အသက်အရွယ်ရလာတဲ့အခါ ထိပ်မပြောင် ချင်ဘူး ဆိုတဲ့ ကွီး တို့သည် ယခုအချိန်ကတည်းက မိမိဆံကေသာကို ပြုပြင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဆံကေသာကို အမြဲတမ်းကျန်းမာနေအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်းနိုင်မလဲ။

အလွန်အကျွံ ခေါင်း မလျော်ပါနဲ့

ထိပ်မပြောင် ကွီး

အမျိုးသားတော်တော်များများ ပြုလုပ်မိကြတဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ မကြာခဏ ခေါင်းလျှော်တဲ့အခါ ဦးရေပြားရှိ သဘာဝအဆီများ ဆုံးရှုံးသွားပြီး ဆံကေသာ ကြမ်းတမ်းပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် သုံးကြိမ်ထက်ပိုပြီး ခေါင်းမလျှော်မိဖို့လိုပါတယ်။

ဆံပင်ကို ခြောက်အောင် သုတ်တဲ့အခါ ညင်ညင်သာသာ သုတ်ပါ

ထိပ်မပြောင် ကွီး

ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ပုဝါဖြင့် ကြမ်းကြမ်းတမ်းတမ်း မပွတ်ပါနဲ့။ အကောင်းဆုံးကတော့ မဝတ်တော့တဲ့ ချည်ထည်ရှပ်အင်္ကျီတစ်ထည်ဖြင့် ဆံကေသာကို ညင်ညင်သာသာ သုတ်ပေးရမှာဖြစ်ပါတယ်။ ဒါမှ ဆံကေသာများ ကျိုးကြေပျက်စီးခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဆံပင်ကို နောက်ပြန်လှန် မဖြီးပါနဲ့

ထိပ်မပြောင် ကွီး

ဆံကေသာကို နောက်ပြန်လှန်ဖြီးခြင်းသည် ထိပ်ပြောင်နိုင်ချေကို လှုံ့ဆော်ပေးတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ခေါင်းဖြီးတဲ့အခါ ဘယ်တော့မှ ဆံပင်ကို နောက်ပြန်လှန် မဖြီးဖို့လိုအပ်ပါတယ်။

ကြက်ဥဖြင့် ဆံပင်ပေါင်းတင်ပါ

ထိပ်မပြောင် ကွီး

အသက်အရွယ်ရလာတဲ့အခါ ထိပ်မပြောင် ချင်ဘူးဆိုတဲ့ ကွီး တို့အနေနဲ့ ကြက်ဥဖြင့် ပေါင်းတင်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ကြက်ဥထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နှင့် သတ္တုဓာတ်များသည် ဆံကေသာကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်မွှေးညှင်းပေါက်များကို အားဖြည့်ပေးပါတယ်။ အသုံးပြုနည်းကတော့ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပြီးတဲ့အခါ ကြက်ဥအနှစ်ကို Conditioner အဖြစ် အသုံးပြုပေးရမှာဖြစ်ပါတယ်။

သင့်ဆံကေသာကို ကလိုရင်း အန္တရာယ်များမှ ကာကွယ်ပါ

hair care tips

ရေကူးကန်ထဲမှ ကလိုရင်းဓာတ်များသည်လည်း ဆံကေသာ ပျက်စီးရခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။ ကလိုရင်းအန္တရာယ်မှ ကာကွယ်နည်းကတော့ ရေကူးကန်ထဲ မဆင်းခင်မှာ ဆံပင်ကို ရေစိုအောင် လုပ်ပါ။ ထို့နောက် Conditioner အပျော့စားတစ်မျိုးဖြင့် သုတ်လိမ်းလိုက်ပါ။ ပြီးမှ ရေကူးကန်ထဲဆင်းပါ။ ဒါမှမဟုတ် ရေကူးဦးထုပ်လေး ဝတ်ဆင်ကာ သင့်ဆံကေသာကို ကလိုရင်း အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။

ရေနွေးပူဖြင့် ခေါင်းမလျှော်ပါနဲ့

hair care tips

ချမ်းအေးတဲ့ နေ့တွေမှာ ရေနွေးနွေးလေးဖြင့် ရေချိုးမိပါလိမ့်မယ်။ ဘယ်လောက်ပဲ ရေနွေးနွေးဖြင့် ရေချိုးပါစေ သင့်ရဲ့ ဆံကေသာကိုတော့ ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးရမှာပါ။ ဒါမှသာ သင့်ဆံကေသာနှင့် ဦးရေပြားက ကျန်းမာသန်စွမ်းနေမှာဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်

hair care tips

သင့်ရဲ့ ဆံကေသာကျန်းမာရေးသည် သင့် Lifestyle ရဲ့ ရောင်ပြန်ထင်ဟပ်ခြင်း ဖြစ်ပါတယ်။ သင့်ကျန်းမာရေးကို ဂရုစိုက်ပြီး အစားအစာ ပုံမှန်စားမယ်၊ အိပ်ရေး ဝဝအိပ်စက်အနားယူမယ်၊ ရေများများသောက်မယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးမယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာကျန်းမာရေးအတွက်လည်း အထောက်အကူသွားဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီအရေးကြီးဆုံးအချက်ကိုလည်း မေ့မထားဖို့လိုအပ်ပါတယ်။

ဒီအချက်များကို လိုက်နာကျင့်သုံးပေးမယ်ဆိုရင်တော့ အသက်အရွယ်ရလာတဲ့အခါ ထပ်မပြောင်ဘဲ ခန့်ညားနေဆဲ ကွီး တစ်ယောက်ဖြစ်နေဦးမှာပါ။

Source: Pgshop

Featured Image: Hairspecialistshouston