ဆံကေသာသည် လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကို များစွာပြောင်းလဲသွားစေနိုင်ပါတယ်။ ပုံကျလှပတဲ့ ဆံကေသာသည် ကွီးတို့ရဲ့ ဖက်ရှင်ကို ပိုမိုကြည့်ကောင်းသွားစေပြီး ဆွဲဆောင်မှု တိုးစေနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်တွေရလို့ ထိပ်စီး တွေ ပြောင်းလာတဲ့အခါ ထိပ် ပြောင်သွားတဲ့ ပြဿနာကိုလည်း ကွီးတို့ကိုသည် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။

ထိပ်ပြောင်သွားတယ်ဆိုတာသည် နေ့ချင်း ညချင်းဆိုသလို ဆံပင်တွေက ချက်ချင်း ကျွတ်သွားတာမဟုတ်ပါဘူး။ တစ်နေ့ နည်းနည်း နည်းနည်းစီဖြင့် ဆံပင်တွေကျွတ်ရင်း နောက်ဆုံးမှာတော့ ထိပ်ပြောင်မှန်းမသိ ပြောင်သွားရတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဆံကေသာက ပုံမှန်ထက်ပိုပြီး အကျွတ်များနေပြီဆိုရင်တော့ သတိထားသင့်ပါပြီ။

ဘာ့ကြောင့် ဒီလိုမျိုး ဆံပင်တွေကျွတ်ပြီး ထိပ်စီး ပြောင်းသွားတဲ့အခါ ထိပ် ပြောင်သွားရသလဲ

man hair

အကြောင်းအမျိုးမျိုးကြောင့် ဆံပင်ကျွတ်ကာ ထိပ်ပြောင်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျိုးရိုးနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ကွီးတို့မျိုးရိုးက ထိပ်ပြောင်တတ်တဲ့ မျိုးရိုးဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့လည်း ထိပ်ပြောင်သွားမှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်က စိတ်ဖိစီးမှုများကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ထပ် အကြောင်းအရင်းကတော့ ကိုယ့်ရဲ့ ဆံပင်စတိုင်လ်ကြောင့်လည်း ပါပါတယ်။ တကယ်လို့ ကွီးတို့က ဆံပင်အရှည်ထားတတ်တယ်၊ ပြီးတော့ ဆံပင်ကို နောက်ပြန်လှန်ကာ ခပ်တင်းတင်းလေး စည်းတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ထိပ်နားက ဆံပင်တွေကို ထိခိုက်ပြီး ဆံပင်ကျွတ်သွားကာ ထိပ်ပြောင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကို ချွတ်ဆေးနဲ့ မကြာခဏဆိုသလို ထိတွေ့နေစေတဲ့အခါ၊ ကျန်းမာရေးကြောင့် ဆေးဝါးတစ်မျိုးမျိုး မှီဝဲရတဲ့အခါမှာလည်း ဆံပင် အလွန်အမင်းကျွတ်ကာ ထိပ်ပြောင်သွားတတ်ပါတယ်။

ဒီလိုမျိုး တဖြည်းဖြည်း ဆံပင်ကျွတ်သွားပြီး ထိပ်ပြောင်သွားခြင်းမှ ကာကွယ်ဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ။

ပရိုတိန်းများများစားသုံးပါ

Muscle_Protein_Food

ကွီးတို့ ခန္ဓာကိုယ်သည် ပရိုတိန်းဓာတ်များ တစ်နေ့လျှင် ၄၀ ဂရမ်မှ ၆၀ ဂရမ်အထိ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့ ခန္ဓာကိုယ်က လုံလောက်တဲ့ ပရိုတိန်းဓာတ်ကို မရှိဘူးဆိုရင် ဆံကေသာ အရှည်နှုန်းနဲ့ ဆံကေသာ ကျန်းမာရေးအပေါ်  ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ အစားအစားများ၊ ဆေးဝါးများကို မှီဝဲကာ ကိုယ့်ရဲ့ ဆံကေသာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။

