ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာကျော် ဆယ်လီတော်တော်များများသည် ကိုယ်ပိုင် ဇိမ်ခံ ဂျက်လေယာဉ် များ ပိုင်ဆိုင်ထားကြပါတယ်။ သူတို့သည် ရှုတင်ရိုက်ဖို့ရန်အတွက်ပဲဖြစ်ဖြစ်၊ ကမ္ဘာလှည့် သီဆိုဖျော်ဖြေမှုတွေ ပြုလုပ်ချင်ရင်ပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင် ဇိမ်ခံ ဂျက်လေယာဉ် ဖြင့် ခရီးသွားလေ့ရှိပါတယ်။

ဘယ်ကမ္ဘာကျော်ဆယ်လီတွေက သူတို့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားလေ့ရှိသလဲဆိုတာကို သင် သိပါသလား။

Neymar

celebrities with private jet

သူ့ကိုဆိုရင် ဘောလုံးလောကမှာ မသိသူမရှိပါဘူး။ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်သည် ယူရို ၁၀ မီလီယံ တန်ပြီး ခရီးသည် ၁၂ ဦးအထိ ဝင်ဆံ့ပါတယ်။ သူသည် သူ့ရဲ့မိသားစုနှင့်အတူတူ ခရီးသွားချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သူ့ရဲ့လေယာဉ်ကို အသုံးပြုလေ့ရှိပါတယ်။

John Travolta

celebrities with private jet

သူကတော့ နာမည်ကြီး လေယာဉ်မှူးပဲဖြစ်ပါတယ်။ သူသည် လေယာဉ်မောင်းခြင်းကို အင်မတန်ရူးသွပ်တဲ့အပြင် သူ့ဆီမှာ ကိုယ်ပိုင်လေယာဉ်များအပြင် ကိုယ်ပိုင်လေဆိပ်တောင် ရှိပါတယ်။ ဒါ့အပြင် သူသည် သူတတ်ထားတဲ့ ပညာရပ်ကို အကူအညီလိုအပ်နေသူများအတွက်လည်း ပရဟိတလေယာဉ်မောင်းပေးခြင်းဖြင့် အသုံးချလေ့ရှိပါသေးတယ်။

Kim Kardashian

celebrities with private jet

အနုပညာလောကမှာလည်း မသိသူမရှိသလို၊ စီးပွားရေးလောကမှာလည်း အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်ထဲမှာဆိုရင် အမိုက်စား အိပ်ခန်းအပြင် ရေချိုးခန်းပါ ထည့်သွင်းထားပါသေးတယ်။

Morgan Freeman

celebrities with private jet

သူသည် ကိုယ်ပိုင်လေယာဉ်လည်း ပိုင်ဆိုင်ထားသလို ထိုလေယာဉ်ကိုလည်း မောင်းနှင်နိုင်ပါတယ်။ အသက် ၆၅ နှစ်အရွယ်ကျမှ လေယာဉ်မောင်းဖို့ကျင့်ကာ သူ ကိုယ်တိုင် မောင်းနှင်တာဖြစ်ပါတယ်။ သူ့ရဲ့လေယာဉ်ကတော့ ၈ မီလီယံဒေါ်လာ တန်ကြေးရှိပါတယ်။ သို့သော် ၂၀၁၅ တုန်းက လေယာဉ်ဆင်းသက်တဲ့အချိန်မှာ မတော်တဆနှင့် အပျက်အစီးတချို့ရှိသွားတဲ့အတွက်ကြောင့် ထိုလေယာဉ်ပျံသည် ယခုဆို ပျံသန်းလို့မရတော့ပါဘူး။

Harrison Ford

ဇိမ်ခံ ဂျက်လေယာဉ်

သူကတော့ လေကြောင်းလိုင်းတော်တော်များများကို ပိုင်ဆိုငထားသူတစ်ယောက်ဖြစ်သလို လေယာဉ်မောင်းကျွမ်းတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ သူ့ရဲကလေယာဉ်များအနက် ဈေးအကြီးဆုံးလေယာဉ်ကတော့ Cessna 680 Citation Sovereign ပဲဖြစ်ပါတယ်။

