ကွီးတို့က နောက်ဆုံးပေါ် ပစ္စည်းတွေကို လိုချင်ပေမယ့် ပိုက်ဆံလည်း များများစားစား မသုံးချင်ဘူး၊ ဈေး သက်သာ တဲ့အထဲက လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်ပစ္စည်းတွေထဲက ယူနိုင်ပါတယ်။

ပိုက်ဆံ အများကြီးလည်း မသုံးချင်ဘူး၊ အရည်အသွေးကောင်းတဲ့အထဲက ဈေး သက်သာ တဲ့ ပစ္စည်းမျိုးဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းတွေက အသင့်တော်ဆုံးပါပဲ။

(၁) Microsoft Surface Laptop Go 2

Microsoft

ဒီအမျိုးအစားကတော့ ဒေါ်လာ ၆၀၀ နဲ့ အကြမ်းလည်းခံပြီး ကွာလတီလည်း ကောင်းတဲ့ ပစ္စည်းမျိုး ဝယ်ယူချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ သူ့ရဲ့ 11th Gen Intel Processor ကတော့ နောက်ဆုံးပေါ် မဟုတ်ပေမယ့်လည်း ဒီဇိုင်းပိုင်းကတော့ ကွီးတို့ ကြွေသွားချင်စရာကောင်းပါတယ်။

(၂) Acer Aspire 3 (A315-24P)

Acer Aspire 3 (A315-24P)

နောက်ထပ် ပစ္စည်းတစ်မျိုးကတော့ Acer Aspire 3 (A315-24P) မော်ဒယ်ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၄၀၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ အကြမ်းလည်း ခံပြီး ရုံးသုံး ကျောင်းသုံး နှစ်မျိုးစလုံးအတွက် သင့်တော်ပါတယ်။

(၃) Microsoft Surface Go 3

ဈေး သက်သာ

ဒီမော်ဒယ်လေးကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၆၀၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အလေးချိန်ကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဘက္ထရီကလည်း အကြာကြီးခံတာကြောင့် မီးပျက်တဲ့အချိန်မှာ တောက်လျှောက် အလုပ်လုပ်နေရသူတွေအတွက် ကွက်တိပါပဲ။ Keyboard ကာဗာကတော့ မပါဝင်တဲ့အတွက်ကြောင့် ထို့အတွက်တော့ ဘတ်ဂျက် အနည်းငယ် ထပ်ကုန်ပါလိမ့်မယ်။

(၄) Lenovo 5i Chromebook (16-Inch)

ဈေး သက်သာ

ဒီမော်ဒယ်ကတော့ တန်းဖိုးအားဖြင့် ၄၇၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်တွေကတော့ စခရင်မ်ကြီးကြီးနဲ့ ဘက္ထရီသက်တမ်းကလည်း အကြာကြီးဆိုတော့ သုံးပျော်ပါတယ်။ Wi-Fi ဆွဲအားလည်း ကောင်းပြီးတော့ RAM 8 GB ပါဝင်ပါတယ်။

(၅) Lenovo IdeaPad Flex 5i 14-Inch

ဈေး သက်သာ

ကိုယ်ထည်ကလည်း အကြမ်းခံပြီး HDMI အပေါက်ရော USB-C အပေါက်တွေပါ ပါဝင်ပါတယ်။ RAM ကလည်း 16 GB သုံးထားပြီး Processor အတွက်ကတော့ Intel Core i5-1235U ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၄၅၀ ဝန်းကျင်သာ ပေးဝယ်ရမှာဖြစ်ပါတယ်။

ဘတ်ဂျက် ခြွေတာချင်တဲ့ ကွီးတို့ရော ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ်လေးကို သဘောတွေ့နေပါသလဲ။

Source: Pcmag

Featured Image: Frame