ညိုကီ တို့က အဖော် မပါဘဲ ချစ်တင်းနှော တော့မယ်ဆိုရင် နောက်တစ်ကြိမ် ပြန်လည်ပြီး စဥ်းစားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးထုပ် မပါ အကာအကွယ် မပါဘဲနဲ့ ချစ်တင်းနှောတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေလို့ပါပဲ။ ကောင်းကျိုးဆိုရင်တော့ တစ်ခုတည်း ရှိပါလိမ့်မယ်။ အဲ့ဒါက ဘာလဲဆိုရင် ကွီးတို့ နှစ်ဦးခြား ကမ္ဘာမခြားဘဲ အပြည့်အဝ ကြည်နူးနိုင်တာပါပဲ။ ဒါပေမဲ့ ကမ္ဘာမခြားအောင် ကူညီပေးနိုင်တဲ့ ကွန်ဒုံးတွေကလည်း အများကြီးပါပဲ။ အဓိကက ကွီးတို့သည် ကိုယ့် ညီလေး အရွယ်အစားနဲ့ ကိုယ့် ရှော်တီလေး ကြိုက်တတ်တဲ့ ရနံ့မျိုးတွေကို ရှာဝယ်တတ်ဖို့ပါပဲ။

တကယ်တော့ အကာအကွယ်မသုံးဘဲ ချစ်တင်းနှောခြင်းက အင်မတန်မှ အန္တရာယ်များပါတယ်။ ကွီးတို့ ကွန်ဒုံး သုံးသင့်တဲ့ အကြောင်းအရင်းကလည်း တစ်ခု နှစ်ခုတည်း မဟုတ်ပါဘူး။

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း

std

အမျိုးသားသုံး ကွန်ဒုံးပဲဖြစ်ဖြစ်၊ အမျိုးသမီးသုံး ကွန်ဒုံးပဲဖြစ်ဖြစ် ဘယ်ကွန်ဒုံးမဆို ကွီးတို့ဆီ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစီအစဥ် မရှိဘဲ ကိုယ်ဝန် ရသွားတဲ့ အဖြစ်မျိုးကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှောတဲ့အခါ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။​

ဈေးသက်သာပြီး ဝယ်ယူရ လွယ်ကူခြင်း

condom

ယနေ့ခေတ်မှာ ကွန်ဒုံးတွေကို စတိုးဆိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ဆေးဆိုင်တွေမှာပဲ ဖြစ်ဖြစ် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဆရာဝန် လက်မှတ် လည်း မလိုအပ်သလို ဈေးလည်း မကြီးပါဘူး။ ဆိုင်သွားပြီး ဝယ်ရတာမျိုးကို မကြိုက်ရင် အွန်လိုင်းကနေတောင် အလွယ်တကူ ဝယ်ယူလို့ရနိုင်ပါတယ်။ အဓိကကတော့ ဘေးအန္တရာယ် ကင်းကင်းနဲ့ ချစ်တင်းနှောနိုင်ဖို့ပဲ မဟုတ်လား။

မစီစဥ်ထားဘဲ ကလေးရသွားခြင်းမှ ကာကွယ်ပေးခြင်း

ညိုကီ အဖော် ချစ်တင်းနှော

ကွီးတို့ စုံတွဲက ကိုယ့်ရဲ့ မျိုးဆက်အတွက် သေသေချာချာ အစီအစဥ် ချထားပြီးမှ ပိုမို လှပတဲ့ အနာဂတ်ကို ဖန်တီးပေးချင်ပါသလား။ ဒါဆိုရင်တော့ မစီစဥ်ထားဘဲ ကလေးရသွားတဲ့ အဖြစ်မျိုးကို ကြုံချင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ ကွန်ဒုံးကို အသုံးပြုသင့်တဲ့ အကြောင်းအရင်းက ခိုင်လုံသွားပါပြီ။ ဒီကြားထဲမှာမှ အခြားသော သန္ဓေတားနည်းတွေ အသုံးပြုတယ်ဆိုရင်တော့ ပိုလို့တောင် စိတ်ချနိုင်ပါပြီ။ တစ်ခု သတိထားရမှာကတော့ အမျိုးသားသုံး External Condom နဲ့ အမျိုးသမီးသုံး Internal Condom တို့ကို တစ်ပြိုင်တည်း သုံးစရာ မလိုအပ်ပါဘူး။ တစ်ခု အသုံး ပြုရင်ပဲ လုံလောက်ပါပြီ။

နောက်ဆက်တွဲ ဆိုးကျိုးများ မရှိခြင်း

ညိုကီ အဖော် ချစ်တင်းနှော

ကွန်ဒုံး အသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြောပြလို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆိုးကျိုးတွေ မရှိလို့ပါပဲ။ တချို့ ကွန်ဒုံးတွေကတော့ အသုံးပြုထားတဲ့ ရာဘာ အမျိုးအစားများကြောင့် ဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဓာတ်မတည့်မှန်း သိရင် ကွန်ဒုံး ဘရန်းအမျိုးအစားကို ပြောင်းလဲ ဝယ်ယူလိုက်ပါ။ ကွီးတို့ စုံတွဲ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် အမျိုးအစားကိုသာ ရွေးချယ် ဝယ်ယူလိုက်ရုံပါပဲ။

ဘယ်လိုလဲ။ ဒီလို ကောင်းကျိုးတွေ သိပြီးတာတောင်မှ ညိုကီ တို့က အဖော် မပါဘဲ ချစ်တင်းနှော ဖို့ တာဆူနေတုန်းလား။

Source: Plannedparenthood.org

Featured Image: Choma.co.za