Red Wine ကောင်းကောင်း ဘယ်လို ရွေးရမလဲဆိုတာ ကွီးတို့ သိပါသလား။ တချို့က ထုတ်လုပ်တဲ့ နေရာဒေသပေါ် မူတည်ပြီး ရွေးချယ်ကြသလို တချို့ကလည်း ဈေးကြီးတဲ့ အမျိုးအစားကို ရွေးကြပါတယ်။ မှန်ပါတယ် ကမ္ဘာပေါ်က အကောင်းဆုံး ဝိုင်နီတွေ ထွက်ရာနေရာတွေကတော့ အီတလီ ၊ ပြင်သစ်နဲ့ စပိန် နိုင်ငံတွေဖြစ်ပြီး ဒီဒေသတွေကနေ အရည်အသွေးမြင့်သလို ဈေးနှုန်းလည်း မြင့်တဲ့ အကောင်းစားဝိုင်တွေ ထွက်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းသက်သာပြီး အရသာကောင်းတဲ့ Budget ဝိုင်တွေလည်း ရွေးချယ်စရာ အများကြီး ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝိုင်နီကောင်းကောင်းလည်း သောက်ချင်တယ် ၊ Budget တန်းထဲကလည်း ဖြစ်ရမယ် ဆိုသူတွေအတွက် ဈေးသက်သာတဲ့ ဒေါ်လာ ၂၀ အောက် အကောင်းဆုံး ဝိုင်နီ တွေကို ပြောပြပေးချင်ပါတယ်။

(၁) Cavit Cabernet Sauvignon


Photo : The Manual

အီတလီထုတ် Cavit ရဲ့ Cabernet Sauvignon ဝိုင်ကတော့ ချောမွေ့တဲ့ စွဲမတ်ဖွယ်အရသာနဲ့ ဝက်သစ်ချစည်ထဲမှာ တစ်နှစ်သက်တမ်း သိုလှောင်ထားတဲ့ အကောင်းစား ဝိုင်နီ တစ်မျိုးဖြစ်ပါတယ်။ အသား ၊ စွတ်ပြုတ်နဲ့ တခြားသော ဟင်းလျာတော်တော်များများနဲ့ တွဲဖက်တည်ခင်းလို့ လိုက်ဖက်ပါတယ်။ ဈေးနှုန်းကတော့ ၉ ဒေါ်လာ သာကျသင့်မှာ ဖြစ်ပါတယ်။

(၂) 19 Crimes The Banished Dark Red

Photo : The Manual

19 Crimes The Banished Dark Red ဝိုင်ကတော့ ဈေးသက်သာတဲ့ဝိုင်တွေထဲက အကောင်းဆုံး ရွေးချယ်စရာ ဝိုင်တစ်မျိုး ဖြစ်ပါတယ်။ ချောကလက် ၊ ဘလက်ဘယ်ရီ နဲ့ Vanilla ရနံ့တို့ ပေါင်းစပ်ပါဝင်ပြီး အလွှာတိုင်းမှာ ဟန်ချက်ညီတဲ့ ပျော့ပြောင်းပြေပျစ်တဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၀ ဒေါ်လာ ဝန်းကျင်ပဲ ရှိပါတယ်။

(၃) Château Jalousie Beaulieu Bordeaux Supérieur

Photo : The Manual

ဈေးသက်သာတဲ့ ပြင်သစ်ဝိုင်တွေထဲမှာတော့ Château Jalousie Beaulieu Bordeaux Supérieur ဝိုင်နီက နာမည်ကြီးပါတယ်။ ဈေးနှုန်းအားဖြင့် ၁၂ ဒေါ်လာ ဝန်းကျင်သာရှိပေမယ့် အရသာကတော့ မသူတူတဲ့ မြေသားရနံ့ ၊ Leathery Notes တို့ ပေါင်းစပ်ထားပြီး ပေါ့ပါးချောမွေ့တဲ့ အကောင်းစား ဝိုင်နီ ရဲ့ အထိအတွေ့ ခံစားမှုကို ပေးစွမ်းပါတယ်။

(၄) Meiomi Pinot Noir

Photo : The Manual

ချိုမြိန်တဲ့ သစ်သီးအရသာ ဝိုင်တွေကို နှစ်သက်တယ်ဆိုရင်တော့ Meiomi Pinot Noir ဝိုင်ကိုသာ ရွေးချယ်လိုက်ပါ။ စတော်ဘယ်ရီနဲ့ ချယ်ရီသီး ရနံ့တို့ ပေါင်းစပ်ပါဝင်ပြီး ဝိုင်နီ တစ်ငုံသောက်လိုက်တိုင်းမှာ ထူးကဲပြေပြစ်တဲ့ စွဲမက်ဖွယ် အနံ့အရသာကို ခံစားရမှာ ဖြစ်ပါတယ်။ Meiomi Pinot Noir ဝိုင်ကို အခန်းအပူချိန်မှာ သောက်နိုင်သလို အအေးခံပြီးလည်း သောက်လို့ရပါတယ်။ ဈေးနှုန်းကတော့ ၁၆ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၅) Teliani Valley Kindzmarauli

Photo : The Manual

ဂျော်ဂျီယာဝိုင်တွေကတော့ သဘာဝအတိုင်း ချိုမြိန်တဲ့ စွဲမက်ဖွယ်အရသာကြောင့် ဝိုင်ဈေးကွက်မှာ နေရာတစ်ခု အခိုင်အမာ ရထားပြီး ဖြစ်ပါတယ်။ ဒီထဲမှာ Teliani Valley Kindzmarauli ဝိုင်နီ ကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ Teliani Valley Kindzmarauli ရဲ့ ချိုမြမြ အရသာနဲ့ နူးညံ့ချောမွတ်တဲ့ အထိအတွေ့က ဝိုင်ချို ကြိုက်သူတိုင်း မငြင်းနိုင်လောက်တာ သေချာပါတယ်။ ဈေးနှုန်းကတော့ ၁၆ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

Featured Photo : Spirited Singapore