ကိုယ့်ရဲ့ဘော်ဒါတွေထဲက အချို့စုံတွဲတွေ မင်္ဂလာဆောင်ကြတဲ့အခါ သူတို့အတွက် ဘယ်လိုလက်ဖွဲ့ပစ္စည်းများ ပေးရမလဲမသိလို့ စဉ်းစားရကြပ်နေပါသလား။ လက်ဖွဲ့ငွေသီးသန့်လက်ခံတဲ့အခါ စိတ်ပူစရာမလိုပေမယ့် လက်ဖွဲ့ပစ္စည်းတွေ ပေးရမယ်ဆိုရင် ဘယ်လိုပစ္စည်းမျိုး ဝယ်ရမလဲဆိုပြီး ခေါင်းရှုပ်ရတတ်ပါတယ်။ ထိုကဲ့သို့ ခေါင်းရှုပ်နေတဲ့ ကွီးတို့အတွက် မင်္ဂလာဇနီးမောင်နှံများအား ပေးနိုင်မယ့် ဇိမ်ခံ လက်ဖွဲ့ပစ္စည်း များအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
ပုံတူကျောက်စီပန်းချီကား
Photo: Independent
အချို့ကလည်း ပုံတူပန်းချီလေးတွေကို နာမည်ကြီးပန်းချီဆရာထံ အပ်နှံကာ စုံတွဲပုံ ပန်းချီကားများကို လက်ဆောင်ပေးလေ့ရှိကြပါတယ်။ အချို့ကလည်း Pre-Wedding မှာ ရိုက်ကူးလေ့ရှိတဲ့ စုံတွဲပုံလှလှလေးကို ဓာတ်ပုံဘောင်ကြီးကြီးဖြင့် လှလှပပ ဘောင်ကွပ်ထားကာ လက်ဆောင်ပေးလေ့ ရှိကြပါတယ်။ ဒါမှမဟုတ်လည်း ကျောက်စီပန်းချီကားမျိုးကို လက်ဆောင်ပေးနိုင်ပါတယ်။ ဇိမ်ခံ လက်ဖွဲ့ပစ္စည်း အဖြစ် ဧည့်ခန်းမှာ ချိတ်ဆွဲထားနိုင်ပါတယ်။
ရေမွှေးအစုံလိုက်
Photo: Lazada
တကယ်လို့ သင့်ရဲ့သူငယ်ချင်းစုံတွဲသည် ဘယ်လိုရေမွှေးရနံ့မျိုးကို နှစ်သက်သလဲဆိုတာကို သိရင်တော့ ဒီ ဇိမ်ခံ လက်ဖွဲ့ပစ္စည်း လေးက အင်မတန်ကို အသုံးတည့်မှာပါ။ ဒါပေမဲ့ သူတို့ရဲ့အကြိုက် ရေမွှေးရနံ့ကို မသိဘူးဆိုရင်တော့ ဒီပစ္စည်းကို လက်ဆောင်မပေးတာ အကောင်းဆုံးပါပဲ။ နို့မဟုတ်ရင် အလကား ဖြစ်သွားပါလိမ့်မယ်။
ဝိုင်ပစ္စည်းများ
Photo: Udarely
နှစ်ချို့ဝိုင်များသည်လည်း သင့်တော်တဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများသည်လည်း လိုအပ်တဲ့အတွက်ကြောင့် Set အလိုက် ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
ဒီဇိုင်နာ ကြွေထည်ပစ္စည်းများ
Photo: Lifestyleasia
ကြွေထည်ပစ္စည်းလေးတွေသည် မီးဖိုချောင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ရိုးရိုးကြွေထည်ပစ္စည်းများထက် ဒီဇိုင်နာ ကြွေထည်ပစ္စည်းများက ပိုပြီး Luxury ဆန်တဲ့ အငွေ့အသက်ကို ရရှိစေမှာပါ။
ဇိမ်ခံဟိုတယ်ရဲ့ အဖွဲ့ဝင်ကတ်
Photo: So-singapore
