စတိုင်ကျကျ ဝတ်တက်စားတက်ဖို့ ကမ္ဘာကျော် ဖက်ရှင် Brand တွေ မဖြစ်မနေ သုံးစရာ မလိုပါဘူး။ သက်တောင့်သက်သာ ဖြစ်ဖြစ် ၊ ကိုယ်နဲ့ လိုက်ဖက်မှုမှု ရှိရှိ ဝတ်တက်ရင်ပဲ စတိုင်ကျတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါပြီ။ ဒီတစ်ခေါက်တော့ ပုံမှန် ဟိုနားဒီနား ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေနဲ့တင် စတိုင်ကျ မိမိုက်နေစေဖို့ ကွီးတို့ သိထားသင့်တဲ့ ဖက်ရှင်အတွဲအစပ် ၊ အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) T-Shirt ၊ Jeans နဲ့ Sneakers

T-Shirt and Jeans

Photo : SANVT

T-Shirt ၊ Jeans နဲ့ Sneakers တွေကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ Timeless Combo ပါ။ ပေါ့ပါးမှုရှိတယ် ၊ သက်တောင့်သက်သာ ဖြစ်တယ် ၊ ရုံးသွားကျောင်းတက် နေရာတိုင်းမှာ ဝတ်လို့အဆင်ပြေတယ်။ Jeans တွေ ရွေးတဲ့အခါ ပေါ့ပေါ့ပါးပါး Vibe ကို လိုချင်ရင် မိုးပြာရောင် ဒါမှမဟုတ် အရောင်ဖျော့တဲ့ ဘောင်းဘီကို ရွေးချယ်နိုင်ပါတယ်။ T-Shirt ကတော့ Graphic Tees ၊ အရောင်ခပ်လွင်လွင် ဗြောင် T-Shirt စသည်ဖြင့် ရွေးဝတ်လို့ ရပါတယ်။ Sneakers တွေကတော့ ရိုးရှင်းပြီး စတိုင်ကျ နေစေမယ့် အဖြူရောင် Sneakers တွေက အကောင်းဆုံးပါပဲ။

(၂) Polo Shirt ၊ Khakis နဲ့ Boat Shoes

Polo Shirt

Photo : Hockerty

စမတ်ကျမှုနဲ့ Gentleman ဆန်တဲ့ အသွင်အပြင်အတွက် Polo Shirt တွေဟာ နံပါတ်တစ် ရွေးချယ်စရာပါ။ Polo Shirt တွေ ဝတ်တဲ့အခါ Pastel Color သို့မဟုတ် အစင်း Pattern ဒီဇိုင်းတွေက ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းစေပါတယ်။ ကြည့်လိုက်တာနဲ့ ယောကျာ်းပီသပြီး ရှင်းသန့်စတိုင်ကျ စေဖို့ Polo Shirt တွေကို Khaki Pants နဲ့ နဲ့ Boat Shoes တွေ တွဲဝတ်နိုင်ပါတယ်။ ပွဲအခမ်းအနားတွေ တက်ရောက်တာ ၊ ပေါ့ပေါ့ပါးပါး ညနေခင်း ပါတီတွေ သွားတာ စတဲ့ အခြေအနေအတွက် လိုက်ဖက်မှု ရှိတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

(၃) Graphic Tee ၊ Joggers နဲ့ Trainers

Joggers

Photo : Puma

Comfy ဖြစ်ဖြစ် ၊ လူငယ်ဆန်ဆန် ဖက်ရှင်အတွက် ဆိုရင်တော့ Graphic Tee ၊ Joggers ဘောင်းဘီတွေနဲ့ Trainers ဖိနပ် အတွဲအစပ်ကိုသာ သတိရလိုက်ပါ။ ခပ်မိုက်မိုက် ဒီဇိုင်းဆန်းတဲ့ Graphic Tee တွေ ဒါမှမဟုတ် Band Tee တွေနဲ့ အရောင်ရင့်ရင့် Slim-fit Joggers တွေက ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ လူငယ်ဆန်တဲ့စတိုင်ကို ပေါ်လွင်စေပါတယ်။ Trainers သို့မဟုတ် Running Shoes တွေ တွဲဖက်လိုက်ရင်တော့ လုံးဝပြီးပြည့် စတိုင်ကျတဲ့ ဖက်ရှင်တစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။

(၄) Henley ၊ Chinos နဲ့ Loafers

Henley Shirt

Photo : Steggy’s

သက်တောင့်သက်သာရှိပြီး နည်းနည်းစမတ်ကျတဲ့ ဘက်ကိုသွားတဲ့ ဖက်ရှင်လို့ ပြောရင်တော့ Henley ၊ Chinos နဲ့ Loafers Combo က အကောင်းဆုံးပါပဲ။ လူငယ်ကနေ လူလတ်ပိုင်းအထိ လိုက်ဖက်မှုရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ Casual Look ကို ပေါ်လွင်စေတဲ့ Henley Shirt အင်္ကျီတွေနဲ့ စမတ်ကျတဲ့ Look ကို ဖော်ဆောင်ပေးတဲ့ Chinos နဲ့ Loafers အတွဲအစပ်က ကွီးတို့ကို ဝတ်ရတာ သက်တောင့်သက်သာရှိနေစေမှာဖြစ်သလို ပေါ့ပါးမှုအပြည့်နဲ့ စတိုင်ကျ မိမိုက်နေစေမှာ ဖြစ်ပါတယ်။

Source : magicpin

Featured Photo : Men’s Gear