ကွီးတို့ ညီလေး က တစ်နေ့လျှင် ဘယ်နှကြိမ်လောက် ချစ်တင်းနှော နိုင်တယ်လို့ ထင်ပါသလဲ။ ဘယ်နှကြိမ်လောက် လုပ်ရင် လွန်လွန်ကြူးကြူး အကြိမ်ရေလို့ သတ်မှတ်ထားကြပါသလဲ။ ကြွက်သားများ နာကျင် ကိုက်ခဲမှုနဲ့ ရေဓာတ် ဆုံးရှုံးမှုတို့ကြောင့် ဒီလိုမျိုး မေးခွန်းတွေကို မေးနေရတာဆိုရင်တော့ မေးသင့်ပါတယ်။
အကောင်းနဲ့ အဆိုးဆိုတာကလည်း အမြဲတမ်း ဒွန်တွဲနေတာပဲဖြစ်ပါတယ်။ အာလူးကြော်တွေ အသင့်စား အစားအစာများ၊ အချိုဓာတ် လွန်ကဲတဲ့ အစားအစာများနဲ့ အခြား အစားအစာများက ခန္ဓာကိုယ်အတွက် သင့်တော်ပါ့မလားဆိုတာကို မေးခွန်းထုတ်ကြသလိုပဲ ဒီလိုမေးခွန်းမျိုးကိုလည်း Google ခေါက်ပြီး မေးတတ်ကြပါသေးတယ်။
ဘယ်လိုမေးခွန်းတွေလဲဆိုတော့ …
ကွီးတို့ ညီလေးက တစ်နေ့တည်းနဲ့ အကြိမ်ရေ အများကြီး ချစ်တင်းနှော မယ်ဆိုရင် ခံနိုင်ရည် ရှိပါ့မလား။
အကြိမ်ရေ အများကြီး ချစ်တင်းနှော ခြင်းက ကောင်းပါ့မလား အစရှိတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။
အချို့ကလည်း ချစ်တင်းနှောခြင်းသည် ကျန်းမာရေးနဲ့ မညီညွှ်တဲ့ စွဲလမ်းခြင်း အရာတစ်ခုဖြစ်ပြီး တကယ်လို့ လိုအပ်သည်ထက် ကြိမ်ဖန်ရေများစွာ ချစ်တင်းနှောနေမိရင်လည်း ဒါသည် ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆိုရင် အခုဖော်ပြပေးမယ့် အမေးများလေ့ရှိတဲ့ မေးခွန်းလေးကို အရင်ဦးဆုံး ဖြေကြားပေးချင်ပါတယ်။
နေ့စဥ်နေ့တိုင်း ချစ်တင်းနှော ခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား
တကယ်လို့ ကွီးတို့ နှစ်ဦးသားစလုံးက ကျန်းမာရေးနဲ့ အညီ သိသင့်သိထိုက်တဲ့အရာများကို လိုက်နာပြီး ချစ်တင်းနှောမယ်ဆိုရင်တော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ဥပမာ ကုန်ခမ်းသွားတဲ့ ရေဓာတ်များအတွက် ရေများများ သောက်ခြင်း၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရအောင် အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း အစရှိတဲ့ အချက်များကို လိုက်နာဖို့ လိုအပ်ပါတယ်။
နေ့တိုင်း ချစ်တင်းနှော ခြင်းက မထူးဆန်းတဲ့ သာမာန်ဖြစ်ရိုးဖြစ်စဥ် တစ်ခုဖြစ်သလိုပဲ ချစ်တင်းမနှောဘဲနဲ့ ရက် လ နှစ် များစွာ ကြာအောင် နေခြင်းကလည်း ပုံမှန်ပါပဲ။ လေ့လာချက်များအရ စုံတွဲများသည် တစ်နှစ်လျှင် ပျမ်းမျှ အကြိမ်ရေ ၅၃ ကြိမ်ခန့် ချစ်တင်းနှော လေ့ရှိကြတယ်လို့ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့က တစ်ရက်လျှင် ၇ ကြိမ်ခန့် ချစ်တင်းနှော ခြင်းက ပုံမှန် အကြိမ်ရေလို့တောင် ယူဆနိုင်ပါတယ်။
နေ့ရက်တိုင်း ချစ်တင်းနှော ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ အကျိုးကျေးဇူးများကတော့
နှလုံးရောဂါ ခံစားရနိုင်ခြေကို လျော့ချပေးခြင်း၊ စိတ်ဖိစီးမှုများကို လျော့ချပေးခြင်း၊ ကယ်လိုရီများ လောင်ကျွမ်းစေခြင်း၊ ဝိတ်ကျသွားစေခြင်း၊ နာကျင်မှုများကို သက်သာလျော့ပါးစေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။
ကောင်းကျိုးနဲ့ ဆိုးကျိုးကလည်း ဒွန်တွဲနေတယ်ဆိုတာ မမေ့ပါနဲ့
သိပ္ပံနည်းကျ လေ့လာထားတဲ့အရတော့ နေ့တိုင်း ချစ်တင်းနှောခြင်းသည် သိသာထင်ရှားတဲ့ ဆိုးကျိုးများ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ကွီးတို့ ညီလေး က တစ်နေ့တည်းနဲ့ အကြိမ်ရေ များစွာ ချစ်တင်းနှော မယ်ဆိုရင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့သည် ချစ်တင်းနှော ခြင်းကို လွန်လွန်ကျူးကျူး စွဲလမ်းနေပြီ၊ ကိုယ့်ရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာ ဘဝများ၊ သွားလာ လှုပ်ရှားမှု နေ့တဓူဝ ဖြစ်စဥ်များကို ထိခိုက်လာပြီဆိုရင်တော့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့တော့ လိုနေပြီဖြစ်ကြောင့် အကြံပေးလိုက်ရပါတယ်။
ကွီးတို့ရော ကျန်းမာရေးနဲ့ အညီ ချစ်တင်းနှော ရဲ့လား။
Source: Hims
Featured Image: Freepik