တရားထိုင်ခြင်း (Meditation) က ကွီးတို့ရဲ့ စိတ်ကို အာရုံစူးစိုက်နိုင်စေရန် အတွေးများကို ပြန်လည်တည့်မတ်နိုင်‌စေရန် လေ့ကျင့်ပေးတဲ့ ပုံမှန်ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ တရားထိုင်ခြင်း ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမို ရှာဖွေတွေ့ရှိလာတာကြောင့် လူများအကြားတွင် စိတ်ဝင်စားမှု မြင့်တတ်လာခဲ့ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် တရားထိုင်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ ကိုဝေမျှပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်

တရားထိုင်ခြင်း ကြောင့်

Photo : RxWiki

တရားထိုင်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ ထဲမှာ အဓိကအကျဆုံးတစ်ခုကတော့ စိတ်ဖိစီးမှုကို လျှော့ချပေးတာပဲ ဖြစ်ပါတယ်။ လူတော်တော်များများရဲ့ တရားထိုင်ခြင်း ရည်ရွယ်ချက်ကလည်း စိတ်ဖိစီးမှုလျှော့ချဖိုနဲ့ စိတ်တည်ငြိမ်အေးချမ်းစေဖို့ ဖြစ်ပါတယ်။ ပုံမှန်အား ဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများက စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော ပမာဏကို တိုးလာစေပါတယ်။ ၎င်းက Cytokines ဟုခေါ်တဲ့ ရောင်ရမ်းစေသော ဓာတုပစ္စည်းများ ထွက်လာခြင်း စသည့် စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိသော သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေပါတယ်။ ၎င်း အကျိုးသက်ရောက်မှုများက ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်ပြီး စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုကို မြှင့်တင်ပေးတဲ့အပြင် သွေးပေါင်ချိန်တိုးစေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း တို့ကိုလည်းဖြစ်စေပါတယ်။ တရားထိုင်ခြင်း ကြောင့် စိတ်ဖိစီးမှု လျော့ကျစေပြီး ထိုအရာများကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

သွေးဖိအားကို လျော့ကျစေပါတယ်

တရားထိုင်ခြင်း ကြောင့်

Photo : Norwood Medical Associates

သွေးဖိအားမြင့်တတ်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းကြောင့် နှလုံးပိုအလုပ်လုပ်ရပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို အားနည်းစေပါတယ်။ ထို့အပြင် သွေးတိုးရောဂါသည် နှလုံးသွေးကြောကျဉ်းခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တရားထိုင်ခြင်းက သွေးဖိစီးမှုကို လျော့ကျစေခြင်းကြောင့် နှလုံးရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပြီးသားလည်း ဖြစ်စေပါတယ်။

အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်

Meditation

Photo : Sleep Apnea Center Los Angeles

တရားထိုင်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိူးကျေးဇူးများ ထဲမှာ ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်း ပိုမိုကောင်းမွန် တိုးတတ်လာစေခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တရားထိုင်ခြင်းက ကွီးတိုရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးခြင်းကြောင့် စိတ်ကို တည်ငြိမ်စေပါတယ်။ ထို့အပြင် တရားထိုင်ခြင်းက ခန္ဓာကိုယ်ကို ပြောလျော့စေပြီး အိပ်ပျော်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။ ညဘက် အိပ်ပျော်ဖို့ ခက်ခဲနေတဲ့ ကွီးတို့လည်း တစ်နေ့ကို အချိန်အနည်းငယ် တရားထိုင်ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

မှတ်ဉာဏ်ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်

memory loss

Photo : Inc.Magazine

တရားထိုင်ခြင်းက အာရုံစူးစိုက်မှုနဲ့ တွေးခေါ်မှုတို့ကို ကြည်လင်ပြန်သားစေသောကြောင့် မှတ်ဉာဏ်စွမ်းအားကို တိုးတတ်လာစေတယ်လို့ ဆိုပါတယ်။ အလားတူပင် သက်ကြီးရွယ်အိုများတွင် တရားထိုင်ခြင်းက အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို တိုးမြင့်စေနိုင်ပါတယ်။ အသက်အရွယ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကို တိုက်ဖျက်နိုင်တဲ့အပြင် တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စေတယ် လို့လည်း ဆိုထားပါသေးတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ တရားထိုင်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများ ထဲမှ အချို့ပဲဖြစ်တယ်။ တရားထိုင်ခြင်းကနေ ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တစ်နေ့တာအတွက် မိနစ် အနည်းငယ်အချိန်ပေးပြီး တရားထိုင်ပေး သင့်ပါတယ်။

Source : Health Line

Featured Photo : The Manual