ဝိတ်ကျ ဖို့ဆိုတာ တကယ်တော့ အရမ်းကြီး ခက်ခဲမနေပါဘူး။ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက နေထိုင်မှုပုံစံ လုပ်ရိုးလုပ်စဉ်တချို့ကို ပြောင်းလဲပစ်နိုင်တာနဲ့ ဝိတ်ကျဖို့ လွယ်လာပါလိမ့်မယ်။ ဝိတ်ချတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိအောင် ချဖို့ကလည်း သိပ်ကို အရမ်းကြီးပါတယ်။ ဝိတ်သာကျသွားပြီး ကျန်းမာခြင်းတွေပါ ဆုံးရှုံးသွားမယ်ဆို မတန်ပါဘူး။ ဒီတော့ ကျန်းကျန်းမာမာနဲ့ အချိန်တိုအတွင်း ဝိတ်ကျဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ရေပိုသောက်ပါ
Photo : ThoughtCo
ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှု ၊ ဘော်ဒီအရွယ်အစား ၊ ကြွက်သားအချိုးအစားနဲ့ ချွေးထွက်နှုန်းတွေ အပေါ်အခြေခံပြီး လူတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ရေဓာတ် လိုအပ်ချက်ပမဏကို သတ်မှတ်ပါတယ်။ ကွီးတို့က ဝိတ်ကျချင်ရင် ရေများများ ပိုသောက်မပျင်းပါနဲ့။ တစ်နေ့တာအတွင်း ရေဓာတ်လုံလောက်စွာ သောက်ပေးတာဟာ ကိုယ်အလေးချိန်ကျစေဖို့အတွက် ထိရောက်တဲ့နည်းဗျူဟာ တစ်ခုပါ။ တစ်နေ့တာအတွင်းမှာ စုစုပေါင်း ရေ ၃ လီတာကနေ ၄ လီတာခန့် သောက်ပေးတာဟာ တစ်လအတွင်းမှာ ၁၀ ခန့်ကျ ဝိတ်ကျ စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
(၂) ကယ်လိုရီ လျှော့စားပါ
Photo : Verywell Health
ဝိတ်ကျဖို့ဆို ပုံမှန်စားနေကျထက် လျှော့စားရမယ့် နည်းနည်းပဲ စားရမယ်လို့ တော်တော်များများ လက်ခံထားပါတယ်။ ဒါဟာ မှန်သင့်သလောက် မှန်ပါတယ်။ သို့သော် အစားအစာရဲ့ ပမဏထက် ကယ်လိုရီပမဏကို လျှော့စားတာ သို့မဟုတ် တွက်ချက်စားပေးဖို့က အဓိကလိုအပ်တာပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမဏထက် ကျော်လွန်ပြီး စားနေသ၍တော့ ဝိတ်ကျဖို့ မလွယ်ပါဘူး။ ဒါကြောင့် အမှန်တကယ် ဝိတ်ကျ ချင်ရင် ကယ်လိုရီပမဏကို တွက်ချက်စားပေးဖို့ လိုပါတယ်။
(၃) ကစီဓာတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို အရင်ဆုံးစားပါ
Photo : GoodRx
အစားစားတဲ့အခါ ကယ်လိုရီပါဝင်မှုနည်းပြီး ကစီဓာတ်မပါတဲ့ Non-Starchy Vegetables တွေကို အရင်စားပေးတာက ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒီနည်းဗျူဟာက ကယ်လိုရီစားသုံးမှုကို လျှော့ချဖို့ ပိုမိုလွယ်ကူစေပါလိမ့်မယ်။ ဒါကြောင့် အစားမစားခင် လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ သခွားသီး ၊ တရုတ်နံနံ ၊ ဟင်းနုနွယ်ရွက် ၊ ခရမ်းချဉ်သီး ၊ ငရုတ်ပွ ၊ ဘရိုကိုလီ ၊ ပန်းဂေါ်ဖီ ၊ မှို နဲ့ ကညွတ်တို့လို ကစီဓာတ်နည်းတဲ့ Non-Starchy Vegetables တွေ အရင်စားပေးပါ။
(၄) မနက်စောစော လေ့ကျင့်ခန်းလုပ်ပါ
Photo : Eat This Not That
မနက်ခင်းစောစော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာဟာ ကယ်လိုရီပိုမို လောင်ကျွမ်းစေရုံမကပဲ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးကာ စိတ်ခံစားမှုကိုလည်း ပိုကောင်းစေတဲ့အတွက် တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကျန်းမာနေဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရ အချိန်တိုအတွင်းမှာ မြန်မြန် ဝိတ်ကျ ဖို့ကြိုးစားနေသူတွေ အနေနဲ့ဆိုရင် ညနေခင်းထက် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးတာက ထိရောက်မှုပိုရှိတယ်လို့ ဆိုထားပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆီလောင်ကျွမ်းမှုများပြီး ခန္ဓာကိုယ်ကျစ်လစ်ကြံ့ခိုင်မှုကိုတိုးလာစေဖို့ အေရိုးဗစ်နဲ့ Strength Training တွေကို တွဲကစားပေးသင့်ပါတယ်။
(၅) ထိုင်တဲ့အချိန် လျှော့ချပါ
Photo : The Spruce
ထိုင်တဲ့အချိန် များနေရင်လည်း ဝိတ်ကျဖို့ မလွယ်ပါဘူး။ အထိုင်များတာက အဝလွန်ခြင်းအပါအဝင် ရောဂါမျိုးစုံဝင်လာနိုင်တဲ့ အလေ့အကျင့်ဆိုးတစ်ခု ဖြစ်ပါတယ်။ ဝိတ်ကျ ချင်ရင် တစ်နေ့တာအတွင်းမှာ ထိုင်နေတဲ့ အချိန်တွေကို လျှော့ချဖို့ လိုပါတယ်။ တစ်နာရီလောက် ခုံမှာထိုင်ပြီးတာနဲ့ အနည်းဆုံး ၁၀ မိနစ်လောက် လမ်းထလျှောက်တာ ၊ လှေကားအတက်အဆင်း လုပ်တာ စသဖြင့် လှုပ်လှုပ်ရှားရှား လုပ်ပေးသင့်ပါတယ်။
Featured Photo : Muscle & Fitness