ဒီလက်ဆောင်လေး ပေးမယ်ဆိုရင်တော့ မင်္ဂလာဦးဇနီးမောင်နှံအတွက် ပျော်ရွှင်ကြည်နူးပြီး နှစ်သက်သဘောကျကြပါလိမ့်မယ်။ သူတို့အနေနဲ့ ဟန်းနီးမွန်းခရီးကို ကြိုတင်ပြင်ဆင်ထားပြီးတာလည်း ဖြစ်နိုင်သလို တကယ်လို့ မပြင်ဆင်ရသေးဘူးဆိုရင်လည်း ထိုလက်ဖွဲ့ပစ္စည်းက ပါရှိတဲ့ ဟိုတယ်မှ သွားရောက်အပန်းဖြေကာ အနားယူနိုင်ပါတယ်။
Espresso ကော်ဖီဖျော်စက်
ရိုးရိုးကော်ဖီဖျော်စက်ထက် Espresso ကော်ဖီဖျော်စက်လေးတွေက ပိုပြီး ခမ်းနားကြီးကျယ်တဲ့အငွေ့အသက်ကို ရရှိစေပါတယ်။ ကော်ဖီချစ်သူများအတွက် အကြိုက်တွေ့စေမယ့် မင်္ဂလာ လက်ဖွဲ့ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
ဖုန်စုပ်စက်
Photo: Homestratosphere
ဖုန်စုပ်စက်လေးကတော့ Luxury ဆန်တဲ့ အိမ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ဖုန်စုပ်စက် အသုံးပြုပြီး အိမ်သန့်ရှင်းရေး ပြုလုပ်တဲ့အခါ အချိန်ကုန်သက်သာပြီး လူပင်ပန်းလည်း သက်သာစေပါတယ်။ ကြင်စဦး ဇနီးမောင်နှံများအတွက် အထူးသင့်တော်တဲ့ လက်ဖွဲ့ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။
စမတ်တီဗွီ
Photo: TechRadar
ကြင်စဦးဇနီးမောင်နှံများအနေနဲ့ အိမ်အသစ်မှာ နှစ်ယောက်တစ်ဘဝ တည်ထောင်ကြတဲ့အခါ ဘယ်လိုပရိဘောဂများကို ဝယ်ပြီးပြီလဲ။ ဘယ်ပရိဘောဂများကိုတော့ မဝယ်ရသေးဘူးလဲဆိုတာကို အရင်မေးမြန်းကြည့်လိုက်ပါ။ ကိုယ် ဝယ်ပေးလိုက်တဲ့ ပစ္စည်းက သူတို့ဆီမှာ ရှိပြီးသားဆိုရင် သူတို့အတွက် အသုံးမတည့်တော့ဘဲ အပိုပစ္စည်းတစ်ခုလို ဖြစ်သွားပါလိမ့်မယ်။
ဒါ့ကြောင့် ကွီးတို့အနေနဲ့ စမတ်တီဗွီ လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ Dressing Table ကို လက်ဖွဲ့ချင်တာပဲဖြစ်ဖြစ် သူတို့ကို အရင်မေးမြန်းကြည့်လိုက်ပါ။ လက်ဖွဲ့ပစ္စည်းများသည် သူတို့အတွက် Surprise ဖြစ်ဖို့ထက် သူတို့အမှန်တကယ် အသုံးတည့်ဖို့လည်း လိုအပ်တယ်မဟုတ်လား။
ကွီးတို့ရော ကိုယ့်ရဲ့ဘော်ဒါစုံတွဲတွေ၊ လုပ်ဖော်ကိုင်ဖက်စုံတွဲတွေ မင်္ဂလာဆောင်ကြတဲ့အခါ ဘယ်လိုမျိုး လက်ဖွဲ့ပစ္စည်းများနှင့် အများဆုံးလက်ဖွဲ့ဖြစ်ပါသလဲ။ ကွီးတို့စိတ်ထဲမှာ ဘယ်ပစ္စည်းက Luxury အဆန်ဆုံးလို့ ထင်ပါသလဲ။
Source: Weddingwishlist
Featured Image: Weddings.lovetoknow