OnePlus ကနေ နောက်ဆုံးထွက် တက်ဘလက် အသစ် OnePlus Pad Go ကို ကြေညာလိုက်ပါပြီ။ Pad Go ဟာ OnePlus Pad နဲ့ နှိုင်းယှဉ်ပါက ပိုမိုဈေးသက်သာမှာဖြစ်ပြီး Specs ပိုင်းတွေတော့ အနည်းငယ်လျှော့ချ ထားပါတယ်။

Photo : GSMArena.com

Pad Go တက်ဘလက် မှာ ၁၁.၃၅ လက်မ IPS LCD တပ်ဆင်ထားပြီး 1720 x 2408 px Resolution ၊ 90Hz Refresh Rate နဲ့ 7:5 Aspect Ratio ထောက်ပံ့ပေးထားပါတယ်။ Dolby Atmos နဲ့ စပီကာလေးလုံး ထည့်သွင်းပေးထားပြီး ရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ပေးထားပါတယ်။

Chipset ကို MediaTek Helio G99 မောင်းနှင်ထားပြီး 8GB RAM ၊ 128/256GB Storage အတွဲအစပ်နဲ့ MicroSD Card Slot တစ်ခုလည်း ပါဝင်ပါတယ်။ နောက်ကျောဘက် အလယ်ဗဟိုတည့်တည့် ကြီးမားတဲ့ Ring ထဲမှာတော့ 8MP Main ကင်မရာကို ထည့်သွင်းထားပါတယ်။

OnePlus Pad Go

Photo : GSMArena.com

OnePlus Pad Go ရဲ့ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 13 အခြေပြု OxygenOS 13.2 ကို သုံးထားပြီး OnePlus ဖုန်းတွေနဲ့ချိတ်ဆက်ပြီးလည်း ဖိုင်ပို့တာ ၊ Screen Mirroring နဲ့ တခြားအမိုက်စား Features တွေကိုပါ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Pad Go ရဲ့ ဘက်ထရီကိုတော့ 33W SuperVOOC Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 8,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

Photo : GSMArena.com

OnePlus Pad Go တက်ဘလက် ကို Twin Mint အရောင်တစ်မျိုးတည်းထုတ်ထားပြီး 8/128GB Wi-Fi သီးသန့် မော်ဒယ်အတွက် ဈေးနှုန်းကတော့ ရူပီး ၁၉,၉၉၉ (ဒေါ်လာ ၂၄၀) နဲ့ 8/256GB LTE မော်ဒယ်အတွက် ဈေးနှုန်းကတော့ ရူပီး ၂၃,၉၉၉ (ဒေါ်လာ ၂၈၈) ခန့်အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

OnePlus အနေနဲ့ Pad Go ကို အိန္ဒိယမဟုတ်တဲ့ တခြားဈေးကွက်တွေအတွက် ရောင်းချမယ့် ဈေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Featured Photo : Gizmochina