ဒေါသစိတ်နဲ့ ချစ်တင်းနှော တာဟာ တစ်ခါတစ်ရံမှာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ကို ရစေတယ်ဆိုတာ ကွီးတို့ သိပါသလား ? သို့သော်လည်း ဒါဟာ အမြဲတမ်း သို့မဟုတ် ရံဖန်ရံခါအတွက်တော့ မကောင်းပါဘူး။ အကြောင်းကတော့ ဒေါသစိတ်နဲ့ Sex Drive ဟာ ဆက်နွယ်နေတာကြောင့်ပါ။
ဒေါသထွက်နေချိန်မှာ ချစ်တင်းနှောမယ်ဆိုရင် ဆက်ဆံမှုဟာ သာမန်အချိန်ထက် ပိုကြမ်းတမ်း ၊ ပြင်းထန်သလို မတူညီတဲ့ စိတ်ခံစားမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းပါတယ်။ အချို့သော ချစ်သူစုံတွဲတွေမှာဆိုရင် ပဋိပက္ခနဲ့ ကတောက်ကဆ ဖြစ်ချိန်တွေ ၊ ဆက်ဆံရေး တင်းမာမှုအခြေအနေတွေကို ချစ်တင်းနှောခြင်းနဲ့ ဖြေရှင်းကြတယ်လို့ သုတေသီတွေ ဆိုထားပါတယ်။ ဒါဟာ တစ်ခါတစ်ရံ အပြောင်းအလဲ ဖြစ်တဲ့အနေနဲ့ပဲ လုပ်ဆောင်သင့်ပြီး ရေရှည်မှာတော့ နှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုတင်းမာလာစေနိုင်သလို Healthy မဖြစ်တဲ့ Relationship တစ်ခုဆီကို ဦးတည်သွားနိုင်ပါတယ်။
ဒေါသစိတ်က Sex Drive အပေါ် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ ?
Couple : Elevate Counseling
ဒေါသစိတ်ဆိုတာဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါပဲ။ ဒေါသစိတ်ဟာ အခြေအနေ အကြောင်းကြောင်းကြောင့် စိတ်ခံစားမှုတွေအရ သဘာဝအတိုင်း ဖြစ်ပေါ်တက်သလို ပါတနာ သို့မဟုတ် တစ်စုံတစ်ဦးနဲ့ ဆက်ဆံပြောဆိုမှုကနေလည်း ဒေါသစိတ် ဖြစ်ပေါ် တက်ပါတယ်။ လေ့လာမှုတွေအရ ဒေါသ ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ Sex Drive လို့ခေါ်တဲ့ လိင်စိတ်ဆန္ဒကို သိသိသာသာ လျော့ကျစေတက်သလို ရေရှည်မှာ လိင်မှုကျန်းမာရေးအပါအဝင် အခြားသော ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ဆက်စပ်ကျန်းမာရေး ပြဿနာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။
အချို့စုံတွဲတွေ ဘာကြောင့် ဒေါသထွက်နေချိန်မှာ ချစ်တင်းနှောတာလဲ ?
Photo : The Sydney Morning Herald
ဒါဟာ စုံတွဲတိုင်းတော့ မဟုတ်ပါဘူး။ အချို့စုံတွဲတွေမှာတော့ ဒေါသထွက်နေချိန်ာ ချစ်တင်းနှောခြင်းကို လုပ်ဆောင်လေ့ ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေချိန်အတွင်းမှာ ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပေးတာကြောင့် ဒေါသစိတ်ကို ပြေလျော့သွားစေတယ်လို့ ခံစားရတာပါ။ ဒါ့အပြင် ဒေါသစိတ်ကြောင့် အပြုအမူ လှုပ်ရှားမှုတွေ အားလုံးဟာလည်း ကြမ်းတမ်းခက်ထန် နေတက်တာကြောင့် ပုံမှန်ချစ်တင်းနှောချိန်နဲ့ မတူတဲ့ ခံစားမှုအတွေ့အကြုံ အသစ်ကို ခံစားရစေတာ ဖြစ်ပါတယ်။
ဒေါသစိတ်နဲ့ ချစ်တင်းနှောခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်များ
Photo : Sportmedizin-ulm.org
ဒေါသစိတ်နဲ့ ချစ်တင်းနှော တာမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ သာမန်သေးသေးမွှားမွှား ပဋိပက္ခနဲ့ ကတောက်ကဆဖြစ်မှုလေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ဟာ ချစ်တင်းနှောချိန်မှာ ပြေလျော့သက်သာသွားပြီး နှစ်ဦးသားရဲ့ဆက်ဆံရေးကို ပိုမိုပြေလည် ကောင်းမွန်စေဖို့ အထောက်အကူ ပြုသလို တစ်ဦးအပေါ်တစ်ဦးလည်း ချစ်ခြင်းမေတ္တာ တိုးပွားစေနိုင်ပါတယ်။ သို့သော်လည်း မကြာခဏဆိုသလို ဒီလိုအမူအကျင့်ကို လုပ်ဆောင်မယ် သို့မဟုတ် နှစ်ဦးကြားမှာ လိင်မှုကိစ္စနဲ့ ဖြေရှင်းလို့ မပြီးပြတ်နိုင်တဲ့ ပြဿနာတွေ ရှိနေတယ်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာနိုင်ပြီး တစ်ဦးနဲ့တစ်ဦး ပိုမိုညှိနှိုင်းရခက်တဲ့ အခြေအနေတွေ ၊ အဆိုးဘက်ကို ဦးတည်နေတဲ့ Toxic Relationship တစ်ခု အနှေးနဲ့အမြန် ဖြစ်လာပါလိမ့်မယ်။
ဒီလောက်ဆိုရင်တော့ ဒေါသစိတ်နဲ့ ချစ်တင်းနှော ခြင်းအကြောင်း နားလည်သွားလောက်မယ် ထင်ပါတယ်။
ကွီးတို့ရော ဒေါသစိတ်နဲ့ ချစ်တင်းနှော ဖူးပါသလား ?
ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေ ခံစားရလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Source : Healthshots
Featured Photo : Esquire Hong Kong