လူကြီးကစားစရာ Vibrators တွေဆိုတာ တစ်ကိုယ်ရည် အာသာဖြေချိန်မှာသာမက ပါတနာနဲ့အတူ ဆန်းသစ်တဲ့ ခံစားမှုအသစ်တွေ ရှာဖွေတဲ့ နေရာမှာပါ အသုံးပြုလို့ရတဲ့ ကာမစိတ်ရွှင် ပစ္စည်းတွေ ဖြစ်ပါတယ်။ Vibrators အမျိုးအစားတွေကတော့ အမျိုးမျိုးရှိပြီး မတူညီတဲ့ ဒီဇိုင်းပုံစံအလိုက် အသုံးပြုပုံတွေ ၊ ပေးစွမ်းတဲ့ လိင်စိတ်ခံစားမှု အာရုံတွေကလည်း ကွဲပြားမှု ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အခုမှစပြီး တုန်တုန် စမ်းသုံးကြည့်ဖို့ စိတ်ကူးနေတဲ့ ကွီးတို့အတွက် ဘယ်လို အမျိုးအစားတွေကို ဦးစားပေး ဝယ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) Rabbit Vibrators

Photo : McGrocer
ကွီးတို့ လူကြီးကားတွေထဲမှာ မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ Rabbit တုန်တုန် ဆိုတာကတော့ ပင်မရိုးတံပေါ်မှာ ယုန်နားရွက် ကဲ့သို့ အပေါ်ဘက်ကို ထောင်ထွက်နေတဲ့ သေးငယ်တဲ့ လျှာပုံသဏ္ဌာန် အပိုင်းလေး ပါဝင်တဲ့ Vibrators တွေကို ခေါ်ပါတယ်။ ဒီ Rabbit Vibrators တွေက မိန်းမကိုယ် အတွင်းပိုင်းရော မိန်းမအင်္ဂါစေ့ Clitoris ကိုပါ တစ်ပြိုင်တည်း နှိုးဆွမှုပေးနိုင်ပြီး အော်ဂဇင်ကို ထိထိမိမိ ရရှိစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။
(၂) G-spot Vibrators

Photo : Walmart
G-spot Vibrators တွေကတော့ ရှင်းပါတယ်။ မိန်းမကိုယ် အတွင်းပိုင်း နှိုးဆွလှုံ့ဆော်မှုအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ တုန်တုန် အမျိုးအစားပါ။ အမျိုးသမီးတွေရဲ့ G-spot ဟာ ဆီးခုံအောက်တည့်တည့် မိန်းမကိုယ်အတွင်းဘက် အပေါ်ဖက်နံရံ လက် ၂ လုံး သို့မဟုတ် ၃ လုံးခန့် နေရာမှာ တည်ရှိပါတယ်။ ဒါကြောင့် G-spot Vibrators တွေက G-spot နေရာတည့်တည့်ကို လှုံ့ဆော်မှုပေးနိုင်ဖို့ ထိပ်ဖျားပိုင်းကို အပေါ်ဘက်သို့ အနည်းငယ် ကော့ထားတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပါတယ်။
(၃) Wand Vibrators
Photo : The Beauty Store
Wand Vibrators ဆိုတာ ကွီးတို့ အားလုံးသိကြတဲ့ တကယ် သီချင်းဆိုလို့မရတဲ့ မိုက်ကြီးတွေကို ခေါ်ပါတယ်။ Wand Vibrators တွေရဲ့ ထိပ်ပိုင်း ဘုလုံးလေးက အဓိက တုန်ခါမှုကို ပေးစွမ်းပြီး မိန်းမကိုယ် အပါအဝင် ရင်သား ၊ စအို နဲ့ မိန်းမအင်္ဂါစေ့ Clitoris တို့လို ခန္ဓာကိုယ်ပေါ်က အာရုံခံစားမှုမြင့်တဲ့ Erogenous Zone ဧရိယာမှန်သမျှကို ပွတ်သပ်နှိုးဆွမှု ပြုလုပ်နိုင်ပါတယ်။
Source : Holland & Barrett
Featured Photo : Cosmo.ph
 
											
				 
									
 
	 
	 
	 
	 
	 
	