တက်တူးပုံတစ်ပုံရဲ့ အရည်အသွေးဟာ ရေးထိုးပေးတဲ့ Tattoo Artists ရဲ့ အရည်အချင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ Tattoo Artists တစ်ယောက်မှာ ပင်ကိုယ် အရည်အချင်း ၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး တက်တူးပုံတစ်ပုံရဲ့ လက်ရာဟာလည်း အများကြီးပြောင်းလဲသွားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ တက်တူးပုံကောင်းကောင်းတစ်ပုံ ထိုးချင်တယ်ဆိုရင်တော့ ဈေးနှုန်းကို မကြည့်ပဲ Tattoo Artists ရဲ့ ကျွမ်းကျင်မှု အရည်အချင်းနဲ့ လက်ရာတွေကို ကြည့်ပြီး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဒီတစ်ခေါက်တော့ တက်တူးဝါသနာရှင် ကွီးတို့ သိထားသင့်တဲ့ ကမ္ဘာ့အကောင်းဆုံး Tattoo Artists ၄ ယောက်အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Sailor Jerry

Photo : Hysteria Magazine

Sailor Jerry ကတော့ အမေရိကန်တက်တူးပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းကတော့ Norman Keith Collins ပါ။ သူဟာ တစ်ခါသုံး အပ်တွေကို ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ တက်တူးပညာရှင်တစ်ဦးဖြစ်သလို လက်ရာမြောက်လှတဲ့ တက်တူးပုံတွေရေးထိုးနိုင်တဲ့ အတော်ဆုံး Artist တစ်ယောက် ဖြစ်ပါတယ်။ Sailor Jerry ရဲ့ လူသိများတဲ့ လက်ရာတွေထဲမှာ အရက်ပုလင်း ၊ မြွေ ၊ တောကြောင်နဲ့ Aloha မျောက်ပုံ တက်တူးဒီဇိုင်းတွေ ပါဝင်ပါတယ်။

(၂) Scott Campbell

Photo : British GQ

Scott Campbell ဟာ New York အခြေစိုက် အမေရိကန်တက်တူးပညာရှင်ဖြစ်ပြီး ၁၉၇၇ ခုနှစ် မေလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ Heath Ledger ၊ Josh Hartnett ၊ Orlando Bloom ၊ Josh Hartnett နဲ့ Marc Jacobs တို့လို နာမည်ကြီး ဆယ်လီ အများအပြားကို တက်တူးရေးထိုးပေးခဲ့သူပါ။ မင်းသားချော Heath Ledger ရဲ့ ဘယ်ဘက်လက်မောင်းက ငှက်ပုံဟာလည်း Scott Campbell ရဲ့ လက်ရာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး Tattoo Artists စာရင်းဝင်သူ တစ်ဦးပဲ ဖြစ်ပါတယ်။

(၃) Lokesh Verma

Photo : The Logical Indian

Lokesh Verma ကတော့ အိန္ဒိယတက်တူးပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့တစ်ခုတည်းသော နိုင်ငံတကာတက်တူးပွဲတော်တစ်ခုဖြစ်တဲ့ Heartwork Tattoo Festival ရဲ့ founder တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ တက်တူးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၈ မှာ သူ့ရဲ့ ကိုယ်ပိုင် တက်တူးစတူဒီယိုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရာမြောက်လှတဲ့ တက်တူးပုံတွေနဲ့အတူ Lokesh Verma ဟာ အိန္ဒိယရဲ့ အကောင်းဆုံး တက်တူးပညာရှင်တစ်ယောက်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး Tattoo Artists တွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

(၄) Ryan Ashley Malarkey

Photo : Female Tattooers

အမေရိကန်တက်တူးပညာရှင် Ryan Ashley Malarkey ကတော့ Ink Master TV ရှိုးမှာ အစီအစဉ် တင်ဆက်သူတစ်ယောက်အဖြစ် လူသိများပါတယ်။ သူမဟာ Black & Gray တက်တူးဒီဇိုင်းတွေ ၊ Beadwork နဲ့ အနုစိတ်လှတဲ့ တက်တူးဒီဇိုင်းတွေနဲ့ နာမည်ကြီးသူ ဖြစ်ပါတယ်။ Pennsylvania မှာ ထူးခြားတဲ့ ရှေးဟောင်းပစ္စည်းဆိုင် နှစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး တက်တူးပညာရှင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။

Featured Photo : Dazed