သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံများ များများမှီဝဲခြင်းက ကွီးတို့ရဲ့ လိင်အင်္ဂါ ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီး ရွှေပန်းလေး ညှိုးမသွားအောင် ကူညီပေးပါတယ်။ အစားအစာများ အားလုံးထဲမှာမှ ဟင်းနုနွယ်နဲ့ မုန်လာဥနီကတော့ ကွီးတို့ညီလေး ကျန်းမာရေးအတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်တယ်လို့ သက်သေများစွာနဲ့ ဖော်ပြထားပါတယ်။ ကွီးတို့ ညီလေး တောင့် တင်း ကျန်းမာဖို့အတွက် ဟင်းနုနွယ်နဲ့ မုန်လာဥနီတွေအပြင် ဘယ်လိုအစားအစာမျိုးကို စားသုံးသင့်သလဲ။

(၁) ကာဖိန်းဓာတ်

ကာဖိန်းဓာတ်

လေ့လာချက်တစ်ခုအရ တစ်နေ့လျှင် ကော်ဖီ ၁ ခွက်မှ ၃ ခွက်လောက် သောက်သုံးသူများသည် ကော်ဖီ မသောက်တဲ့သူတွေထက် ရွှေပန်း ညှိုးနိုင်ခြေ ရာခိုင်နှုန်း နည်းတယ်လို့ လေ့လာသိရှိရပါတယ်။ ကွီးတို့က ကော်ဖီချစ်သူ ဆိုရင်တော့ ရွှေပန်း ညှိုးသွားမှာမျိုးကို ပူစရာမလိုတော့ပါဘူး။

(၂) ပန်းသီးများ

ညီလေး တောင့်

ပန်းသီးများများ စားသုံးခြင်းက ကွီးတို့ရဲ့ ဆီးကျိတ်ကင်ဆာ ရောဂါ ကို အများကြီး လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ တကယ်တော့ ပန်းသီးမှလည်း မဟုတ်ပါဘူး။ အသီးများများ စားသုံးနိုင်လေ အမျိုးသားများ ကြုံတွေ့ခံစားရတတ်တဲ့ ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားမှု နည်းလေလေပါပဲ။

(၃) ထောပတ်သီးများ

ညီလေး တောင့်

ထောပတ်သီးများ စားသုံးခြင်းကတော့ ကွီးတို့ရဲ့ သုတ်ပိုး ကွာလတီနဲ့ Testosterone ထုတ်လုပ်မှုကို မြှင့်မားစေပါတယ်။ သူတို့ထဲမှာ ပါဝင်တဲ့ ဗီတာမင် အီးနဲ့ ဇင့်ဓာတ်က ကွီးတို့ရဲ့ မျိုးအောင်မှု ရာခိုင်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ့် မဟေသီလေးနဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေး မွေးဖို့ စဥ်းစားနေတယ်ဆိုရင်တော့ ထောပတ်သီးကလည်း စားသင့်တဲ့အထဲမှာ ပါပါတယ်။

(၄) ငရုတ်သီးတောင့်

ညီလေး တောင့်

ငရုတ်သီးတောင့်ထဲမှာ ပါဝင်တဲ့ Capsaicin ဓာတ်က ကွီးတို့ရဲ့ ဦးနှောက် စွမ်းဆောင်ရည်ကို မြင့်မားစေပြီး စိတ်ခံစားချက်များ ကောင်းလာအောင်လည်း လုပ်ဆောင်ပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားအောင်လည်း ကူညီပေးပြီး မျိုးအောင် နိုင်ခြေ မြင့်မားအောင်လည်း ကူညီပေးပါတယ်။

(၅) ခရမ်းချဥ်သီး

ညီလေး တောင့်

ခရမ်းချဥ်သီးကတော့ သုတ်ပိုး အရေအတွက်ကို တိုးမြှင့်ပေးပြီး သုတ်ပိုးများ အချိန်ကြာကြာ ရှင်သန်နိုင်အောင် ကူညီပေးပါတယ်။ သူတို့ထဲမှာ ပါဝင်တဲ့ လိုင်ကိုပင်းသည်လည်း ဆီးကျိတ်ကင်ဆာနဲ့ ဆက်နွယ်နေတဲ့ ရောဂါများ ဖြစ်ပွားခြင်းမှ လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

အခုဖော်ပြသွားတဲ့ အစားအစာများထဲက ဘယ်အစားအစာများကို များများ စားသုံးဖြစ်နေပါသလဲ။ ဒီအစားအစာများကို များများ စားဖြစ်နေတယ်ဆိုရင်တော့ ကွီးတို့ ညီလေး က တောင့် တင်း သန်မာကာ ကျန်းမာနေမှာ အမှန်ပါပဲ။

Source : Healthline

Featured Photo : Thehealthy