ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက် ဖြစ်ချင်ပါသလား။ ကွီးတို့အပါအဝင် အမျိုးသားတိုင်း ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ အောက်မှာ ဆက်လက်ဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းတွေနဲ့ လိုက်နာကျင်သုံး ပြုမူနေထိုင်ရမယ့် အချက်တွေက ကွီးတို့ကို ပိုမို တောက်ပစေပြီး ဆွဲဆောင်မှုရှိသော အမျိုးသား တစ်ယောက် အသွင်သို့ ပြောင်းပေးပါလိမ့်မယ်။

ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ

 ဆွဲဆောင်မှုရှိသော အမျိုးသား

Photo : Best Life

သူ့နေရာနဲ့သူ ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ခြင်းက ကွီးတို့ကို ကြည့်ကောင်းစေပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ပြသပြီးသားဖြစ်ကာ ဆွဲဆောင်မှု ရှိစေပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ကို ကြည့်လိုက်ရင် အမြဲတမ်း ၎င်းတို့ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်နေတာ တွေ့ရမှာပါ။ ပြီးပြည့်စုံပြီး ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုး မဖြစ်မနေ ရှိစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအဆနဲ့ လိုက်ဖက်ညီပြီး စတိုင်ကျနေစေရန် သေချာစွာ ရွေးချယ်၀တ်ဆင်ပါက အလိုလို ဆွဲဆောင်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ဝတ်စားဆင်ယင်ပုံဟာ လူတွေက ကွီးတို့အပေါ် ဘယ်လိုမြင်သလဲ ဆိုတဲ့အပေါ် သိသိသာသာ သက်ရောက်မှုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

 ဆွဲဆောင်မှုရှိသော အမျိုးသား

Photo : Urban Men Outfits

ကွီးတို့ရေ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးပါ။ နေ့တိုင်းပုံမှန်ရေချိုးပါ။ မျက်နှာ အသားအရေကို အမြဲဂရုစိုက်ပြီး လက်သည်းခြေသည်များ တိုတိုညှပ်ကာ သန့်ရှင်းနေပါစေ။ မုတ်ဆိတ်မွှေးများကိုလည်း သပ်ရပ်စွာ ထားပါ။ ကောင်းမွန်သော ခံ့တွင်းနံ့ရှိစေရန်လည်း ဂရုပြုပါ။ ဒါ့အပြင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင်လည်း ပြုမူနေထိုင်ပါ။

သပ်ရပ်သော ဆံပင်ပုံစံဖြစ်ပါစေ

 ဆွဲဆောင်မှုရှိသော အမျိုးသား

Photo : Stryx

ပိုမို ဆွဲဆောင်မှုရှိသော အမျိုးသား တစ်ယောက် ဖြစ်ဖို့ဆိုရင် ခေါင်းအစ ခြေအဆုံး အရေးကြီးပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဆံပင်ပုံစံကြောင့် ကွီးတို့ကို ပိုပြီး ကြည့်ကောင်းစေသလို ကွီးတို့ရဲ့ အသွင်အပြင်ကို ပိုပြီး ကြည့်ရဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် စတိုင်လ်လစ်တစ်ဦးထံမှ အကူအညီ ရယူပြီး ကွီးတို့ မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ထားရှိပါ။ ပုံမှန် ခေါင်းလျှော်ပါ။

ကောင်းမွန်သော ကိုယ်သင်းရနံ့ရှိပါစေ

Photo : Earth

အမျိုးသားတစ်ယောက်မှာ ကောင်းမွန်သော ကိုယ်သင်းရနံ့ရှိခြင်းက မိမိကိုယ်ကိုယ် ယုံကြည်မှုကိုတိုးစေပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ကောင်းမွန်သော ကိုယ်သင်းရနံ့ ကွီးတို့ ကိုယ်မှာစွဲမြဲစေဖို့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုပြုဖို့လိုသလို ကိုယ်နဲ့လိုက်ဖက်တဲ့ ရေမွှေးကို အသုံးပြုဖို့လိုပါတယ်။ အရမ်းအနံ့ပြင်းလွန်းသော ရေမွှေးများစွတ်ခြင်းကို ရှောင်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လ်နဲ့ လိုက်ဖက်တဲ့ ရေမွှေးကို ရွေးချယ်အသုံးပြုပါ။

ကြင်နာတတ်ပါစေ

Photo : Afam Uche

အခြားသူများအပေါ် ကြင်နာတတ်ခြင်းကို လူတော်တော်များများ သဘောကျပါတယ်။ ကြင်နာမှုကို ပြတတ်တဲ့ အမျိုးသားတွေဟာ ပိုပြီး အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ပြုံးဖို့ မမေ့ပါနဲ့

Photo : Real Man Real Syle

အပြုံးက ကွီးတို့ကို ပိုပြီးတောက်ပစေပါတယ်။ ဒါ့အပြင် တစ်စုံတစ်ဦးကို စစ်မှန်သော အပြုံးတစ်ခု ပေးဆောင်ခြင်းက တစ်ဖက်သားအတွက် စိတ်ခံစားချက် ကောင်းစေသလို ကွီးတို့ကို ဆွဲဆောင်မှု ရှိတဲ့ အမျိုးသားတစ်ယောက် ရဲ့ အသွင်အပြင်ကို ပေးစွမ်းပြီး နှစ်လိုဖွယ်ကောင်းစေပါတယ်။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကိုယ်ရဲ့ ကိုယ်ပိုင်ဘဝမှာဖြစ်စေ၊ ကိုယ့်ဘေးနားသူများကို အပြုံးနဲ့ ဆက်ဆံဖို့ မမေ့ပါနဲ့။

အပြုသဘောဆောင်ပါ

Photo : WordPress

အပြုသဘောဆောင်သော အတွေးအမြင်ရှိသူများက စိတ်ဖိစီးမှုများ လျော့နည်းတတ်ပြီး ပေါင်းသင်းဆက်ဆံရေးမှာလည်း ကောင်းမွန်ပါတယ်။ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးလာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းကလည်း ဆွဲဆောင်မှုရှိခြင်း တစ်မျိုးပါပဲ။

ကြိုးစားပါ

Photo : Carrier Management

အလုပ်ကို ကြိုးစားပြီး အာရုံစူးစိုက်တတ်တဲ့ အမျိုးသားတွေကလည်း ဆွဲဆောင်မှု ရှိပါတယ်။ ကွီးတို့ရဲ့ အပြင်ပိုင်းအသွင်အပြင်ကို ကြည့်ကောင်းအောင် ပြောင်းလဲနိုင်သည်သာမက ကွီးတို့ရဲ့ အရည်အချင်းတွေကိုလည်း မြှင့်တင်ဖို့ လိုပါတယ်။ ဒါကြောင့် အရာရာကို ကြိုးစားလုပ်ဆောင်ပါ။ ကွီးတို့အနာဂတ်ဟာလည်း ကွီးတို့ရဲ့ အသွင်အပြင်နဲ့အတူ တောက်ပလာပါလိမ့်မယ်။

ဒီအချက်လေးတွေကို လိုက်နာကာ ဆွဲဆောင်မှုရှိပြီး တောက်ပတဲ့ အမျိုးသားတစ်ယောက် အဖြစ် ပြောင်းလဲလိုက် ကြရအောင်ဗျာ။

Source : GQ, STYLE KONSULT

Featured Photo : Business Insider