ခင်မင်ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ကိုယ့်ရဲ့ အထက်လူကြီးတွေကို အဖျော်ယမကာ တစ်မျိုးမျိုး လက်ဆောင်ပေးဖို့ စဉ်းစားနေပါသလား။ ဝိုင်ပေးရတာလည်း ရိုးနေပြီးဆိုရင်တော့ ဘရန်ဒီ က ကွီးတို့အတွက် လက်ဆောင်ပေးဖို့ ရွေးချယ်စရာတစ်ခုပါ။ မကြာခင်မှာ နှစ်သစ်ကူးရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် နှစ်သစ်ကူးလက်ဆောင် အနေနဲ့ ဘရန်ဒီ ပုလင်းတွေကို လက်ဆောင်ပေးတာလည်း စိတ်ကူးကောင်းပါပဲ။ ဒါ့ကြောင့် ကွီးတို့အတွက် လက်ဆောင်ပေးရာမှာ ရွေးချယ်နိုင်စေဖို့ ဒေါ်လာ ၁၀၀ အောက် ဘရန်ဒီ ပုလင်းများကို ဖော်ပြပေးချင်ပါတယ်။
Torres 20 Hors D’Age Brandy

Photo : The Whiskey Exchange
ပထမဆုံးဖော်ပြပေးချင်တဲ့ ဒေါ်လာ ၁၀၀ အောက် အကောင်းဆုံး ဘရန်ဒီ တစ်ခုကတော့ 20 Hors D’Age Brandy ပဲဖြစ်ပါတယ်။ ဒီဘရန်ဒီက စပိန် ဘရန်ဒီဖြစ်ပြီး အယ်လ်ကိုဟော ပါဝင်နှုန်း ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ၎င်းကို ကြေးနီပုံးဟောင်းများတွင် နှစ်ကြိမ် ပေါင်းခံထားတာပဲ ဖြစ်ပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ ၆၉ ဒေါ်လာ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
Hennessy Master Blender’s Selection No.4 Cognac

Photo : Runner
ဒီ ဘရန်ဒီကတော့ အယ်လ်ကိုဟော ၄၃ ရာခိုင်နှုန်းပါဝင်တဲ့ ပြင်သစ် ဘရန်ဒီတစ်မျိုး ဖြစ်ပါတယ်။ ဒီဘရန်ဒီက အကန့်အသတ်ဖြင့် ထုတ်ဝေထားပြီး သူရဲ့ ခမ်းနားတဲ့ ပုလင်းပုံစံက လက်ဆောင်ပေးဖို့ ရွေးချယ်စရာ အကောင်းဆုံးများထဲက တစ်ခုပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ၉၄ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
D’USSÉ VSOP Cognac

Photo : Applejack Wine & Spirits
D’USSÉ VSOP Cognac ကလည်း ပြင်သစ်နိုင်ငံထုတ် ဖြစ်ပြီး အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီဘရန်ဒီကို ရောင်းချဖို့ အဆင်သင့် မဖြစ်သေးခင် ပြင်သစ်ဝက်သစ်ချပုံးများတွင် အနည်းဆုံး လေးနှစ်သက်တမ်း ထားရှိပါတယ်။ ပုလင်းပုံစံကလည်း ခမ်းနားပြီးဆွဲဆောင်မှုရှိတာကြောင့် လက်ဆောင်ပေးဖို့ဆိုရင် တကယ်ကို သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဖြစ်ပါတယ်။
Laird’s Rare Apple Brandy Aged 12 Years

Photo : old Town Tequlia
ဒီဘရန်ဒီကတော့ ပုလင်းထဲမရောက်ခင် ၁၂ နှစ်ကြာအောင် ထားရှိထားတဲ့ အမေရိကန် ဘရန်ဒီတစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ အရသာက သောက်ရတာလွယ်ကူပြီး လွမ်းဆွတ်ဖွယ် ခံစားချက်များကို ပေးစွမ်းနိုင်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်း ၄၄ ရာခိုင်နှုန်းရှိပြီး ဈေးနှုန်းကတော့ ၉၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Remy Martin 1738 Royal Cognac

Photo : The Whiskey Exchange
နောက်ထပ်ဖော်ပြချင်တဲ့ ဒေါ်လာ ၁၀၀ အောက် ဘရန်ဒီ တစ်ခုကတော့ Remy Martin 1738 Royal Cognac ပဲဖြစ်ပါတယ်။ ၎င်းကို အရသာအတွက် Vanilla၊ ဗာဒံစေ့ ၊ ဖုတ်ထားသော ဝက်သစ်ချသားနှင့် နာနတ်သီးတို့ ရောစပ်ထားပါတယ်။ ဒီဘရန်ဒီကလည်း လက်ဆောင်ပေးဖို့ အကောင်းဆုံး ရွေးချယ်စရာများထဲက တစ်ခု ဖြစ်ပါတယ်။
Source : UPROXX
Featured Photo : Upscale Living
