သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းရဲ့ အားသာချက်ကတော့ ဘယ်လောက်ပဲ ထူးဆန်းပြီး ဈေးကြီးလွန်းတဲ့ ပစ္စည်းတွေ ဝယ်ယူနေပါစေ သင့်ကို အပြစ်တင်ပြောဆိုမယ့်သူမရှိခြင်းပါပဲ။ ကမ္ဘာပေါ်တွင် ဈေးကြီး လွန်းလှတဲ့ ပစ္စည်းတွေ အများအပြားရှိတဲ့အနက် တစ်ခုတည်းသာရှိပြီး ထူးဆန်းသော ပစ္စည်း များအကြောင်းကို ဝေမျှပေးချင်ပါတယ်။
ကြည်လင်နေသာ Crystal Piano
ဒီစန္ဒယားတစ်လုံးရဲ့ တန်ဖိုးသည် ဒေါ်လာ ၃.၂ မီလီယံ တန်ပါတယ်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး ဈေးကြီး ကာ လှပပြီး ထူးဆန်းသော ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။
သံလိုက် အိပ်ရာ
ဒီအိပ်ရာကတော့ ကြမ်းပြင်နဲ့ ထိကပ်နေခြင်းမရှိဘဲ လေပေးမှာ ပေါလောပေါ်နေတဲ့ အိပ်ရာပဲဖြစ်ပါတယ်။ သူသည် အလေးချိန် ပေါင် ၂၀၀၀ ခန့်ကို ခံနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁.၆ မီလီယံ တန်ပါတယ်။
ငါးမန်းအသေတစ်ကောင်
ဒီငါးမန်းအမျိုးအစားကတော့ ကျားငါးမန်းပဲဖြစ်ပါတယ်။ သူ့ကို ကန်တစ်လုံးထဲတွင် ထည့်ထားကာ ဆေးဖြင့်မာတောင့်နေအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂ မီလီယံတန်ပါတယ်။
ရွှေဖြင့် အုပ်ထားသော Bugatti Veyron
ဒီပြိုင်ကားရဲ့ ပိုင်ရှင်ကတော့ ဒီကားကို ဒေါ်လာ ၁၀ မီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Villa Leopolda
ဒီအဆောက်အအုံကတော့ ဒုတိယကမ္ဘာစစ်တုန်းက ဆေးရုံအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ လူနေလုံးချင်းအိမ်အဖြစ် ပြန်လည်ရောင်းထုတ်ခဲ့ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၆ မီလီယံ တန်ကြေးရှိပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယဈေးအကြီးဆုံး အိမ်တစ်လုံးပဲဖြစ်ပါတယ်။
ဒေါ်လာ ၄.၃ မီလီယံတန်သော ဓာတ်ပုံတစ်ချပ်
ဒီဓာတ်ပုံလေးရဲ့ နာမည်ကတော့ Rhein II ပဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ဂျာမန်အနုပညာရှင် Andreas Gursky က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဓာတ်ပုံတစ်ချပ်ပဲဖြစ်ပါတယ်။
Garçon à la pipe
ပြင်သစ်နာမည်နဲ့ အမည်ပေးထားတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပြီး ဆေးတံကိုင်ထားသော ကောင်ကလေး လို့ အမည်ရပါတယ်။ အတိအကျဆိုရင်တော့ ပါရီမြို့သားကောင်လေးတစ်ယောက်ပေါ့။ ဒီပန်းချီကားကိုတော့ ၁၉၀၅ ခုနှစ်တုန်းက Pablo Picasso ဆိုတဲ့ ပန်းချီဆရာက ရေးဆွဲခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀၄ မီလီယံ တန်ကြေးရှိပါတယ်။
ဒေါ်လာ ၄.၅ ဘီလီယံတန်သော ရွက်လှေတစ်စင်း
ဒီရွက်လှေကို ရွှေနှင့် ပလက်တီနမ် အလေးချိန် ကီလိုဂရမ် ၁ သိန်းဖြင့် အလှဆင်ထားတဲ့အပြင် ဒိုင်နိုဆောအရိုး၊ ယိုင်ဖန်ခွန်နှင့် စိန် ၁၈ ကာရက်တို့ဖြင့်လည်း အလှဆင်ထားပါသေးတယ်။ ၂၀၁၁ တုန်းကတော့ ဒီရွက်လှေသည် အမှန်တကယ်မတည်ရှိဘူး၊ အတုသာဖြစ်တယ်ဆိုပြီး သတင်းသဲ့သဲ့ထွက်ခဲ့ပါသေးတယ်။ သို့သော် ၂၀၁၄ ခုနှစ်မှာတော့ ဒီရွက်လှေသည် အမှန်တကယ်တည်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။
ကွီးတို့ရော ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိပြီး ဈေးကြီး ကာ ထူးဆန်းသော ပစ္စည်း တစ်ခုခုကို ဝယ်ရမယ်ဆိုရင် ဘယ်ပစ္စည်းကို ဝယ်ယူချင်ပါသလဲ။
Source: Scoopwhoop
Featured Image Source: Luxatic