အချိန်အကြာကြီး တွဲတဲ့ စုံတွဲတွေကို မြင်ရင်အားကျတယ် မဟုတ်လား ? လူနှစ်ယောက် နှစ်ရှည် လက်တွဲခိုင်မြဲဖို့ တကယ်က လုံးဝမလွယ်ပါဘူး။ နှစ်တွေကြာမြင့်လာချိန်မှာ တစ်ယောက်ကိုတစ်ယောက် အချစ်တွေ လျော့လာတယ် ၊ သွေးအေးတယ်လို့ ခံစားမိတာမရှိပဲ အချိန်ကြာလေ အချစ်တွေ ပိုတိုးလေဖြစ်စေဖို့ လိုက်နာသင့်တဲ့ အခြေခံအချက်လေးတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

(၁) ခံစားချက်တွေ နားလည်အောင် ကြိုးစားပါ

Happy Couple

Photo : The Stork and I

ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းတရားတွေ တိုးပွားခိုင်မာလာစေဖို့ အဓိကအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်ရင်ဘတ်ချင်း နီးနေမှဖြစ်မှာပါ။ ကိုယ်အဆင်ပြေဖို့ပဲမကြည့်ပဲ ကိုယ်ချစ်သူရော အဆင်ပြေရဲ့လားဆိုတာ အမြဲထည့် စဉ်းစားပေးဖို့ လိုပါတယ်။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က ကောင်းကောင်းသိ နားလည်ထားမယ်ဆိုရင် သွေးအေးခြင်း ဆိုတာလည်း မရှိနိုင်ပါဘူး။

(၂) အနာဂတ် ရည်မှန်းချက်တွေ အတူတကွ ထားရှိပါ

Happy Couple

Photo : Well Life Therapy

မသေချာမရေရာတဲ့ အချစ်ခရီးလမ်းမှာ အချိန်ကြာကြာ ဖြတ်သန်းနေခြင်းက တစ်ယောက်အပေါ်တစ်ယောက် သွေးအေးလာစေနိုင်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးတိုင်တိုင်ပင်ပင်နဲ့ လှပတဲ့ အနာဂတ် ရည်မှန်းချက်တွေ ချမှတ်ကြည့်ပါ။ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတူတူကြိုးစား ကြမယ်ဆိုရင် နေ့ရက်တွေကပိုပြီး လှပပျော်ရွှင်လာစေမှာဖြစ်သလို တစ်ယောက်အပေါ် တစ်ယောက်လည်းအချစ်တွေ ပိုတိုးစေနိုင်ပါတယ်။

(၃) အပြန်အလှန် အသိအမှတ်ပြုပါ

Happy Couple
Photo : Women’s Health

ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အသိမှတ်ပြုမှုရှိခြင်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ သေးသေးမွှားမွှား ကိစ္စလေးတွေကအစ ကိုယ်ချစ်သူ လုပ်ပေးတဲ့ အရာလေးတွေကို တန်ဖိုးထားပါ။ အသိမှတ်ပြုပေးပါ။ တစ်ယောက်ကိုတစ်ယောက် အသိမှတ်ပြုခြင်းက အကောင်းမြင်စိတ် ပိုတိုးပွားပြီး အချစ်တွေ တိုးစေနိုင်မှာ ဖြစ်ပါတယ်။

Source : Medium · Emeka Nwanedo

Featured Photo : The Juniper Center