သိပ္ပံပညာရှင်တွေအနေနဲ့ ကွီး တို့ လိင်တံရဲ့ ပျမ်းမျှအလျားကို အတိအကျ မသိရသေးပေမဲ့ ၅.၁ လက်မကနေ ၅.၅ လက်မကြားမှာ ရှိမယ်လို့ ယူဆကြပါတယ်။ ဒါဟာ လူအများစု ထင်ထားတာထက် ပိုပြီး သေးငယ်ပါတယ်။

လေ့လာမှုတွေအရ အများစုက ပုံမှန်တောင့်တင်းနေတဲ့ လိင်တံရဲ့ အလျားဟာ ၁၅.၂ စင်တီမီတာ (၆ လက်မ) လောက် ရှိမယ်လို့ ယုံကြည်ကြပေမဲ့ တကယ်တမ်း ပျမ်းမျှကတော့ ၁၂.၉ ကနေ ၁၃.၉၇ စင်တီမီတာ (၅.၁ ကနေ ၅.၅ လက်မ) အတွင်းမှာပဲ ရှိပါတယ်။

💥 ဘယ်လိုအရွယ်အစားမျိုးကို သေးလွန်းတယ်လို့ သတ်မှတ်မလဲ?

လိင်တံတစ်ခုဟာ လိင်ဆက်ဆံမှုလုပ်တဲ့အခါ ဒါမှမဟုတ် ဆီးသွားတဲ့အခါ အဆင်မပြေမှုတွေ ရှိမှသာ သေးလွန်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ခွဲစိတ်ကုသမှုခံယူချင်သူ အများစုမှာ ပုံမှန်အရွယ်အစားသာ ရှိကြပြီး ကိုယ့်ရဲ့လိင်တံအရွယ်အစားအပေါ် စိုးရိမ်လွန်ကဲတဲ့ ဝေဒနာတစ်မျိုး ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ Urology Care ဖောင်ဒေးရှင်းရဲ့ ဖော်ပြချက်အရ ဆေးကုသမှုအနေနဲ့ ခွဲစိတ်ဖို့ လိုအပ်တာကတော့ ဆန့်ထုတ်ထားတဲ့ အလျား ၇.၅ စင်တီမီတာအောက် နည်းတဲ့ မိုက်ခရိုပီးနစ် (Micropenis) အခြေအနေမှာသာ ဖြစ်ပါတယ်။

💥 သဘာဝကျတဲ့ ပျမ်းမျှအရွယ်အစားက ဘာလဲ?

၂၀၂၁ ခုနှစ် သုံးသပ်ချက်တစ်ခုအရ တောင့်တင်းနေတဲ့ လိင်တံရဲ့ ပျမ်းမျှအရွယ်အစားဟာ ၅.၁ ကနေ ၅.၅ လက်မကြား ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် နောက်ထပ် သုံးသပ်ချက်တစ်ခုမှာတော့ ကမ္ဘာတစ်ဝန်း ပျမ်းမျှ ခန့်မှန်းချက်တွေကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်-

🔶 ပုံမှန်အတိုင်း (Flaccid): ၃.၄၂ လက်မ (၈.၇ စင်တီမီတာ)

🔶 ဆန့်ထုတ်ထားစဉ် (Stretched): ၅.၀၉ လက်မ (၁၂.၉၃ စင်တီမီတာ)

🔶 တောင့်တင်းနေစဉ် (Erect): ၅.၄၈ လက်မ (၁၃.၉၃ စင်တီမီတာ)

ဒါပေမဲ့ ကိုယ်တိုင်တိုင်းတာပြီး ပြောပြချက်တွေနဲ့ ပါဝင်သူတွေရဲ့ ဘက်လိုက်မှုတွေကြောင့် ဒီလိုသုတေသနတွေ ပြုလုပ်တဲ့အခါ အခက်အခဲ ရှိတတ်ပါတယ်။

💥 အဖော်ဖြစ်သူတွေက အရွယ်အစားကို ဂရုစိုက်ကြပါသလား?

ကွီး အများစုက ကိုယ့်ရဲ့လိင်တံအရွယ်အစားက အဖော်ဖြစ်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီပါ့မလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သုတေသနတွေအရ အမျိုးသမီးတွေအတွက် လိင်တံအလျားဟာ အဓိကကျတဲ့အရာ မဟုတ်ဘူးလို့ သိရပါတယ်။

၂၀၀၂ ခုနှစ် လေ့လာမှုတစ်ခုမှာ မေးမြန်းခံရတဲ့ အမျိုးသမီးတွေရဲ့ ၇၇ ရာခိုင်နှုန်းက အလျားဟာ အရေးမပါဘူး ဒါမှမဟုတ် လုံးဝ အရေးမပါဘူးလို့ ဖြေကြားခဲ့ကြပါတယ်။ အရေးပါတယ်လို့ ဖြေတဲ့သူတွေတောင်မှ အလျားထက် လုံးပတ်  က ပိုအရေးကြီးတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

💥 အမျိုးသမီးတွေက ဘယ်လိုအရွယ်အစားကို လိုချင်ကြလဲ?

