ဇန်နဝါရီ လအတွင်းမှာ ခရီးသွားဖို့ စီစဥ်နေပါသလား။ ဒါဆိုရင်တော့ ဇန်နဝါရီ လအတွင်းမှာ အလှပဆုံးဖြစ်တဲ့ ကမ္ဘာပေါ်ရှိ နေရာ ဒေသများဆီသို့ ခြေဦးလှည့်သင့်ပါတယ်။

ကွီးတို့အနေနဲ့ ဇန်နဝါရီ လအတွင်း ဘယ် နေရာ တွေက အလှပဆုံးဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးကနေတဆင့် လေ့လာကြည့်နိုင်ပါတယ်။

နော်ဝေးနိုင်ငံ

ဇန်နဝါရီ နေရာ

နော်ဝေးနိုင်ငံသည် ဇန်နဝါရီလမှာ အအေးဆုံးပဲဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်သည် အနုတ် ၂ ဒီဂရီအထိ (သို့) ထို့ထက်အောင် လျော့ကျသွားတတ်ပါတယ်။ ကွီးတို့သွားတဲ့နေရာက နိုင်ငံရဲ့ မြောက်ဘက်စွန်းပိုင်း ပိုကျလေ ပိုအေးလေပါပဲ။ ဒါ့အပြင် လှပတဲ့ အော်ရိုရာ အလင်းတန်းများကို မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီအချိန်မှာ အသွားသင့်ဆုံးပါပဲ။ သွားရောက်လည်ပတ်ခ၊ တည်းခိုစရိတ်များကတော့ ကိုယ် သုံးရင် သုံးသလောက် ကုန်သွားမှာကတော့ မယုံမရှိပါနဲ့။

Maldives ရှိ Malé မြို့

ဇန်နဝါရီ နေရာ

Malé ကတော့ Maldives ရဲ့ မြို့တော်ဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံး မြို့တစ်ခုဆိုလည်း မမှားပါဘူး။ Malé သည် အပန်းဖြေကမ်းခြေများကြောင့် ကမ္ဘာလှည့် ခရီးသွားများအကြား ရေပန်းစား နာမည်ကြီးပါတယ်။ ရေအောက် အားကစားမျိုးစုံကို ပြုလုပ်နိုင်ပြီး ပင်လယ်လိပ်များ၊ လင်းပိုင်များ၊ ငါးမန်းသေးသေးလေးများကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဇန်နဝါရီ လအတွင်း ထို နေရာ သို့ သွားမယ်ဆိုရင်တော့ အပူချိန် ၂၆ ဒီဂရီကနေ ၃၁ ဒီဂရီကြား ကျရောက်နိုင်ပါတယ်။ ရာသီဥတုက ခြောက်ခြောက်သွေ့သွေ့နဲ့ဆိုရင် ကမ်းခြေ Life ကို နှစ်သက်သူများအတွက် အသင့်တော်ဆုံးအချိန်ကာလပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရှိ Los Angeles

ဇန်နဝါရီ နေရာ

ဟောလိဝုဒ် မွေးဖွားရာ မြို့တစ်မြို့ဖြစ်ပြီး ဇန်နဝါရီ လမှာ အလှပဆုံးဖြစ်တဲ့ နေရာ တစ်ခုဆိုလည်း မမှားပါဘူး။ ရာသီဥတုက ပူလည်း မပူ အေးလည်း မအေး၊ ၈ ဒီဂရီကနေ ၂၀ ဒီဂရီကြားမှာ ကျရောက်နေပါတယ်။ မြို့ထဲမှာပဲ သွားရောက်လည်ပတ်ချင်သလား၊ လည်ပတ်လို့လည်း ရသလို နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ Runyon Canyon မှာ လမ်းလျှောက်ခြင်းပဲဖြစ်ပါတယ်။ ထိုဒေသက နေထိုင်သူ တော်တော်များများလည်း Hiking ပြုလုပ်လေ့ရှိတာကြောင့် သင့်အနေနဲ့ ဒေသခံများနှင့်အတူ အဖော်ရနေမှာပဲဖြစ်ပါတယ်။ နောက်ထပ် တစ်နေရာကတော့ Charlie Turner Trail လို့ ခေါ်တဲ့ Hiking လမ်းကြောင်းပဲဖြစ်ပါတယ်။ ထိုနေရာကနေ တက်သွားမယ်ဆိုရင် Hollywood ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ Griffith Park ဆိုတဲ့ ကြယ်တာရာကြည့်ရှုလို့ရတဲ့ နေရာရှိပါတယ်။ ထိုနေရာသည်လည်း ကြယ်တာရာချစ်သူများအတွက် ဖန်တီးပေးထားတာဖြစ်လို့ ကွီးတို့လည်း ရောက်တုန်းရောက်ခိုက် သွားရောက်လည်ပတ်သင့်ပါတယ်။

