နည်းပညာ တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကောင်းကျိုးတွေ အများကြီး ရှိတာ ကွီးတို့လက်ခံ သိရှိပြီးသား ဖြစ်မှာပါ။ ခေတ်မှီနည်းပညာတွေက ကျွန်တော်တို့ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံကနေ အကျိုးပြုနေပါတယ်။ သို့သော်လည်း နည်းပညာကြောင့် ကောင်းကျိုးတွေပဲ ရရှိနေတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် လူနေမှုဘဝမှာ အပျက်သ‌ဘောဆောင်တဲ့ အကျိုးသက်‌ရောက်မှုတွေလည်း ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နည်းပညာရဲ့ အပျက် သဘောဆောင်သော သက်ရောက်မှုတွေ အများကြီးထဲကမှ လူငယ်တွေအပေါ် သက်ရောက်မှုတွေကို ဖော်ပြပေးချင်ပါတယ်။

ဆိုရှယ်မီဒီယာများကို စွဲလမ်းခြင်း

နည်းပညာရဲ့ အပျက်

Photo : Her Way

လူငယ်တော်တော်များများက Facebook၊ Instagram၊ Twitter အစရှိတဲ့ နည်းပညာများရဲ့ ဖွံ့ဖြိုးတိုးတတ်မှုရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာများကို အသုံးပြုမှုများပြားလာကြပြီး စွဲလန်းလာကြပါတယ်။ A University of Michigan ရဲ့ လေ့လာမှုတစ်ခုအရ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းက ပျော်ရွှင်မှုကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူငယ်တော်တော်များများ မပျော်ရွှင်ရခြင်း၊ စိတ်ဓာတ်ကျရခြင်း အကြောင်းရင်းမှာ အွန်လိုင်းမှ အစပြုသော မျှော်လင့်ချက်များနှင့် လက်တွေ့မကျသော နှိုင်းယှဉ်မှုများကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထို့အပြင် ဆွီဒင်နိုင်ငံ Gothenburg တက္ကသိုလ်မှ သုတေသနပြုချက်အရ လူငယ်များ ဆယ်ကျော်သက်များတွင် ဖုန်းအလွန်အကျွံသုံးခြင်းနှင့် စိတ်ကျရောဂါလက္ခဏာများကြား ဆက်စပ်မှုကို တွေ့ရှိခဲ့သည်။ ဒါ့အပြင် ပညာရေး၊ လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံရေးများမှာပါ ထိခိုက်လာပါတယ်။

Cyberbullying

နည်းပညာရဲ့ အပျက်

Photo : Mydoh

နည်းပညာရဲ့ လူသားများအပေါ် အပျက် သဘောဆောင်သော အကျိုးသက်ရောက်မှုများထဲက တစ်ခုမှာ Cyberbullying ပဲဖြစ်ပါတယ်။ Cyberbullying ကတော့ တစ်စုံတစ်ဦးကို ထိခိုက်ရန် သို့မဟုတ် အရှက်ရစေရန် ရည်ရွယ်သည့် မက်ဆေ့ချ်များ၊ ကော်မန့်များ၊ ပို့စ်တင်ရန် အင်တာနက်၊ ဆဲလ်ဖုန်းများ၊ အမျိုးစုံသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၊ နည်းပညာများကို အသုံးချပြီး ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒ့ါအပြင် မိမိတစ်ဦးတည်းနဲ့ ဆိုင်သော ကိုယ်ရေးကိုယ်တာများ၊ ဓာတ်ပုံများကို အွန်လိုင်းပေါ်မှာတင်ခံရပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတဲ့ Cyberbullying ရဲ့ သားကောင်းများလည်း ရှိခဲ့ပါတယ်။ Cyberbullying လုပ်ခံခဲ့ရသူများဟာ စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့အထိ ဆိုးရွှားတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော Pew Research လေ့လာမှုအရ ဆယ်ကျော်သက် ၃၂ ရာခိုင်နှုန်းခန့်က Cyberbullyingရဲ့ သားကောင်များဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်များ ပိုမိုရှားပါးလာခြင်း

technology

Photo : Amico Hoops

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ စီးပွားရေး၊ စက်ရုံ၊ အလုပ်ရုံများတွင် လူသားအလုပ်သမားများထက် ပိုမိုမြန်ဆန်တိကျသော အလိုအလျောက်စက်များ၊ စက်ရုပ်များကို အစားထိုး အသုံးပြုလာကြပါတယ်။ ဒီအချက်က ကမ္ဘာတစ်ဝှမ်းတွင် လူသားများအတွက် ဆိုးရွားသော အလုပ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ခေတ်မီနည်းပညာကို အသုံးပြုသည့် ကုမ္ပဏီများ များပြားလာသည်နှင့်အမျှ မကြာမီကာလအတွင်း အလုပ်အကိုင်များ ပိုမိုဆုံးရှုံးနိုင်ဖွယ်ရှိနေတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။ အထူးသဖြင့် ထုတ်လုပ်မှု၊ စက်ပစ္စည်းများ၊ မော်တော်ကားစသည်ဖြင့် အမျိုးမျိုးသော စက်မှုလုပ်ငန်းခွင်ရှိ လူများသည် မလုံခြုံသော အနာဂတ်ကို ရင်ဆိုင်နေရပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ နည်းပညာရဲ့ လူသားများအပေါ် အပျက် သဘောဆောင်သော အကျိုးသက်ရောက်မှုများ ထဲက အချို့ပဲ ဖြစ်ပါတယ်။ အချို့သော မကောင်းတဲ့ အကျိုးသက်‌ရောက်မှု များကို ကွီးတို့ကိုယ်တိုင် သတိထား‌ရှောင်ရှားလို့ ရတဲ့အတွက်‌ကြောင့် သတိမူမိစေရန် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Source : Tycoonstory, Dyopath

Featured Photo : Brain Tap