မက္ကဆီကိုရဲ့ အပူပိုင်း ကန္တာရက Blue Agave နာနတ်ကြီးပင်ကနေ ချက်လုပ်ထားတဲ့ တက်ကီလာဟာ အခုတော့ ကမ္ဘာအနှံ့မှာ ပရိသတ်ရှိတဲ့ ယမကာ ဖြစ်လာပါတယ်။ မက္ကဆီကိုအနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်က Tequila ဆိုတဲ့ မြို့က စတင်ခဲ့တဲ့ တက်ကီလာတွေဟာ မက္ကဆီကန်ရဲ့ အမှတ်အသားတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ တက်ကီလာတွေရဲ့ အရည်အသွေးကို မက္ကဆီကို တက်ကီလာ စည်းမျဉ်းထိန်းသိမ်းရေး ကောင်စီ (CRT) က အရည်အသွေး နဲ့ ကုန်အမှတ်တံဆိပ် စည်းကြပ်မှု လုပ်ပါတယ်။
တက်ကီလာတွေကလည်း အမျိုးအစား နဲ့ ထုတ်လုပ် သိုလှောင်မှုပေါ် လိုက်ပြီး ဈေးကွဲပြားကြပါတယ်။ တက်ကီလာတွေကို အမျိုးအစား ပြန်ခွဲလိုက်မယ်ဆိုရင် အခြေခံအားဖြင့် ၃ မျိုး ရှိပါတယ်။ သက်တမ်းနုတဲ့ Blanco ၊ ၂ လကနေ ၁ နှစ်အထိ ဝက်သစ်ချသားအဖြူ စည်ထဲမှာ သိမ်းထားတဲ့ Reposado နဲ့သက်တမ်း ပိုရင့်တဲ့ Añejo ဆိုတဲ့ တက်ကီလာ ၃ မျိုးကနေမှ Tequila Añejo (Extra Age- အနည်းဆုံး ၁ နှစ်သား) ၊ Tequila Añejo (ultra Aged- သုံးနှစ်နဲ့အထက်) စသည်ဖြင့် ကွဲသွားတာပါ။
အမျိုးအစားအရဆို Reposado , Anejo ၊ Extra Anejo တက်ကီလာတွေက Blanco တွေထက် စာရင် ဈေးနည်းနည်း ပိုမြောက်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်လာ ၅၀ အောက်တန် တက်ကီလာတွေထဲကလည်း အမျိုးအစားကောင်းတာတွေ ထွက်ထားတာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ Vinepair က ရွေးချယ်ပေးထားတဲ့ ဒေါ်လာ ၅၀ အောက် အကောင်းဆုံး တက်ကီလာတွေအကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။
(၇) Espanita Tequila Reposado

Photo : Vinepair
Reposado ထဲမှာ အနံ့အရသာ ထူးခြားကွဲပြားမှုကြောင့် လူကြိုက်များတဲ့ ထုတ်ကုန်တစ်ခုက Espanita Tequila Reposado ပါ။ လာဗင်ဒါနဲ့ ခရမ်းရောင်ရနံ့တွေ စွက်နေသလို လက်ဖက်စိမ်းနဲ့ သစ်ကြံ့ပိုးခေါက်တို့ရဲ့ အနံ့တွေပါလို့ အနံ့နဲ့တင် စိတ်ထဲမှာ ယစ်မူးချင်စရာ ဖြစ်သွားမှာပါ။ လတ်ဆတ်တဲ့ အပူပိုင်းဒေသထွက် သစ်သီးတစ်လုံးကို ဝက်သစ်ချသီးနဲ့ သိုလှောင်ထားသလိုမျိုး သစ်သီးနံ့သင်းပျံ့မှုကလည်း Espanita Tequila Reposado ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။ ဒီတက်ကီလာဟာ တစ်ပုလင်းကို ၃၂ ဒေါ်လာနဲ့ ရောင်းနေပြီး Vinepair က Rating Point ၉၃ မှတ် ပေးထားပါတယ်။
(၆) De-Nada Tequila Blanco

Photo : Vinepair
နာမည်ကြီး TV သတင်းတင်ဆက်သူ အန်ဒါဆင် ကူးပါး နဲ့ အန်ဒီ ကိုဟန်တို့ကြောင့် လူသိများလာတဲ့ Blanco တက်ကီလာပါ။ De-Nada Tequila Blanco ဟာ လတ်ဆတ်တဲ့ နာနတ်ရိုင်းပင်နံ့ နဲ့ မြက်ခင်းစိမ်းနံ့အပြင် သံလွင်သီးနဲ့ အချဉ်ဓါတ်ပါတဲ့ အနံ့မျိုး ကဲပါတယ်။ ပျမ်းမျှဈေးနှုန်း တစ်ပုလင်း ဒေါ်လာ ၄၀ ကျသင့်ပြီး Rating Point ၉၃ မှတ် ရထားပါတယ်။
(၅) Lalo Tequila Blanco