Tom Cruise

ဇိမ်ခံ ဂျက်လေယာဉ်

Tom Cruise ရဲ့လေယာဉ်ကတော့ ဒေါ်လာ ၃၅ မီလီယံတန်ကြေးရှိပြီး ခရီးသည် ၁၉ ဦး ဝင်ဆံ့ပါတယ်။ သူသည် ၂၀၀၁ ခုနှစ်တုန်းကလည်း ဒေါ်လာ ၄ မီလီယံတန်ကြေးရှိတဲ့ ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုတဲ့ အမေရိကန် တိုက်လေယာဉ်တစ်စီးကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ ထိုတိုက်လေယာဉ်ကတော့ သူ့သူငယ်ချင်းတွေနဲ့ အတူတူစီးနင်းဖို့အတွက်ဖြစ်ပါတယ်။

Beyoncé and Jay Z

ဇိမ်ခံ ဂျက်လေယာဉ်

ဒီအနုပညာရှင်အတွဲသည်လည်း အမြဲဆိုသလို ကမ္ဘာလှည့်ဖျော်ဖြေနေရတာဆိုတော့ သူတို့ရဲ့ကိုယ်ပိုင် ဇိမ်ခံလေယာဉ်ကို ဝယ်ယူထားကာ ထိုလေယာဉ်ဖြင့် ခရီးသွားလေ့ရှိကြပါတယ်။ သူတို့ရဲ့လေယာဉ်ကတော့ ဒေါ်လာ ၄၀ မီလီယံ တန်ကြေးရှိပါတယ်။

Bill Gates

ဇိမ်ခံ ဂျက်လေယာဉ်

Bill Gates ရဲ့ လေယာဉ်ကတော့ ဒေါ်လာ ၄၀ မီလီယံ တန်ကြေးရှိပြီး ခရီးသည် ၁၉ ယောက်အထိ ဝငင်ဆံ့ပါတယ်။ ထိုလေယာဉ်ထဲမှာ မီးဖိုခန်းလည်း ပါဝင်တဲ့အပြင် လေယာဉ်ဝန်ထမ်းများအတွက်လည်း အနားယူဖို့ရန်အတွက် ထည့်သွင်းထားပေးပါသေးတယ်။

Michael Jordan

ဇိမ်ခံ ဂျက်လေယာဉ်

Michael Jordan ရဲ့ လေယာဉ်ဒီဇိုင်းကတော့ အမိုက်စားပဲဖြစ်ပါတယ်။ သူ့လေယာဉ်ဒီဇိုင်းသည် သူ့ရဲ့ Sneaker ဒီဇိုင်းနှင့်အတူတူပဲဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုကို အမှတ်ရနေဖို့ရန်အတွက် ထိုဒီဇိုင်းကို ရေးဆွဲထားခြင်းဖြစ်ပါတယ်။

Taylor Swift

ဇိမ်ခံ ဂျက်လေယာဉ်

ပေါ့ပ်စတားတစ်ယောက်ဖြစ်တဲ့ Taylor Swift ကတော့ သူ့ရဲ့ကိုယ်ပိုင် ဇိမ်ခံ ဂျက်လေယာဉ် ပေါ်မှာ နံပါတ် ၁၃ ကို ရေးခြယ်ထားစေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နံပါတ် ၁၃ သည် သူ(မ)နှစ်သက်တဲ့ နံပါတ်တစ်ခုဖြစ်လို့ပါပဲ။ သူ(မ)သည် နိုင်ငံတကာ ဖျော်ဖြေမှုများ ပြုလုပ်တဲ့အခါ သူ(မ)ရဲ့ ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးသွားလေ့ရှိပါတယ်။

ကွီးတို့ရော နိုင်ငံတကာ ခရီးတစ်ခါထွက်ဖို့ လေဆိပ်မှာ စောင့်ဆိုင်းပြီး အများနဲ့ ခရီးသွားရတာမျိုးကို နှစ်သက်ပါသလား။ ဒါမှမဟုတ် ကိုယ်ပိုင်လေယာဉ်လေး အသုံးပြုပြီး မိမိစိတ်ကြိုက် ခရီးသွားခွင့်ရမယ်ဆိုရင်ရော သွားချင်ပါသလား။

Source: Flyaeolus

Featured Image: Doyouremember