ကွီးတို့ စိတ်ရှိတိုင်း ဘာလာလာ ဒေါင်း နိုင်ဖို့ဆိုရင် ကွီးတို့ ခန္ဓာကိုယ်ရော ကွီးတို့ ညီလေးကပါ ကျန်းမာ နေမှ ရမှာပါ။ ကွီးတို့ ခန္ဓာကိုယ်ရော ညီလေးကပါ ကျန်းမာနေမှ စိတ်သွားတိုင်း ကိုယ်ပါပြီး ရှော်တီလေးဆီကနေ အမှတ်ပြည့်ရမှာပါ။ စိတ်သွားတိုင်း ကိုယ်ပါပြီး ပါဖောမန့်စ် အပြည့် ပေးနိုင်ဖို့ဆိုရင်တော့ အခုဖော်ပြမယ့် အချက်များနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာနေအောင် ပြုလုပ်ဖို့ လိုပါလိမ့်မယ်။
(၁) ကိုယ့်အလေးချိန်ကို ပုံမှန်ချိန်ဖို့ မမေ့ပါနဲ့
Photo : Yourcareeverywhere
ကွီးတို့ရဲ့ ကိုယ်အလေးချိန်က တက်လာသလား၊ ကျသွားသလားဆိုတာကို သိနိုင်ဖို့အတွက် ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို အမြဲတမ်း တိုင်းတာဖို့ လိုပါလိမ့်မယ်။ ကိုယ်အလေးချိန်က တရိပ်ရပ်နဲ့ တက်လာပြီး အဝလွန်လာမယ်ဆိုရင်တော့ နောက်ဆက်တွဲ ခံစားရမယ့် ဆိုးကျိုးတွေက တစ်နှစ် နှစ်ခု မကလို့ အစကတည်းက ခန္ဓာကိုယ် အလေးချိန်ကို သေချာထိန်းသိမ်းဖို့ လိုပါတယ်။
(၂) ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများကို ကန့်သတ်ထားပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို များများစားပါ
Photo : iStock
မနက်စာ စားဖို့ မမေ့ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ မနက်စာသည် နေ့တစ်နေ့ရဲ့ အရေးကြီးဆုံးသော အစားအစာဖြစ်လို့ပါပဲ။ ဒါ့အပြင် သကြား နည်းနည်းပဲ စားသုံးပါ။ ကယ်လိုရီ များသော အစားအစာများကို ရှောင်ကြဥ်ပါ။ ပရိုတိန်းဓာတ် ကြွယ်ဝသော အစားအစာများကို များများစားသုံးဖို့ လိုအပ်ပါတယ်။
(၃) Multivitamin ဖြည့်စွက်အားဆေးများ မှီဝဲပါ
Photo : Nature Made
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များအားလုံးကို လုံလောက်စွာ ရရှိဖို့ရန်အတွက် Multivitamin ဖြည့်စွက်အားဆေးများကိုလည်း မှီဝဲဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကွီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို အစားနည်းတွေဆိုရင် ပိုလို့တောင် မှီဝဲသင့်ပါတယ်။
(၄) ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေပါ။ အချိုဓာတ် လွန်ကဲတဲ့ ဖျော်ရည်များ ရှောင်ကြဥ်ပါ
Photo : Runtastic
နေ့ရက်တိုင်းမှာ ရေများများ သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ၁၅ မိနစ်လျှင် တစ်ကြိမ်ခန့် ရေ နည်းနည်းစီ သောက်သုံးပေးမယ်ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို မရရှိမှာ ပူစရာ မလိုတော့ပါဘူး။ ရေချည်းပဲ သောက်သုံးရတာ ငြီးငွေ့လာတဲ့အခါ သဘာဝ သစ်သီးဖျော်ရည်များကို သောက်သုံးပေးနိုင်ပါတယ်။ ဆေးသကြားနှင့် အချိုဓာတ် လွန်ကဲတဲ့ ဖျော်ရည်များ၊ စွမ်းအားဖြည့် အချိုရည်များကိုတော့ မသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။
(၅) အထိုင်မများပါစေနဲ့ Screen Time ကို လျော့ချပါ
Photo : Freepik
ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းသည် ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို တဖြည်းဖြည်း ယိုယွင်းပျက်စီးလာစေနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးပြီလား။ အထူးသဖြင့် ကွန်ပျူတာ ရှေ့မှာ အထိုင်များသူတွေအနေနဲ့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့က ဆီးကြိုနေပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ အထိုင်မများအောင် ဂရုစိုက်ပါ။ ကွီးတို့ရဲ့ Screen Time ကိုလည်း လျော့ချဖို့ လိုအပ်ပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့အချက်တွေထဲက လိုက်နာသင့်တာတွေကို လိုက်နာ၊ ရှောင်ကြဥ်သင့်တာတွေကို ရှောင်ကြဥ်မယ်ဆိုရင်တော့ ဘာလာလာ ဒေါင်း နိုင်မှာဖြစ်ပြီး ကျန်းမာ ရေးကလည်း ဒေါင်ဒေါင်မြည်နေမှာ ဖြစ်ပါတယ်။
Source : Fsph.iupui.edu
Featured Photo : Regenerationhealthutah