ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် ခရီးသွားတဲ့အခါ ကင်မရာတစ်လုံးသည်လည်း မပါမဖြစ်လိုအပ်တဲ့ အဖော်မွန်တစ်ခုပဲဖြစ်ပါတယ်။ ရှုခင်းလှလှလေးတွေကို မြင်တွေ့တဲ့အခါ ဓာတ်ပုံမရိုက်ရ မနေနိုင်တဲ့ ဓာတ်ပုံဝါသနာရှင် ကွီး တို့အတွက် သွားရောက်သင့်တဲ့ ကမ္ဘာပေါ်ရှိ အလှပဆုံးသော နေရာဒေသများ ရှိပါတယ်။

ထိုနေရာများသို့ သွားရောက်ကာ အမိုက်စား အလန်းစားဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။

ဂရိနိုင်ငံ

ဓာတ်ပုံဝါသနာရှင် ကွီး

Photo: Cosmopolitan

ဂရိနိုင်ငံရှိ Santorini နေရာသည် အလှပဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာရှင် ကွီး တို့အတွက် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုမျှော်ခင်းများကို ရိုက်ကူးနိုင်တဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ လှပသော ပင်လယ်ကမ်းခြေများ၊ ဖြူလွှလွှသဲသောင်ပြင်များပေါ်တွင် ပြေးလွှားဆော့ကစားကာ အနားယူအပန်းဖြေနိုင်သလို လှပတဲ့ အဆောက်အဦးများကို နောက်ခံထားပြီးလည်း ဓာတ်ပုံလှလှလေးများ ရိုက်ကူးနိုင်ပါတယ်။

တရုတ်နိုင်ငံ

ဓာတ်ပုံဝါသနာရှင် ကွီး

Source: Responsibletravel

ဒီနေရာလေးကတော့ တရုတ်နိုင်ငံရှိ Avatar တောင်တန်းတွေပဲဖြစ်ပါတယ်။ တရုတ်ကားတွေထဲမှာ ဒီလိုတောင်တန်းတွေရဲ့ အလှအပကို တွေ့ဖူးကြပါလိမ့်မယ်။ ဒီလိုအလှအပမျိုးကို ကိုယ့်မျက်စိနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ချင်တယ်ဆိုရင်တော့ ZhangJiaJie လို့ အမည်ရတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ အနောက်မြောက်ဘက်သို့ ခရီးထွက်သင့်ပါတယ်။ ဓာတ်ပုံဝါသနာရှင် ကွီး တို့အနေနဲ့ ဒီနေရာလေးကို ခရီးထွက်ချင်တယ်ဆိုရင်တော့ အောက်တိုဘာလမှာ ထွက်သင့်ပါတယ်။ ပိုမိုခမ်းနားလှပတဲ့ ဓာတ်ပုံများကို ရယူနိုင်လို့ပဲဖြစ်ပါတယ်။

Iceland နိုင်ငံ

ဓာတ်ပုံဝါသနာရှင် ကွီး

Source: Responsibletravel

ကြယ်ရောင်စုံလင်းလက်တောက်ပနေတဲ့ ညအလှနှင့် အော်ရိုရာ အလင်းတန်းများကို ဓာတ်ပုံရိုက်ကူးချင်တယ်ဆိုရင်တော့ Iceland သို့ သွားရောက်သင့်ပါတယ်။ ဒီလိုလှပတဲ့ အလင်းတန်းများကို ရိုက်ကူးဖို့ အကောင်းဆုံးအချိန်ကတော့ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၊ စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းမှာ ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေခဲပြင်များရဲ့ အလှအပကိုလည်း မှတ်တမ်းတင် ရိုက်ကူးနိုင်ပါသေးတယ်။

ပြင်သစ်နိုင်ငံ

ဓာတ်ပုံဝါသနာရှင် ကွီး

Photo: Fadeceilings

ပြင်သစ်နိုင်ငံလေးသည် ရိုမန့်တစ်ဆန်တဲ့ နိုင်ငံတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ အထူးသဖြင့် ပါရီမြို့မှာဆိုရင် ပြင်သစ်တို့ရဲ့ အထင်ကရ အီဖယ်မျှော်စင်ကြီးရှိပါတယ်။ ထိုမျှော်စင်နှင့်အတူ ဓာတ်ပုံရိုက်ကူနိုင်သလိုပဲ လှပတဲ့ ပြတိုက်ခြင်းများ၊ အထင်ကရ အဆောက်အဦးများလည်း အများအပြားရှိတာကြောင့် ဓာတ်ပုံဝါသနာရှင် ကွီး တို့အတွက် အကြိုက်တွေ့ကြမှာ အမှန်ပါပဲ။

ဆွစ်ဇာလန်နိုင်ငံ

ဆွစ်ဇာလန်နိုင်ငံ

Photo: Traveltriangle

သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုကို ပြောပါဆိုရင် ဆွစ်ဇာလန်နိုင်ငံကိုလည်း ချန်လှည့်ထားခဲ့လို့မရပါဘူး။ အေးချမ်းလှပပြီး အရိုင်းဆန်တဲ့ ရှုမျှော်ခင်းများနှင့် ပြည့်နှက်နေတဲ့အပြင် လေထုညစ်ညမ်းမှုလည်း နည်းပါးတဲ့အတွက်ကြောင့် ကမ္ဘာ့ နေချင်စရာအကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာလည်း လွန်မယ်မထင်ပါဘူး။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ

Photo: Mmtimes

ကျနော်တို့ရဲ့ မြန်မာနိုင်ငံသည်လည်း သဘာဝအလှတရားတွေနှင့် ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့အလှကိုတော့ မမှီပေမယ့် ဆွစ်ဇာလန်နီးပါးလောက် လှပတဲ့ မြို့ငယ်လေးများလည်း မြန်မာနိုင်ငံများ အများအပြားရှိပါတယ်။ ဥပမာ ဆိုရမယ်ဆိုရင်တော့ ဘားအံ၊ ကလော၊ အင်းလေး၊ ပုဂံ စတဲ့ နေရာများသည်လည်း သူ့ကိုယ်ပိုင်အလှနဲ့သူ လှပတင့်တယ်နေတာအမှန်ပါပဲ။ ယခုလို ရာသီဥတုမျိုးမှာ ဘားအံကို သွားလည်မယ်ဆိုရင်တော့ တိမ်တိုက်များ ဖုံးလွှမ်းနေတဲ့ တောင်တန်းတွေရဲ့ အလှအပ၊ ဘာကို လွမ်းလို့ လွမ်းမှန်းမသိဖြစ်သွားစေမယ့် မြို့ရှောင်လမ်းရဲ့ မှိုင်းပျပျ အလှအပတို့ကိုလည်း အမိအရ ဓာတ်ပုံရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

Featured Image: Webintravel