ဆံပင်အလွန်အမင်း ကျွတ်ကာ ဆံပင်ပါးသွားခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဦးရေပြားပေါ်တွင် အနာပေါက်ခြင်း အစရှိသည်တို့သည် ဓာတုပစ္စည်း များ အလွန်အကျွံပါဝင်သော Shampoo များ အသုံးပြုခြင်းကြောင့် ခံစားရတဲ့ နောက်ဆက်တွဲဆိုးကျိုးများပဲ ဖြစ်ပါတယ်။

ထိုဘေးထွက်ဆိုးကျိုးများကြောင့် လူသားများသည် ဓာတုပစ္စည်း ပါဝင်မှုများပြားသော Shampoo များ အသုံးပြုခြင်းကို ရပ်တန့်ပစ်လိုက်ကြပြီး သဘာဝ အိမ်လုပ်ရှန်ပူများဖြင့်သာ အစားထိုး အသုံးပြုလာကြပါတယ်။ သဘာဝပစ္စည်းများနှင့် ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်များသည် ပြင်ဆင်ရ အချိန်ကုန်ရုံမှအပ ယခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိစေပါတယ်။

သင့်ရဲ့ဦးရေပြား ပိုမိုကျန်းမာလာခြင်း

man healthy hair

Photo: Coolmenshair

သင့်ဦးရေပြားသည် ဆံကေသာ ကျန်းမာနေစေဖို့အတွက် သဘာဝအဆီများကို ထုတ်လုပ်ပေးပြီး ဆံကေသာကို ရေဓာတ်ဖြည့်တင်းပေးရတာဖြစ်ပါတယ်။ ခေါင်းလျှော်ရည်များရဲ့ တာဝန်ကတော့ ဦးရေပြားပေါ်တွင် ဆီများ အပိုအလိုမရှိရအောင် ဖယ်ရှားရတာဖြစ်ပါတယ်။ တကယ်လို့သာ ခေါင်းလျှော်ရည်များကို လိုအပ်သည်ထက် ပိုကာ သုံးမိမယ်ဆိုရင်တော့ ဦးရေပြားက ခြောက်သွေ့သွားပြီး ဘာအဆီမျှ မရှိတော့ပါဘူး။ သင့်အနေနဲ့ ဓာတုပစ္စည်း များ ပါဝင်တဲ့ Shampoo အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး သဘာဝခေါင်းလျှော်ရည်ကိုသာ အသုံးပြုပေးမယ်ဆိုရင်တော့ ဦးရေပြားကို ပိုမိုကျန်းမာလာစေမှာဖြစ်ပါတယ်။

ဆံပင်အုံ ပိုမိုထူထဲလာခြင်း

man healthy hair

ဈေးကွက်ထဲမှာ သင့်ဆံကေသာကို ပိုမိုထူထဲလှပလာအောင် ကူညီပေးမယ်ဆိုပြီး ကြော်ငြာနေတဲ့ ခေါင်းလျှော်ရည်တွေက အများအပြားပါပဲ။ ထိုခေါင်းလျှော်ရည်တွေက သင့်ကို တကယ်ပဲ ဆံပင်အုံ ပိုမိုထူထဲလာစေတာလား။

တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်း ဘယ်အရာကိုမှ လွန်ကဲစွာ အသုံးမပြုသင့်ပါဘူး။ အထူးသဖြင့် ဓာတုပစ္စည်းများပါဝင်တဲ့ ခေါင်းလျှော်ရည်တွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုခေါင်းလျှော်ရည်တွေအစား သဘာဝခေါင်းလျှော်ရည်ကို အစားထိုးအသုံးပြုမယ်ဆိုရင်တော့ ဆံကေသာ ပိုမိုကျန်းလာလာပြီး ဆံပင်အုံပိုမိုထူထဲလာမှာဖြစ်ပါတယ်။

ဆံပင်စေးကပ်ကပ်ဖြစ်ပြီး အဆီပြန်ခြင်းမှ ကင်းဝေးခြင်း

ဓာတုပစ္စည်း Shampoo

Photo: Coolmenshair

သင် တစ်ခါခေါင်းလျှော်လိုက်တိုင်း သင့်ရဲ့ ဆံပင်မွှေးများကို ဖိအားသွားဖြစ်စေပါတယ်။ ဦးရေပြားပေါ်မှာ အဆီတွေ မရှိတော့တဲ့အတွက်ကြောင့် အဆီများများ ပိုထုတ်လုပ်ရအောင် ဆံပင်မွှေးညှင်းပေါက်များက ကြိုးပမ်းလှုံ့ဆော်ရပြီး ရလာဒ်အနေနဲ့ ဦးရေပြားက အဆီပိုထွက်လာကာ ဆံပင်စေးကပ်ကပ်ဖြစ်လာပါတော့တယ်။

ထိုအခြေအနေကို ကျော်လွှားချင်တယ်ဆိုရင်တော့ ဓာတုပစ္စည်းများ ပါဝင်တဲ့ ခေါင်းလျှော်ရည် အသုံးပြုခြင်းကို ရပ်တန့်လိုက်ပါ။ မရပ်နိုင်ပါက လျော့သုံးပေးရပါမယ်။

သဘာဝပစ္စည်းများနှင့် ရှန်ပူပြုလုပ်ခြင်း

ဓာတုပစ္စည်း Shampoo

သဘာဝပစ္စည်းများနှင့် ရှန်ပူပြုလုပ်ချင်သူများကတော့ အခုဖော်ပြပေးမယ့် ပန်းသီးရှာလကာရည်ခေါင်းလျှော်ရည်လေးကို ဖန်တီးအသုံးပြုနိုင်ပါတယ်။

လိုအပ်မယ့်ပစ္စည်းများကတော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းနှင့် ရေ ဖန်ခွက် ၂ ခွက်စာတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပေးလိုက်ရုံပါပဲ။

နောက်ထပ် သဘာဝခေါင်းလျှော်ရည်တစ်မျိုးလည်း ထပ်မံပြုလုပ်နိုင်ပါသေးတယ်။

လိုအပ်မယ့်ပစ္စည်းများကတော့ ရေ စားပွဲတင်ဇွန်း ၈ ဇွန်း၊ ဟင်းသီးဟင်းရွက်ကို အခြေခံကာ ထုတ်လုပ်ထားတဲ့ ဆပ်ပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း၊ Glycerine (သို့) ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မိမိကြိုက်နှစ်သက်ရာ Essential Oil တစ်မျိုးမျိုး (နှစ်စက်၊ သုံးစက်ခန့်) တို့ လိုအပ်ပါမယ်။

တကယ်လို့ သင့်ဦးရေပြားက အဆီပြန်တယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်ဆီကို မထည့်ပါနဲ့။

ပါဝင်ပစ္စည်းများအားလုံးကို ရောသမမွှေပစ်လိုက်ပါ။ ဒါဆိုရင်တော့ ဓာတုပစ္စည်းများမပါဝင်တဲ့ သဘာဝခေါင်းလျှော်ရည်တစ်မျိုးရရှိသွားပါပြီ။

Source : Brightside

Featured Image : Themanual