Photo : Vinepair
LALO ရဲ့ ဆွဲဆောင်မှုရှိတဲ့ ထုတ်ပိုးမှုပုံစံနဲ့ Minimalist ဆန်တဲ့ ဒီဇိုင်းသုံးထားတဲ့ တက်ကီလာပုလင်းဖြစ်ပါတယ်။ ဒေါ်လာ ၅၀ အောက်မှာ နာမည်အကြီးဆုံး တက်ကီလာပုလင်းတွေထဲ ပါဝင်ပါတယ်။ အနံ့အနေနဲ့ သစ်သီးနံ့ ၊ ပန်းရနံ့ နဲ့ လိမ္မော်ခွံ ၊ သံပရာခွံနံ့လိုမျိုး ရှုပ်ထွေးနက်နဲတဲ့ အနံ့လေး ဆောင်နေပါတယ်။ ပျမ်းမျှ တစ်ပုလင်း ၄၆ ဒေါ်လာ နှုန်းနဲ့ ရောင်းချနေပြီး Rating Point ၄၃ မှတ် ရှိပါတယ်။
(၄) La Gran Senora Tequila Blanco

Photo :
နောက်ထပ် ဆွဲဆောင်မှုရှိတဲ့ Blanco တက်ကီလာတစ်မျိုးကတော့ La Gran Senora ဖြစ်ပါတယ်။ ငရုတ်ကောင်းနံ့ ၊ သံပရာခွံနံ့နဲ့ မြေသင်းနံ့ပါ နာနတ်ကြီးပင်ရဲ့ ရနံ့တွေ ရောစွက်နေပါတယ်။ La Gran Senora Tequila Blanco ကို Tequila Cocktails လုပ်ဖို့ အများဆုံး သုံးကြပါတယ်။ ပျမ်းမျှ တစ်ပုလင်းဈေး ၄၈ ဒေါ်လာ ဖြစ်ပြီး Rating Point ၉၄ မှတ် ရထားပါတယ်။
(၃) Patron Silver

Photo : Vinepair
ထူးခြားတဲ့ ထုတ်ပိုးမှုအပြင် အရည်အသွေးစံအားဖြင့်လည်း မြင့်တဲ့ တက်ကီလာတစ်မျိုးက Patron Silver ဖြစ်ပါတယ်။ ပုလင်းထဲက အရသာတိုင်းက သောက်သုံးသူရဲ့ စိတ်ကျေနပ်မှုကို အသင့်ဖြည့်ဆည်းပေးထားသလို အနံ့အနေနဲ့လည်း ရှုပ်ထွေးသလောက် ဆွဲဆောင်မှုမြင့်တယ်လို့ နာမည်ကြီးပါတယ်။ Patron Silver တစ်ပုလင်းကို ပျမ်းမျှ ၄၈ ဒေါ်လာနဲ့ ရောင်းပြီး Rating ကတော့ ၉၅ မှတ် ရှိပါတယ်။
(၂) Tequila Ocho Plata

Photo : Vinepair
ဒီတက်ကီလာကတော့ နာနတ်ရိုင်းပင်ရဲ့ အနံ့အပြင် မြေသင်းနံ့ ၊ မြက်ခင်းစိမ်းနံ့ ၊ အနံ့စူးတဲ့ ပန်းရနံ့တွေ စွက်နေပါတယ်။ ကော့တ်တေးလ်လုပ်ရာမှာလည်း အသုံးများပါတယ်။ ပျမ်းမျှ တစ်ပုလင်းဈေးနှုန်းကလည်း ၄၆ ဒေါ်လာပဲ ရှိပြီး Rating Point အနေနဲ့ ၉၆ မှတ် ရထားပါတယ်။
(၁) El Tesoro Blanco

Photo : Vinepair
နာနတ်သီးနံ့ နဲ့ ငရုတ်ပွနံ့တို့အပြင် ပန်းနံ့နဲ့ သစ်သီးနံ့ စွက်နေတဲ့ El Tesoro Blanco တက်ကီလာဟာ တစ်ပုလင်းကို ပျမ်းမျှ ၄၆ ဒေါ်လာနှုန်း ကျသင့်ပြီး Rating Point အနေနဲ့ ၉၆ မှတ် ရှိပါတယ်။
Featured Photo : Thrillist
