ကွီးတို့ အိမ်ရဲ့ ဧည့်ခန်းထဲမှာ တီဗွီရှိရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ တကယ်တော့ မလုံလောက်ပါဘူး။ တချို့ တီဗွီ တွေက အသံတိုးတဲ့အတွက်ကြောင့် Soundbar တွေပါ ထည့်ပေါင်းမှ ကွီးတို့ လိုချင်တဲ့ အသံကွာလတီအတိုင်း ထွက်လာမှာပါ။
အခုဖော်ပြပေးမယ့် မော်ဒယ် အမျိုးအစားများကတော့ ကွီးတို့ရဲ့ တီဗွီနဲ့ လိုက်ဖက်တဲ့ Soundbar တွေပဲ ဖြစ်ပါတယ်။
Samsung HW-Q800C

Samsung ပရိသတ်တွေအတွက် ရွေးချယ်သင့်တဲ့ မော်ဒယ် အမျိုးအစားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသံပါဝါကတော့ 360W အထိ သွားပါတယ်။ အခန်းထဲမှာ ထားပြီး နားထောင်မယ်ဆိုရင် အသံကြီးက ဟီးနေတာက အားရစရာပါပဲ။ ရုပ်ရှင်ဇာတ်လမ်းတွေ၊ အထူးသဖြင့် သရဲကားတွေကြည့်ရင် မတူညီတဲ့ ဖီလင်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
Sony HT-S2000

Sony ပရိသတ်တွေအတွက်ကတော့ Sony HT-S2000 မော်ဒယ်လေး ရှိပါတယ်။ ကွီးတို့ ဧည့်ခန်းထဲက တီဗွီ နဲ့ လိုက်ဖက်တဲ့ Soundbar တစ်ခုဆိုလည်း မမှားပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၅၉ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
Samsung HW-Q990D

ဒီအမျိုးအစားကို ဝယ်ယူမယ်ဆိုရင်လည်း နောင်တရမှာ မဟုတ်ပါဘူး။ အသံစနစ်က အမိုက်စားဖြစ်ပြီး ဗွီဒီယို ဂိမ်းတွေ ကစားတဲ့ ကွီးတို့အတွက်တော့ အမိုက်စားပါပဲ။ ဈေးကတော့ အနည်းငယ် မြှောက်ပါတယ်။ ဒေါ်လာ ၁၈၀၀ ကျော် သုံးဖို့ လိုအပ်ပါလိမ့်မယ်။
Bose Smart Soundbar 600

ဒီအမျိုးအစားလေးကတော့ ဒီဇိုင်းကလည်း မိုက်ပြီး ဖန်ရှင်တွေကလည်း အစုံပါတဲ့အတွက်ကြောင့် ဝယ်သင့်တဲ့အထဲမှာ ပါပါတယ်။ Wi-Fi နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို Bluetooth, Airplay နဲ့ Chomecast တို့နဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၄၉ ဒေါ်လာသာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
Sony HT-A7000

ဒီမော်ဒယ် အမျိုးအစားကတော့ ဂိမ်းဆော့တဲ့ ကွီးတို့အတွက် သင့်တော်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ Audio Power ကဆိုရင် 500W တောင် ရှိတယ်လို့ ကြေညာထားတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ ဈေးနျုန်းကတော့ ဒေါ်လာ ၁၂၅၉ ဒေါ်လာ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။
Sonos Arc

Sonos ဖန်တွေအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။ ဘလူးတုစ်နဲ့လည်း ချိတ်လို့ရတဲ့အပြင် ကေဘယ်လ်ကြိုးတွေနဲ့လည်း ချိတ်ဆက် အသုံးပြုလို့ ရပါသေးတယ်။ အရောင်ကလည်း အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး ရွေးချယ်စရာ နှစ်မျိုး ရှိပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၆၉၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အမျိုးအစားတွေထဲက ဘယ်မော်ဒယ် အမျိုးအစားကို ကွီးတို့ ကြိုက်နှစ်သက် ကြပါသလဲ။
Source: Techradar
Featured Image: Reliant.co.uk
