ဝက်ခြံဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က မည်သည့် အရေပြားနေရာမှာမဆို ပေါက်နိုင်ပါတယ်။ မျက်နှာ ၊ ကျောပြင်လို နေရာတွေအပြင် အဆိုးဆုံးကတော့ ကန့်သတ်ဧရိယာ တဝိုက်မှာ ပေါက်တဲ့ ဝက်ခြံတွေပါပဲ။ အမျိုးသားတွေရဲ့ လိင်အင်္ဂါ ညီလေး မှာ ဝက်ခြံ ပေါက်စေတဲ့ အဓိက တရားခံက ဘာဖြစ်မလဲ ?

Pimple On Penis

Photo : Medical News Today

သေချာတာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ ၊ ရေပုံမှန်မချိုးတာ သို့မဟုတ် ညီလေး ကို ပုံမှန်သန့်ရှင်းရေး မလုပ်ပေးတာတွေက ဝက်ခြံဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေဖြစ်သလို အဆီပြန်တဲ့ အသားအရေ ရှိခြင်း ၊ ဆီးခုံမွှေး ရိတ်ခြင်း ၊ အရေပြားနဲ့ ပွတ်တိုက်မှု ဖြစ်စေနိုင်တဲ့ ဘောင်းဘီ သို့မဟုတ် တင်းကျပ်တဲ့ အတွင်းခံတွေ ဝတ်ဆင်ခြင်း စတဲ့အချက်တွေကလည်း လိင်အင်္ဂါမှာ ဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ လိင်မှုကိစ္စ တက်ကြွသူတစ်ယောက် ဖြစ်ပါကလည်း လိင်အင်္ဂါတဝိုက်မှာ ဝက်ခြံ ကဲ့သို့ အဖုအပိန့်တွေ ထွက်ပေါ်လာစေနိုင်ပြီး ဒါဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STDs) ရဲ့လက္ခဏာ အချို့အဖြစ် ပြလေ့ရှိတာ ဖြစ်ပါတယ်။

ညီလေး မှာ ဝက်ခြံပေါက်ပြီဆိုပါက ကုပ်တာဖဲ့တာ ဒါမှမဟုတ် အခြားဆေးမြီတိုတွေနဲ့ ကုသတာတွေကို အထူးရှောင်ကြဉ် သင့်ပါတယ်။ မခန့်မသင့်တဲ့ ပိုးဝင်ပြီး ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဆေးဝါးသောက်သုံးမယ်ဆိုပါကလည်း နားလည်တက်ကျွမ်းတဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုပဲ ရွေးချယ်သောက်သုံးဖို့ အကြံပေးချင်ပါတယ်။

Pimple On Penis

Photo : Zohna

ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်တဲ့ Tea Tree Oil အနည်းငယ်ကို ဂွမ်းစနဲ့ တို့ကာ ယားယံတဲ့ ဝက်ခြံအရေပြား နေရာတဝိုက်ကို လိုက်လံသုတ်လိမ်းပေးခြင်းဖြင့် ဝက်ခြံတွေကို အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဓာတုပစ္စည်းပါတဲ့ ထုတ်ကုန်တွေ ၊ ဆပ်ပြာတွေ အသုံးပြုခြင်းကို အထူးရှောင်ကြဉ်ပါ။

ဝက်ခြံ ပေါက်နေစဉ်မှာ တင်းတင်းကျပ်ကျပ် ဘောင်းဘီတွေ ၊ ကျပ်ထုပ်လွန်းတဲ့ အတွင်းခံတွေ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပြီး ပွပွချောင်ချောင် ချည်ထည်တွေ ၊ လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ချောင်ချောင်ချိချိ အဝတ်အစားတွေကို ဝင်ဆင်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Men’s Health