သုတ်တစ်ကြိမ် လွှတ်ပြီးတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ Recovery ရဖို့ တစ်အားနည်း အချိန်တိုအတွင်းမှာ လိင်တံ နောက်တစ်ကြိမ် ပြန်လည်ထောင်မတ်လာနိုင်ဖို့ဆိုရင် ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးနဲ့ သွေးစီးဆင်းမှု ကောင်းမွန်စေဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် အမျိုးသားတစ်ယောက် သုတ်လွှတ်ပြီးချိန်မှာ နောက်တစ်ကြိမ် လိင်တံပြန်ထောင်မတ်နိုင်ဖို့ အချိန်အပိုင်းအခြားတစ်ခု လိုအပ်ပါတယ်။ ကြာချိန်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ တချီတည်း နဲ့ ကွီးတို့ ဖလက်ပြမသွားရစေပဲ အချိန်အတွင်း Recovery ပြန်ရဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
(၁) ခန္ဓာကိုယ် အလုံးစုံ ကျန်းမာရေးကောင်းဖို့ အာရုံစိုက်ပါ
Photo : Action Sport Physio
ကွီးတို့ ခန္ဓာကိုယ်ရဲ့ Overall ကျန်းမာရေးဟာ လိင်တံထောင်မတ်မှုအတွက် အဓိက အရေးပါပါတယ်။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်တာ ၊ ကျန်းမာမျှတအောင် စားတာ ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာ ၊ စိတ်ဖိစီးမှု လျှော့ချတာ စတဲ့ Healthy ဖြစ်တဲ့ အလေ့အကျင့်တွေကို မှန်မှန်လေး ထိန်းထားမယ်ဆိုရင် လိင်မှုကျန်းမာရေးနဲ့ လိင်မှုစွမ်းဆောင်ရည်ပိုင်းမှာ သိသာတဲ့ ကောင်းကျိုးရလဒ်ကို ခံစားရမှာဖြစ်သလို တချီတည်း နဲ့ ပွဲပန်းမသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။
(၂) Pelvic ဧရိယာဆီ သွေးစီးဆင်းမှုကောင်းအောင် လုပ်ပါ
Photo : Sandhus Nutrition
တင်ပါးဆုံတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းကောင်းရှိတယ်ဆိုရင် Pelvic Floor Muscles တွေရဲ့ ကြံ့ခိုင်သန်မာမှုဟာ တိုးလာမှာဖြစ်ပြီး လိင်တံထောင်မတ်မှု ပိုမိုအားကောင်းတာ ၊ တစ်ကြိမ်သုတ်လွှတ်ပြီးတာနဲ့ နောက်တစ်ကြိမ် မြန်မြန်ဆန်ဆန်ပဲ လိင်တံပြန်လည်ထောင်မတ်နိုင်တာ စတဲ့ ကောင်းကျိုးတွေကို ရနိုင်ပါတယ်။ Pelvic ဧရိယာဆီ သွေးစီးဆင်းမှု ကောင်းစေဖို့ Nitric Oxide မြင့်မားတဲ့ အစားအစာတွေ ၊ ဖြည့်စွက်စာတွေကို မှီဝဲနိုင်သလို Kegel Exercises တွေလည်း လုပ်နိုင်ပါတယ်။
(၃) ပါတနာရဲ့ အကူညီကို ရယူပါ
Photo : The Gottman Institute
ကွီးတို့ရဲ့ ပန်းကြီး အကြိမ်ကြိမ် လန်းဆန်းနေစေဖို့ ပန်းပျိုးသူ ကွီးတို့ ပါတနာရဲ့ ပြုစုမှုဟာ အရေးပါပါတယ်။ တစ်ကြိမ် သုတ်လွှတ်ပြီးတဲ့အခါမှာ ပါတနာနဲ့ ပွတ်သီးပွတ်သပ် အခြေအနေလေးကို ဖန်တီးပြီး ပွေ့ဖက်နမ်းရှိုက်တာ ၊ နှိုးဆွချော့မြူ ပေးတာတွေ လုပ်ပေးမယ်ဆိုရင် ကွီးတို့ မြွေကြီး တချီတည်း နဲ့ ပွဲပန်းသွားမှာ မဟုတ်တော့ပဲ တစ်ကြိမ် ပြန်စဖို့ကို ရယ်ဒီအသင့်အနေအထား ပြန်ဖြစ်လာပါလိမ့်မယ်။
Source : Medical News Today
Featured Photo : LovePanky