ဘရန်ဒီက နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းရှိပြီး အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်း အထိပါဝင်တဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဘရန်ဒီကို ပေါ့ပေါ့ပါးပါး သောက်တတ်သူများ ကစပြီး အရက်ဝါသနာအိုးများပါ နှစ်နှစ်ခြိုက်ခြိုက်ပါ သောက်သုံးလေ့ရှိပါတယ်။ ဘရန်ဒီ များကို Cognac နဲ့ ဘရန်ဒီ ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲခြားထားပါတယ်။ Cognac ကတော့ ပြင်သစ်နိုင်ငံရှိ Cognac ဒေသတွင်ပြုလုပ်သော ဘရန်ဒီများ ဖြစ်ပြီး အခြားမည်သည့်နေရာများတွင်မဆို ထုတ်လုပ်သော ဘရန်ဒီများကို ဘရန်ဒီ ဟူ၍ ပဲ ခေါ်ဆိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ကိုယ်တိုင် မြည်းစမ်းကြည့်ချင်လို့ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ရွေးချယ်နိုင်ဖို့ ဒီနှစ် အတွက် အကောင်းဆုံး ဘရန်ဒီများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Hennessy VS Cognac

ဒီနှစ် ဘရန်ဒီများ

Photo : Cognac Expert

ဒီနှစ် အတွက် အကောင်းဆုံး ဘရန်ဒီများ ထဲက နံပါတ် (၁) ကိုပြောပါဆိုလျှင် ပြင်သစ်နိုင်ငံထုတ် Hennessy VS Cognac ပဲ ဖြစ်ပါတယ်။ သူ့မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ၎င်းရဲ့ သက်တမ်းရင့် ဝင်သစ်ချ အရသာက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ ဒီဘရန်ဒီက အမိုက်စား ခေတ်ဟောင်းစတိုင်လ် ကော့လ်တေးများတွင် ထည့်သွင်းရောနှောရန် အကောင်းဆုံး ဖြစ်ပါတယ်။

(၂) Martell Cognac XO

ဒီနှစ် ဘရန်ဒီများ

Photo :Babo Wine

Martell Cognac XO မှာလည်း အယ်လ်ကိုဟော ပါဝင်နှုန်း ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ၎င်းကိုလည်း ပြင်သစ်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ ဒီဘရန်ဒီက နူးညံ့ချော‌မွေ့တဲ့ Texture ရှိတဲ့ အကောင်းဆုံး ဘရန်ဒီ တစ်ခု ဖြစ်တာကြောင့် အခုမှ ဘရန်ဒီကို စတင်မြည်းစမ်းကြည့်မဲ့ သူတွေအတွက် ရွေးချယ်သင့်တဲ့ ဘရန်ဒီတစ်ခုပါ။

(၃) E&J VSOP Brandy

ဒီနှစ် ဘရန်ဒီများ

Photo : Luekens Liquors

ဒီဘရန်ဒီကိုတော့ ကယ်လီဖိုးနီးယားမှာ ထုတ်လုပ်ပြီး အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ 2018 San Diego Spirits Festival မှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ဘရန်ဒီလည်း ဖြစ်ပါတယ်။ သစ်သီးများနှင့် Vanilla များရဲ့ ထူးခြားသော အရသာကို ခံစားနိုင်တဲ့ အပြင် ကွီးတို့ကြိုက်နှစ်သက်ရာ ကော့လ်တေးနဲ့လည်း ရောစပ်ပြီး ဝက်သစ်ချရဲ့ အထိအတွေ့ကို ခံစားလိုက်ပါ။

(၄) D’Usse VSOP Cognac

brandy

Photo : Cognac Expert

ဒီနှစ် အတွက် အကောင်းဆုံး ဘရန်ဒီများ ထဲမှာနောက်ထပ် ဖော်ပြချင်တာက‌တော့ ပြင်သစ်နိုင်ငံထုတ် D’Usse VSOP Cognac ပဲဖြစ်ပါတယ်။ ၎င်းက ထူးခြားပြီး သစ်သီးအရသာရှိတဲ့ စွယ်စုံရတဲ့ Cognac ဖြစ်ပြီး ကော့လ်တေးကဲ့သို့ အခြားသော အရာများနဲ့ ဖျော်စပ်လို့ ရသလို သူ့ချည်းပဲ သောက်သုံးရင်လည်း အမှန်ပင် ထူးကဲကောင်းမွန်ပါတယ်။

(၅) Rémy Martin VSOP

brandy

Photo : Cognac Expert

ဒီဘရန်ဒီကတော့ ကြော့ရှင်းသောရနံ့များနဲ့ ပြီးပြည့်စုံသော သဟဇာတဖြစ်မှုကို ပေါင်းစပ်ထားပြီး ကောင်းစွာဟန်ချက်ညီသော အရသာရှိပါတယ်။ ၎င်းကလည်း ပြင်သစ်နိုင်ငံမှာ ထုတ်လုပ်ပြီး အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီဘရန်ဒီက အရသာပြေပြစ်တဲ့ အကောင်းဆုံး ဘရန်ဒီတစ်ခုပါ။

ကွီးတို့ရေ အခု‌ဖော်ပြပေးလိုက်တာကတော့ ဒီနှစ် အတွက် အကောင်းဆုံး ဘရန်ဒီများပဲ ဖြစ်ပါတယ်။ အကောင်းစား ဘရန်ဒီများကို ပြင်သစ်နိုင်ငံက အများဆုံး ထုတ်လုပ်ပါတယ်။

Source : Gopuff

Featured Photo : Hennessy