Tecno ကတော့ Spark စီးရီးထဲက ရိုးရှင်းပြီး အထာကျတဲ့ ဒီဇိုင်း နဲ့ နောက်ဆုံးထွက် စမတ်ဖုန်း Spark Go 5G ကို ကြေညာသွားခဲ့ပါပြီ။ Tecno Spark Go ကတော့ ရှေ့မှာ ထွက်ခဲ့တဲ့ Spark Go 2 မှာ ပါဝင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ ၆.၇၄ လက်မ မျက်နှာပြင် ၊ Dimensity 6400 Chipset ၊ 50MP Main ကင်မရာနဲ့ 6,000 mAh ဘက်ထရီ စတဲ့ အပိုင်းတွေမှာ Upgrades အသစ်တွေ လုပ်ပေးလာတာ တွေ့ရပါတယ်။
Photo : GSMArena.com
Spark Go ရဲ့ Display ကတော့ ၆.၇၄ လက်မ IPS LCD (HD+ 120Hz) ဖြစ်သွားပြီး မျက်နှာပြင်အရှေ့ဘက်မှာ 5 MP ဆယ်လ်ဖီကင်မရာ ပါဝင်တဲ့ Punch Hole Cutout တစ်ခု ထည့်သွင်းပေးထားပါတယ်။ ဆယ်လ်ဖီ ကင်မရာဘေးမှာ Notifications တွေကို မြင်ရမယ့် Tecno ရဲ့ Dynamic Port လည်း ပါဝင်ပါတယ်။
ကျောဘက်မှာတော့ 50 MP Main ကင်မရာနဲ့အတူ Secondary ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။ SOC ပိုင်းကတော့ Spark Go 2 မှာ လိုပဲ Dimensity 6400 Chipset ကို မောင်းနှင်ထားပြီး 4GB RAM / 128GB Storage နဲ့ MicroSD Card Slot တစ်ခုလည်း ပါဝင်ပါတယ်။
Spark Go ဖုန်းက ဒီဇိုင်း ပိုင်း လုံးဝရိုးရှင်းပြီး အထာကျသလို အကြမ်းခံတဲ့ IP64 အဆင့်သတ်မှတ်ချက် ပါဝင်ပြီး ဘက်ထရီအနေနဲ့ 18W Charging စနစ် Supports ပေးထားတဲ့ 6,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။
Photo : Beebom Gadgets
Spark Go 5G ရဲ့ အရောင်တွေကတော့ Black ၊ Sky Blue နဲ့ Turquoise Green ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ရူပီး ၉,၉၉၉ (ဒေါ်လာ ၁၁၄) ဝန်းကျင်ခန့် သတ်မှတ်ထားကာ လာမယ့် ဩဂုတ်လ ၂၁ ရက်နေ့ကနေ စတင်ပြီး အိန္ဒိယနိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Source : GSMArena.com
Featured Photo : Times Bull