥတု ၊ နေရာဒေသပေါ် မူတည်ပြီးလည်း အရောင်တွေကို ပြောင်းလဲဝတ်နိုင်ပါတယ်။ ဖက်ရှင်မှာ အရောင်တွေနဲ့ ကစားတဲ့ဂိမ်းဟာ ပုံမှန်မြင်နေကျမဟုတ်တဲ့ မတူတဲ့အမြင်ကိုရစေပြီး ဆွဲဆောင်မှုရှိနေမှာ ဖြစ်ပါတယ်။

Featured Photo : Top Trends Guide