လူတော်တော်များများက ဝိုင်ကို နှစ်သက်ကြပြီး ဝိုင်နီကို ပွဲ အခမ်းအနားတွေ၊ အထိမ်းအမှတ်ပွဲတွေ မှာ တည့်ခင်းဧည့်ခံကြပါတယ်။ ဝိုင်နီကတော့ စပျစ်သီးမျိုးကွဲများမှ ပြုလုပ်ထားတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ကိုယ်တိုင်မြည်းစမ်းဖို့ ဖြစ်စေ၊ ပွဲအခမ်းအနားတွေမှာ တည့်ခင်းဧည့်ခံဖို့ ဖြစ်စေ၊ လက်ဆောင်ပေးဖို့ ဖြစ်စေ သင့်တော်တဲ့ ဒေါ်လာ ၅၀ အောက် အကောင်းဆုံးသော ထိပ်တန်း ဝိုင်နီ များကို ဖော်ပြပေးချင်ပါတယ်။
Austin Hope Cabernet Sauvignon

Photo : New Foundland
အယ်လ်ကိုဟော ပါဝင်နှုန်း ၁၅ ရာခိုင်နှုန်း ပါဝင်တဲ့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသက ထွက်ရှိတဲ့ Austin Hope Cabernet Sauvignon ဝိုင်နီဟာ ဒေါ်လာ ၅၀ အောက် ထိပ်တန်း ဝိုင်နီ တစ်ခုပါ။ ၎င်းက သိုးသားကင်၊ ဟမ်ဘာဂါ၊ နံရိုးကင်နဲ့ အိန္ဒိယအစားအစာ တို့နဲ့ လိုက်ဖက်ပါတယ်။ စျေးနှုန်းကတော့ ၄၉.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Meiomi Pinot Noir

Photo : Apple Jack Wine
ဒီဝိုင်နီကလည်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက ထွက်ရှိပြီး အယ်လ်ကိုဟော ၁၃.၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သောက်ရတာ ချောမွေ့ပြီး အဆုံးသတ်နားမှာတော့ အနည်းငယ် ခါးပါတယ်။ တရုတ်အစားအစာ၊ ဘဲကင်၊ အမဲသားကင် စသည်တို့နဲ့ လိုက်ဖက်ပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ ၁၉.၉၉ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတဲ့အတွက် တကယ်ကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဝိုင်နီကောင်းကောင်း တစ်ပုလင်းကို ရရှိမှာ ဖြစ်ပါတယ်။
Cartuxa Évora Colheita Tinto

Photo : Amazon
ဒီ ဝိုင်နီကတော့ ပေါ်တူဂီနိုင်ငံက ထွက်ရှိတဲ့ အကောင်းဆုံး ဒေါ်လာ ၅၀ အောက် ဝိုင်နီ ပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းကတော့ ၁၃.၅ ရာခိုင်နှုန်း ပါဝင်ပြီး သောက်ရတာလွယ်ကူတဲ့အပြင် အရသာလည်း ရှိပါတယ်။ သူနဲ့ လိုက်ဖက်တဲ့ အစားအစာတွေကတော့ ပေါ်တူဂီအသားကင်၊ ဘဲကင်၊ မှိုပါတေး နဲ့ အသားလုံးများပဲ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၂၇.၆၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။
Château d’Arsac Margaux

Photo : Co op
Château d’Arsac Margaux ဝိုင်နီကိုတော့ ပြင်သစ်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ သောက်ရတာလွယ်ကူပြီး တကယ်ကို ဟန်ချက်ညီတဲ့ အရသာကို ခံစားရစေပါတယ်။ သူ့မှာ အယ်လ်ကိုဟော ၁၃.၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အသားကင်များ၊ ကြက်ဆင်သားကင်၊ ပါစတာ တို့နဲ့ တွဲဖက်စားသုံးလျှင် အမှန်တကယ်ပင် လိုက်ဖက်ပါတယ်။ ဈေးနှုန်းကတော့ ၂၄.၃၃ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Penfolds Bin 28 Kalimna Shiraz

Photo : PumpJack Wines
အယ်လ်ကိုဟော ပါဝင်နှုန်း ၁၄.၅ ရာခိုင်နှုန်းရှိတဲ့ ဒီ ဝိုင်နီကိုတော့ သြစတြေးလျနိုင်ငံ၊ တောင်သြစတြေးလျ၊ Barossa တောင်ကြားမှာ ထုတ်လုပ်ပါတယ်။ အနည်းငယ် ပြင်းထန်တဲ့ အရသာကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ သဘောကျစေမှာပါ။ ၎င်းကို သိုးသား၊ ချိစ့်၊ ခရမ်းချဉ်သီးကို အခြေခံတဲ့ အီတလီဟင်းလျာများနဲ့ အထူးလိုက်ဖက်ပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၃၀ ခန့်ရှိပါတယ်။
Source : Wine Pros
Featured Photo : Hope Family Wines
