ရာသီဥတု ပူလာတာနဲ့အမျှ ချွေးထွက်များပြီး ခန္ဓာကိုယ်က အနံ့အသက် ဆိုးတွေ ပိုထွက်လာတက်ပါတယ်။ အထူးသဖြင့် အခုလို နွေရာသီကာလတွေမှာ ခန္ဓာကိုယ်က အနံ့ဆိုးတွေ သိသိသာသာပို ထွက်လာတက်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျှော့ကျစေရုံသာမက ပတ်ဝန်းကျင်က လူတွေအတွက်လည်း စိတ်အနှောက်ယှက်ဖြစ်စရာပါ။ ဒီလိုမဖြစ်ရအောင် ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ တစ်နေ့ကုန် အနံ့အသက်ကောင်းနေစေဖို့ လုပ်ဆောင်နိုင်မယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

(၁) ရေပုံမှန်ချိုးပါ

man taking shower

Photo : Brickell Men’s Products

ခန္ဓာကိုယ်မှာ အနံ့အသက် ကောင်းနေဖို့ဆိုရင် အရေးကြီးဆုံးအချက်က တစ်ကိုယ်ရည် သန့်ရှင်းမှုပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်က အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ၊ အဆီနဲ့ ဆဲလ်သေတွေ စုပုံနေတက်ပါတယ်။ ဒါတွေနဲ့ ချွေးနဲ့ပေါင်းစပ်ပြီး အနံ့ဆိုးတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် ရေပုံမှန်ချိုးပြီး သန့်ရှင်းရေး လုပ်ပေးတာက ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်စေမယ့် အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးရာ ရောက်ပြီး အနံ့အသက် ကောင်းနေစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ချိုင်းလိမ်းဆီ သုံးပါ

Deodorant

Photo : vitaman usa

ခန္ဓာကိုယ် အနံ့အသက် ဆိုးထွက်စေတာကို ကာကွယ်ဖို့အကောင်းဆုံး နည်းလမ်းကတော့ ချိုင်းလိမ်းဆီ သုံးတာပါပဲ။ ချိုင်းနေရာဟာ ချွေးထွက်များပြီး ဘက်တီရီးယားတွေ ခိုအောင်းလို့အကောင်းဆုံး နေရာတစ်ခုဖြစ်တဲ့အတွက် အနံ့ဆိုးတွေကို ထွက်ပေါ်စေနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ချိုင်းလိမ်းဆီ သေချာပေါက် သုံးခြင်းဖြင့် ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အလားတူ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ရေမွှေးကောင်းကောင်း သုံးပေးတာဟာလည်း အနံ့သက်ဆိုးတွေကို သက်သာစေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) အနံ့ပြင်းတဲ့ အစားအစာတွေ ရှောင်ပါ

Photo : Promises Behavioral Health

အစားအသောက်ကလည်း ခန္ဓာကိုယ်က ထွက်ရှိတဲ့ အနံ့အသက်အပေါ် သက်ရောက်မှု ရှိပါတယ်။ အနံ့ပြင်းတဲ့ အစားအစာတွေ ဥပမာ ကြက်သွန်ဖြူ ၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ တခြားသော အနံ့ခပ်ပြင်းပြင်း ရှိတဲ့ အစားအစာတွေကို စားပြီးချိန်မှာ ခံတွင်းနဲ့ အရေပြားပေါ်မှာ အနံ့ဆိုးတွေ ထွက်လာဖို့ အခွင့်အရေး ပိုများပါတယ်။ ဒီအစားအစာတွေဟာ ချွေးထွက်လာချိန်မှာ အနံ့ဆိုးတွေကို ပိုပြီး ဖြစ်ပေါ်လာစေနိုင်တာပါ။ ဒါကြောင့် အနံ့ပြင်းတဲ့ အစားအစာတွေကို တက်နိုင်သမျှ ရှောင်ကြဉ်ပြီး လတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားတာ ၊ ရေများများသောက်တာ လုပ်ပေးသင့်ပါတယ်။

(၄) အဝတ်အစားတွေ သေချာရွေးချယ်ပါ

Clothes

Photo : Health

တစ်နေ့တာလုံး အနံ့အသက် ကောင်းနေစေဖို့ဆို အဝတ်အစားကလည်း အရေးကြီးပါတယ်။ သေချာလျှော်ဖွတ် သန့်စင်ထားခြင်းမရှိတဲ့ အဝတ်အစားတွေ ၊ ထူထဲပြီး ချွေးနဲ့ အနံ့သက်ဆိုးတွေ ခိုအောင်းနေနိုင်မယ့် အဝတ်အစားတွေကို လုံးဝမဝတ်သင့်ပါဘူး။ အဝတ်အစားတွေကိုသေချာ သန့်သန့်ရှင်းရှင်းနဲ့ မွှေးပျံ့အောင် လျှော်ဖွတ်သန့်စင်ပြီးမှ ဝတ်သင့်သလို အခုလို ပူအိုက်တာရာသီမှာ ခပ်ပွပွ ချည်ထည်အဝတ်အစားတွေကို ဦးစားပေးဝတ်တာက အေးမြပြီး အနံ့အသက်ကောင်းနေစေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : The Fashionisto