ဗီတာမင်များ မှီဝဲပါ

ထိပ်စီး ထိပ်

ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနှင့် အခြားသော သတ္တုဓာတ်များ၊ ဇင့်နှင့် သံဓာတ်တို့သည် ကွီးတို့ ဆံကေသာ သန်စွမ်းမှုကို ကူညီပေးပါတယ်။ အနီရောင်ရှိသော၊ အသားများ၊ အသည်း၊ ရွှေဖရုံသီးအစေ့၊ ဟင်းနုနွယ်ရွက်၊ Dark Chocolate အစရှိတဲ့ အစားအစာများသည် ဗီတာမင်ကြွယ်ဝတဲ့ အစားအစာများဖြစ်ပါတယ်။ အခြားသော ဗီတာမင် ကြွယ်ဝတဲ့ အစားအစာများလည်း ရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရဖြစ်စေမယ့် အစားအစာများကို စားသုံးဖို့ပဲဖြစ်ပါတယ်။

ဦးရေပြားကို ဂရုစိုက်ပါ

ထိပ်စီး ထိပ်

နောက်ထပ် သတိထားရမယ့်အချက်ကတော့ ကွီးတို့ရဲ့ ဦးရေပြားကို မထိခိုက် မပျက်စီးအောင် ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ ဦးရေပြားကို ထိခိုက်ပျက်စီးစေတဲ့ အပူကိရိယာများ၊ ဆံပင်ဆေးဆိုးခြင်း၊ ဆံပင်ဆေးချွတ်ခြင်း အစရှိတဲ့ အရာများ ပြုလုပ်ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်ကို ခပ်တင်းတင်း စည်းထားတတ်တဲ့ အကျင့်ကိုလည်း ဖျောက်ဖျက်ပစ်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးရေပြားမှာ ချေးညှော်များ၊ ဖုန်မှုန့်များ စွဲကပ်မနေအောင် ပုံမှန်ခေါင်းလျှော်ကာ သန့်သန့်ရှင်းရှင်း နေထိုင်ဖို့လည်း လိုအပ်ပါတယ်။​

ဒါ့အပြင် သဘာဝ ပေါင်းတင်နည်းများဖြင့် ပေါင်းတင်ပေးခြင်းအားဖြင့် ကွီးတို့ ဆံကေသာနှင့် ဦးရေပြားကို ကျန်းမာ သန်စွမ်းအောင် ပြုလုပ်နိုင်ပါတယ်။

ဆံပင်ပါးသောသူများ၊ ဆံပင်ကျွတ်သော သူများအတွက် အကောင်းဆုံး သဘာဝ ပေါင်းတင်နည်းကတော့ ကြက်ဥဖြင့် ပေါင်းတင်ခြင်းပဲဖြစ်ပါတယ်။

ထိပ်စီး ထိပ်

လိုအပ်မယ့် ပစ္စည်းများကတော့ ကြက်ဥ ၁ လုံး၊ နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း အစရှိသည်တို့ လိုအပ်ပါတယ်။

အရင်ဦးဆုံး ကြက်ဥကို သမသွားအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောနှောမွှေပေးလိုက်ပါ။ ပြီးသွားတဲ့အခါ ဆံကေသာနဲ့ ဦးရေပြားပေါ် သုတ်လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးတဲ့အခါ Shower Cap လေးဖြင့် ဆံကေသာကို မိနစ် ၂၀ ခန့် အုပ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေအေးအေးဖြင့် ဆေးချလိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ကွီးတို့ ဆံကေသာက ကျန်းမာသန်စွာလာမှာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီသဘာဝ ဆံပင်ပေါင်းတင်နည်းထဲမှာ ပရိုတိန်းဓာတ်များ၊ အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်ပြီး ထိုအရာများက ဆံကေသာကို အားဖြည့်ပေးနိုင်လို့ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဦးရေပြားကို တောက်ပြောင်သွားစေကာ၊ ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပြီး ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။

တကယ်လို့ ကွီးတို့အနေနဲ့ နွားနို့၊ သံပုယိုရည်နဲ့ သံလွင်ဆီတို့ အသုံးမပြုချင်လည်း ရပါတယ်။ ကြက်ဥအနည်းငယ်ကို အသုံးပြုကာ စောစောကလိုပဲ သုတ်လိမ်းပြီး ပေါင်းတင်ထားလို့ရပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဆံကေသာကို ဘယ်လိုနည်းလမ်းများနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။

Source: Health.clevelandclinic

Featured Image: Freepik