၂၀၁၅ ခုနှစ် လေ့လာမှုတစ်ခုမှာ အမျိုးသမီး ၇၅ ဦးကို 3D ပုံစံတူ မော်ဒယ်တွေသုံးပြီး အလိုရှိတဲ့ အရွယ်အစားကို ရွေးချယ်ခိုင်းခဲ့ပါတယ်။

🔶 ရေရှည်ဆက်ဆံမယ့်သူတွေအတွက် အလျား ၁၆ စင်တီမီတာ (၆.၃ လက်မ) နဲ့ လုံးပတ် ၁၂.၂ စင်တီမီတာ (၄.၈ လက်မ) ကို ရွေးချယ်ခဲ့ကြပါတယ်။

🔶 တစ်ကြိမ်တည်း ဆက်ဆံမယ့်သူတွေအတွက်တော့ အလျား ၁၆.၃ စင်တီမီတာ (၆.၄ လက်မ) နဲ့ လုံးပတ် ၁၂.၇ စင်တီမီတာ (၅ လက်မ) ကို ရွေးချယ်ခဲ့ကြပါတယ်။

လိုချင်တဲ့ အရွယ်အစားဟာ သုတေသနတွေမှာ တွေ့ရတဲ့ ပျမ်းမျှအရွယ်အစားထက် အနည်းငယ်သာ ပိုကြီးတာကို တွေ့ရပါတယ်။

💥 လိင်တူချင်းဆက်ဆံတဲ့ အမျိုးသားတွေရော ဘယ်လိုရှိလဲ?

လိင်တူချင်းဆက်ဆံတဲ့ အမျိုးသားတွေမှာလည်း လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ယူကေနိုင်ငံက လေ့လာမှုတစ်ခုအရ စစ်တမ်းဖြေဆိုသူတွေရဲ့ ၃၈ ရာခိုင်နှုန်းက အရွယ်အစားနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

💥 ဘယ်အချိန်မှာ ခွဲစိတ်ကုသမှု ခံယူသင့်လဲ

ဟော်မုန်းကုသမှုနဲ့ ခွဲစိတ်မှုတွေက လိင်တံအရွယ်အစားကို ကြီးထွားစေနိုင်ပေမဲ့ အဲဒီကုသမှုတွေမှာ အန္တရာယ်တွေ ရှိပါတယ်။ ဆရာဝန်တွေအနေနဲ့ ပုံမှန်အားဖြင့် လိင်တံအလျားက ပုံမှန်အတိုင်းဆိုရင် ၄ စင်တီမီတာ (၁.၆ လက်မ) အောက်၊ ဒါမှမဟုတ် ဆန့်ထုတ်/တောင့်တင်းနေစဉ် ၇.၅ စင်တီမီတာ (၃ လက်မ) အောက် နည်းနေမှသာ ကုသဖို့ အကြံပြုလေ့ရှိကြပါတယ်။

အများစုက မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတာနဲ့ မလုံလောက်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့်သာ ခွဲစိတ်ကုသမှုကို ရှာဖွေကြတာ ဖြစ်ပါတယ်။

💥 ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ရဲ့ သက်ရောက်မှု

လိင်တံအရွယ်အစားဟာ အသက်အရွယ်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကြီးထွားလာပြီး အသက်ကြီးလာတဲ့အခါမှာတော့ အနည်းငယ် ငြိုးငယ်သွားနိုင်ပါတယ်။

ဒါ့အပြင် အဝလွန်တာကြောင့် တင်ပါးဆုံတစ်ဝိုက်မှာ အဆီပိုတွေ စုပုံလာတဲ့အခါ လိင်တံကို ပိုပြီး သေးငယ်သွားသလို ထင်ရစေနိုင်ပါတယ်။ ငယ်ရွယ်စဉ် အဝလွန်မှုတွေက တိုစတိုစတီရုန်း ဟော်မုန်းကို လျော့ကျစေပြီး လိင်တံ ကြီးထွားမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

Disclaimer : ဒီဆောင်းပါးဟာ ဗဟုသုတအတွက်သာ ဖြစ်ပြီး ဆေးပညာအကြံဉာဏ်လိုချင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Ref : medicalnewstoday