Honor ကနေ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက Honor 200 နဲ့ Honor 200 Pro တို့ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားခဲ့ပြီး ယခုတဖန် Honor 200 Lite လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်း အသစ်ကို ထပ်မံကြေညာ သွားခဲ့ပါတယ်။ Honor 200 Lite မှာ Dimensity 6080 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု MagicOS 8 ကို အသုံးပြုထားပါတယ်။

Honor 200 Lite

Photo : PhoneBunch

Display ပိုင်းမှာတော့ ၆.၇ လက်မ 1080p 90Hz AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး အရှေ့ဘက် မျက်နှာပြင်မှာ ဆေးတောင့်ပုံစံ Pill-Shaped Cutout အတွင်း 50MP ဆယ်လ်ဖီကင်မရာ ကို ထည့်သွင်းထားပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၃ လုံး Setup နဲ့လာပြီး 108MP Main ကင်မရာနဲ့အတူ 5MP Ultrawide နဲ့ 2MP Macro Units တို့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။ Honor 200 Lite ရဲ့ ဘက်ထရီကတော့ 35W Wired Charging စနစ် ထောက်ပံ့ပေးထားတဲ့ 4,500 mAh ဘက်ထရီ ကို တပ်ဆင်ပေးထားပြီး Password မလို လော့ခ်ဖွင့်နိုင်ဖို့ ဖုန်းရဲ့ ဘေးဘက်ကိုယ်ထည်မှာ Side-Mounted Fingerprint Scanner ပါရှိပါတယ်။

Honor 200 Lite

Photo : Techlusive

အရောင်ရွေးချယ်မှာပိုင်းမှာ Blue ၊ Cyan နဲ့ Black ကာလာ ၃ မျိုး ရွေးချယ်စရာပေးထားပြီး 8/256 GB ဗားရှင်းအတွက် ဈေးနှုန်းကတော့ ရူပီး ၁၇,၉၉၉ (၂၁၅ ဒေါ်လာ ၊ ၁၉၅ ယူရို) ခန့်သတ်မှတ်ထားပါတယ်။ အဆိုပါ ဖုန်းကို Honor ကနေ ၎င်းတို့ရဲ့ တရားဝင်အွန်လိုင်းစတိုးနဲ့ Amazon India တို့ကနေတဆင့် ရောင်းချနေပြီး ဖြစ်ပြီး အခြားနိုင်ငံတွေမှာ မကြာမီအချိန်အတွင်း ဝယ်ယူရနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Source : GSMArena.com

Featured Photo : Lowyat.NET