Oppo ကနေ Dimensity 6020 Chipset သုံး ကျောဘက်ကင်မရာ ၁ လုံးတည်းပါတဲ့ ဈေးသင့်တဲ့ စမတ်ဖုန်းအသစ် Oppo A2x ကို မိတ်ဆက်လာခဲ့ပါတယ်။ Oppo A2x ရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ ၁၅၀ ခန့်သာ သတ်မှတ်ထားပါတယ်။

Oppo A2x

Photo : GSMArena.com

လွန်ခဲ့တဲ့ သုံးနှစ်က ထွက်ရှိခဲ့တဲ့ Oppo A စီးရီးရဲ့ Panel ဖြစ်တဲ့ ၆.၅၆ လက်မ LCD မျက်နှာပြင်ကို ပြန်လည်အသုံးပြုထားပြီး HD+ Resolution ၊ 90 Hz Rrefresh Rate နဲ့ 720 Nits Brightness တွေပါရှိမှာ ဖြစ်ပါတယ်။

အရှေ့ဘက်မှာတော့ 5MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Waterdrop Notch ၁ ခုပါရှိပြီး ကျောဘက်မှာ f/2.2 Aperture နဲ့ ၁ လုံးတည်းသော 13 MP ကင်မရာကို LED Flash ၁ လုံးနဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်။

Oppo A2x

Photo : GSMArena.com

Oppo A2x ရဲ့ 7nm Chipset မှာ 6 GB / 8 GB LPDDR4X RAM ကိုမှ 128 GB / 256 GB Storage အတွဲအစပ်နဲ့လာပြီး ဖုန်းကိုယ်ထည်ရဲ့ ဘယ်ဘက်ခြမ်းမှာ microSD Slot ၁ ခု ၊ ညာဘက်ခြမ်းမှာ Power Key နဲ့ Fingerprint Scanner တွေ ထည့်သွင်းပေးထားပါတယ်။

Oppo A2x မှာ 5,000 mAh ဘက်ထရီကို အသုံးပြုထားပြီး Charging Speeds နဲ့ ပတ်သက်ပြီးတော့ အတိအကျ မပြောနိုင်သေးပေမယ့် အားသွင်းနှုန်း နှေးမယ်လို့ ခန့်မှန်းရပါတယ်။ Software ပိုင်းမှာ Android 13 အခြေပြု ColorOS 13.1 ကိုသုံးထားပြီး Nano SIM Cards နှစ်ခု ထည့်သွင်းပေးထားပါတယ်။ အခြားသော Features တွေအနေနဲ့ကတော့ 3.5 mm နားကြပ်ပေါက်နဲ့ IP54 အဆင့် ရေဒဏ်ဖုန်ဒဏ်ခံနိုင်တဲ့ ကိုယ်ထည်ကို အသုံးပြုပေးထားတာပဲ ဖြစ်ပါတယ်။

Oppo A2x

Photo : GSMArena.com

Oppo A2x ကို အနက်ရောင် ၊ အဝါရောင်နဲ့ ခရမ်းရောင် ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး အဝါရောင်နဲ့ ခရမ်းရောင် မော်ဒယ်တွေမှာ သပ်ရပ်လှပတဲ့ ကျောဘက်လည်သာ ဒီဇိုင်းကို သုံးပေးထားမှာ ဖြစ်ပါတယ်။ 6/128 GB ဗားရှင်းအတွက် ယွမ် ၁,၀၉၉ ( ဒေါ်လာ ၁၅၀ / ယူရို ၁၄၂ ) နဲ့ 8/256 GB ဗားရှင်းအတွက်ကိုတော့ ယွမ် ၁,၃၉၉ ( ဒေါ်လာ ၁၉၀ / ယူရို ၁၈၀) ခန့်နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com