လာအိုနှင့် မဲခေါင်မြစ်

ဇန်နဝါရီ နေရာ

ဇန်နဝါရီ လတွင် နောက်ထပ် လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုကတော့ လာအိုနိုင်ငံပဲဖြစ်ပါတယ်။ သူ့ရဲ့ ယဥ်ကျေးမှုမြို့တော်ဖြစ်တဲ့ Luang Prabang မြို့မှာဆိုရင် အပူချိန်က ၂၄ ဒီဂရီ ပတ်ဝန်းကျင်မှာရှိပါတယ်။ ထိုမြို့တွင် စေတီပုထိုးနှင့် ဘုရားကျောင်းကန်ပေါင်း ၃၃ ခုရှိပြီး အားရပါးရ ဈေးဝယ်ထွက်ချင်သူများအတွက်လည်း ညဈေးကြီးက စောင့်ကြိုနေပါတယ်။ ဒါတင်မကသေးပါဘူး၊ တောင်တက်ချင်သူများအတွက် Phou Si ဆိုတဲ့ တောင်ကလည်း အသင့်စောင့်ကြိုနေပါသေးတယ်။

ဗီယက်နမ်

ဗီယက်နမ်

ဗီယက်နမ်သည်လည်း သူ့ရဲ့ အိမ်နီးချင်း လာအိုနိုင်ငံလိုပဲ ဇန်နဝါရီလတွင် လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သွားရောက်လည်ပတ်ဖြစ်မယ်ဆိုရင်တော့ Hoi An ၊ Hanoi ၊ Ho Chi Minh နှင့် Hue အစရှိတဲ့ မြို့များသို့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ သဘာဝအလှတရားကတော့ နေရာပေါင်းစုံမှာ တည်ရှိနေတာပဲဖြစ်ပါတယ်။ ကမ်းခြေချစ်သူများအတွက်လည်း အပန်းဖြေကမ်းခြေများက အသင့်စောင့်ကြိုလျက်ရှိပါတယ်။

 Panama

 Panama

Central Amercia မှာ တည်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဇန်နဝါရီလမှာ ကမ်းကုန်အောင်လှတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Panama တူးမြောင်းကြီးကတော့ နာမည်အကြီးဆုံးပဲဖြစ်ပါတယ်။ တူးမြောင်းအရှည်က ၈၂ ကီလိုမီတာ ရှည်လျားပြီး အတ္တလန်တစ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ထားတာဖြစ်ပြီး အမေရိကကို တောင်အမေရိကနှင့် မြောက်အမေရိကအဖြစ် ပိုင်းခြားပေးထားတဲ့ တူးမြောင်းတစ်ခုဆိုလည်း မမှားပါဘူး။ လှပလွန်းတဲ့ ကျောက်စရစ်ခင်းထားသော လမ်းများ၊ ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် ဆောက်လုပ်ထားတဲ့ အဆောက်အဦးများကလည်း လှချင်တိုင်းကို လှနေတော့တာပါပဲ။ ဒါ့အပြင် Panama ရဲ့ အထင်ကရ Catholic ဘုရားကျောင်းဖြစ်တဲ့ La Catedral Metropolitana ကလည်း ကမ္ဘာလှည့် ခရီးသွားများအကြား နာမည်ကြီးပါတယ်။

ကွီးတို့အနေနဲ့ ဒီလိုပွင့်လင်းရာသီမျိုးမှာ Adventure စွန့်စားခရီးပဲ ထွက်ချင်သလား။ ဒါမှမဟုတ် သဘာဝ လေကောင်း လေသန့်တွေ ရှူရှိုက်လို့ရတဲ့ ပင်လယ်ကမ်းခြေမှာပဲ အပန်းဖြေအနားယူရင်း စိတ်ဖိစီးမှုများကို ဖြေဖျောက်ချင်သလား၊ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ဖို့အတွက် ကမ္ဘာပေါ်ရှိ လှပတဲ့ နေရာမျိုးစုံက စောင့်ကြိုနေပါတယ်။

Source: Wanderlust.co.uk

Featured Image: Freepik