အသားအရေ ထိန်းသိမ်းဖို့အတွက် ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ထဲမှာ တံဆိပ်ပေါင်းစုံ ရှိနေပါတယ်။ အချို့က ဈေးနှုန်းအားဖြင့် မြင့်မားသလို အချို့ကျတော့လည်း ဓာတုပစ္စည်းပါဝင်မှုတွေကြောင့် အသားအရေ ပြဿနာတွေကို ပိုမိုဆိုးရွားသွားစေတဲ့ အခြေအနေတွေ ဖြစ်တက်ပါတယ်။ ဒီလိုတွေ မဖြစ်အောင် ကွီးတို့ အိမ်မှာရှိတဲ့ ပါဝင်ပစ္စည်း ၂ ခုတည်းနဲ့ အကောင်းဆုံး အသားအရေ ထိန်းသိမ်းနိုင်ပါပြီ။ မီးဖိုချောင်မှာရှိတဲ့ သံပုရာသီးနဲ့ မုန့်ဖုတ်ဆော်ဒါရှိရင်ပဲ အသားအရေကို ကြည်လင်ဝင်းပစေမယ့် သဘာဝ မျက်နှာပေါင်းတင်ဆေး ကိုယ်တိုင်ဖော်စပ်နိုင်မှာ ဖြစ်ပါတယ်။
သံပုရာသီးမှာ အသားအရေကို ပြန်လည်နုပျိုစေတဲ့ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး မုန့်ဖုတ်ဆိုဒါမှာတော့ အသားအရေကို ဖြူဝင်းစေမယ့် ကြမ်းတမ်းတဲ့ Texture ပါရှိပါတယ်။ ဗီတာမင် C ဓာတ်ဟာ အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို လျော့ချပေးပြီး အသားအရေကို နဂိုထက် ပိုမိုဝင်းပလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး အသားအရေကို နေရောင်ခြည်မှာပါရှိတဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါကတော့ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှင်ပေးပြီး ချွေးပေါက်တွေရဲ့ အတွင်းပိုင်းအထိ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။
Photo : Rejuvage
မုန့်ဖုတ်ဆိုနဲ့ သံပုရာသီးကို ပေါင်းစပ်အသုံးပြုမယ်ဆိုရင်တော့ အရေပြားပေါ်က ဆဲလ်သေတွေ ၊ အဆီနဲ့ ဝက်ခြံတွေ ၊ နှာခေါင်းအရေပြားတဝိုက်က ဆားဝက်ခြံတွေ ၊ အမဲစက်တွေကို သက်သာလျော့ပါးစေပြီး အသားအရေ မညီညာမှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ကာ အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပလာစေမှာ ဖြစ်ပါတယ်။ ကဲဒါဆို အောက်မှာဆက်လက်ပြီး မုန့်ဖုတ်ဆိုနဲ့ သံပုရာသီးကို အသုံးပြုပြီး ကွီးတို့ကိုယ်တိုင် ပြုလုပ်နိုင်မယ့် ဈေးမကြီးတဲ့ မျက်နှာပေါင်းတင်ဆေး ဖော်မြူလာဖော်စပ်နည်း အဆင့်ဆင့်ကို ဆက်လက်ကြည့်ရှု လိုက်ရအောင်ပါ။
လိုအပ်တဲ့ ပစ္စည်းများ
- သံပုရာသီး ၁ လုံး
- မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၂ ဇွန်း
- ဖန်ပန်းကန်လုံး ၁ လုံး
ပြုလုပ်နည်းအဆင့်ဆင့်
Photo : The Daily Meal
ဖန်ပန်းကန်လုံးထဲကို မုန့်ဖုတ်ဆော်ဒါမုန့် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။ ထို့နောက် သံပုရာသီးကို အရည်ညှစ်ထည့်ပေးပြီး မွှေပေးပါ။ မုန့်ဖုတ်ဆော်ဒါမုန့်မှုန့်လေးတွေ ပွက်ပွက်ဆူလာတာကို တွေ့ရပါလိမ့်မယ်။ အဝါရောင်ဖျော့ဖျော့ အရည်လေးတွေ ပြောင်းလဲသွားသည်အထိ ဆက်တိုက်မွှေပေးပါ။
ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းတဝိုက် သေချာပွတ်လိမ်းပေးပါ။ အဆီပြန်တဲ့နေရာ ၊ ဝက်ခြံနဲ့ အမဲစက်တွေရှိတဲ့ နေရာတွေကို သေချာနှိပ်နယ်ပြီး လိမ်းပေးပါ။
အသားအရေလောင်တာ ၊ နီမြန်းတာတွေ မဖြစ်စေဖို့ အချိန်ကို ၁၅ မိနစ်လောက်ပဲ ထားလိုက်ပါ။
အချိန်ပြည့်ပြီဆိုရင် ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပြီး ရေခြောက်အောင် သုတ်ပေးပါ။
မျက်နှာပေါ်ရှိ ချွေးပေါက်တွေကို ပိတ်စေဖို့အတွက် ရေအေးနဲ့ နောက်တစ်ကြိမ် မျက်နှာသစ်ပေးပါ။
တစ်ပတ်ကို ၁ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ အမဲစက်နဲ့ အဆီပိုတွေ ကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
သတိထားရမယ့်အချက်
သံပုရာသီးနဲ့ မုန့်ဖုတ်ဆိုဒါ မျက်နှာပေါင်းတင်ဆေး ဟာ အရေပြားပေါ်မှာ အနည်းငယ် တင်းမာမာ ဖြစ်နေနိုင်ပေမယ့် ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် မျက်နှာမှာ ပူစပ်ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရရင် ချက်ချင်း ရေဆေးချပြီး ထပ်မသုံးပါနဲ့။
Featured Photo : Healthline