တစ်ကိုယ်ရည် အာသာဖြေ တာများရင် ငယ်ပါ လေး ကျုံ့လာမယ်လို့ ယောကျာ်းချင်း စနောက်ပြောဆို ကြတာ မကြာခဏကြား ဖူးကြမယ်ထင်ပါတယ်။ ဒီစကားက တကယ်အမှန်ပဲလား မေးစရာရှိပါတယ်။ ယောကျာ်းလေး တော်တော်များများက ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ်များတက်တာကြောင့် အဆိုပါစကားဟာ အမှန်အမှား သေချာကွဲပြားစွာ မသိရင်တောင်မှာ အနည်းဆုံးတော့ သို့လောသို့လောနဲ့ စိတ်ပူစရာ ဖြစ်နေတက်ပါတယ်။ ဆိုတော့ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ငယ်ပါအရွယ်အစားက တကယ်ပဲ ဆက်စပ်နေသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ကွီးတို့ ဗဟုသုတရစေဖို့ ပြောပြပေးပါမယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ရအောင်ပါ။

တစ်ကိုယ်ရည် အာသာဖြေခြင်းက ငယ်ပါ ကို ပိုကြီး/ပိုသေး သွားစေနိုင်လား ?

masturbation
Photo : Greatist

တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းက အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားမျိုး မရှိပါဘူး။ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ လိင်တံထောင်မတ်နေခြင်းကြောင့် ဖွားဖက်တော် အရွယ်အစားကို အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဒါဟာ ယာယီအားဖြင့်သာ ဖြစ်ပါတယ်။ သုက်လွှတ်ပြီးနောက်မှာတော့ လိင်တံဟာ ပုံမှန်အရွယ်အစားကို ပြန်လည်ရောက်ရှိ သွားမှာပါ။

အလားတူ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာလည်း လိင်မှုဆိုင်ရာလုပ်ဆောင်မှုနဲ့ လိင်တံဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါတဲ့ ဟော်မုန်းတစ်ခု ဖြစ်ပြီး တစ်ကိုယ်ရည် အာသာဖြေနေစဉ်အတွင်းမှာ တက်စတိုစတီရုန်း (Testosterone) ပမာဏ အတက်အကျ ရှိနိုင်တာကြောင့် လိင်တံအရွယ်အစား အနည်းငယ် အပြောင်းအလဲ ရှိတက်ပေမယ့် ဒါဟာလည်း ရေရှည်အတွက် အကျိုးသက်ရောက်မှုမရှိပါဘူး။

သုက်လွှတ်ပြီး မကြာခင်မှာပဲ တက်စတိုစတီရုန်း (Testosterone) ပမဏဟာ ပုံမှန်ပြန် ဖြစ်လာပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ငယ်ပါ အရွယ်အစားကို ပိုကြီး/ပိုသေး သွားစေတယ်ဆိုတဲ့ စကားတွေဟာ အမှန်မဟုတ်ပဲ သိပ္ပံနည်းကျ အထောက်အထားလည်း မရှိတဲ့ အရပ်ပြောစကားသပ်သပ်သာ ဖြစ်ပါတယ်။

ငယ်ပါ အရွယ်အစားနဲ့ ပတ်သတ်ပြီး သိထားသင့်သမျှ………

masturbation
Photo : Healthline

အမျိုးသားတွေရဲ့ လိင်တံ အရွယ်အစားဟာ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ ထောင်မတ်မှု မရှိချိန် ၃.၆ လက်မ ဝန်းကျင်ခန့် ရှိတက်ပြီး ထောင်မတ်နေချိန်မှာတော့ ၅.၂ လက်မခန့်ကနေ ၅.၅ လက်မခန့် ရှိတက်ပါတယ်။ ဒါဟာ ယေဘူယျ အတိုင်းအတာ တစ်ခုဖြစ်ပြီး လူမျိုး ၊ မျိုးရိုးဗီဇနဲ့ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီးလည်း အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အမျိုးသားတွေမှာ လူပျိုဖော်ဝင်ချိန်ကစလို့ လိင်တံအရွယ်အစားဟာ ဖွံ့ဖြိုးကြီးထွားလာပြီး အသက် ၁၉ နှစ်ကနေ ၂၀ ဝန်းကျင်မှာတော့ လိင်တံဖွံ့ဖြိုးမှုဟာ ရပ်တန့်သွားပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ မြင်နေရတဲ့ ကြီးဆေးဆိုတဲ့ ဆေးဝါးတွေဟာ သင့်ဖွားဖက်တော် အရွယ်အစားကို သိသာတဲ့ ပြောင်းလဲမှု ရလဒ်မျိုး မြင်တွေ့ရစေမှာ မဟုတ်ပဲ ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးတွေကသာ ပိုရှိနိုင်တာ ဖြစ်ပါတယ်။

ဖွားဖက်တော် အရွယ်အစား ကြီးထွားဖို့ထက် နဂိုရှိရင်းစွဲဆိုဒ်အရွယ်အစားအတိုင်း မြင်တွေ့ရဖို့ကသာ ပိုအာရုံစိုက်ရမယ့် အချက်တစ်ခုဖြစ်ပြီး ဒီလိုဖြစ်ဖို့အတွက်ဆိုရင် အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းတာ ၊ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ရရှိဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ ၊ လိင်တံထောင်မတ်မှုကို လျော့ကျစေနိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး မှီဝဲခြင်းကို ရှောင်ကျဉ်တာ ၊ ငယ်ပါ အရွယ်အစားကို သေးသယောင်ထင်မှတ်ရစေနိုင်တဲ့ လိင်အင်္ဂါနဲ့ ဆီးခုံတဝိုက်က အမွှေးအမျှင်တွေကို ပုံမှန်ဖယ်ရှားတာ စတဲ့အချက်တွေ လုပ်ဆောင်နိုင်ပါတယ်။

Source : Medical News Today

Featured Photo : Healthline